Thursday, March 20, 2025

မြန်မာ-ရုရှားနှစ်နိုင်ငံ ကာကွယ်ရေးပိုင်းဆိုင်ရာများနှင့် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ...

မြန်မာ-ရုရှားနှစ်နိုင်ငံ ကာကွယ်ရေးပိုင်းဆိုင်ရာများနှင့် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး H.E. Mr....

ပူတင်၊ ဇီလန်စကီတို့နှင့် ဖုန်းပြောဆိုမှုများ ‘အလွန်ကောင်းမွန်’...

အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က ရုရှားခေါင်းဆောင် ဗလာဒီမာ ပူတင်နှင့် ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီတို့နှင့် မကြာသေးမီက ဖုန်းပြောဆိုမှုများမှာ အလွန်ကောင်းမွန်သည်ဟုပြောကြားခဲ့သည်။ “ကျွန်တော်တို့...

ဝါးအလယ်ကျွန်း သဘာဝအခြေခံ အပန်းဖြေစခန်းသို့ လာရောက်လည်ပတ်သည့်...

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်း ခရိုင်အတွင်းရှိ ဝါးအလယ်ကျွန်း သဘာဝအခြေခံ အပန်းဖြေစခန်းသို့ ယခုနှစ်တွင် လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည် လျော့နည်းလာသော်လည်း ခရီးသွားဧည့်သည် လုံးဝပြတ်သွားခြင်းမျိုးမရှိကြောင်း သိရသည်။ ဝါးအလယ်ကျွန်း...

ဂါဇာကမ်းမြှောင်ဒေသအနီးရှိ နယ်နိမိတ်များကို အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံး...

ဂါဇာကမ်းမြှောင်ဒေသအနီးရှိ နယ်နိမိတ်များကို သဘာဝပတ်ဝန်းကျင် စူးစမ်းလေ့လာရန် အထူးပြုခရီးစဉ်အဖြစ် အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးကျော်ကျော်မင်းက အစ္စရေးအခြေစိုက် သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများနှင့် အတူ...
HomeNewsLocal Newsအိမ်နီးနားချင်းများ ရေချိုးနေသည်ကို ဗီဒီယိုချောင်းရိုက်ခဲ့သော...

အိမ်နီးနားချင်းများ ရေချိုးနေသည်ကို ဗီဒီယိုချောင်းရိုက်ခဲ့သော အမျိုးသား ထောင်ဒဏ်ချမှတ်ခံရ

အိမ်နီးနားချင်းများ ရေချိုးနေသည်ကို ဗီဒီယိုချောင်းရိုက်ခဲ့သော အမျိုးသား ထောင်ဒဏ်ချမှတ်ခံရ

စင်္ကာပူ၊ ဇွန် ၁၆ ရက်

စင်္ကာပူနိုင်ငံ၌ အိမ်နီးနားချင်း ၃ ဦး၏ ရေချိုးနေသည့် ဗီဒီယိုကို ခိုး၍ ရိုက်ကူးခဲ့သောအမျိုးသားတစ်ဦးအား ဇွန်လ ၁၆ ရက် ကြာသပတေးနေ့တွင် ၁၆ ပတ်ကြာ ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။ ထိုအမျိုးသမီး ၃ ဦးတွင် ၈ နှစ်အရွယ် မိန်းကလေးတစ်ဦးပါ ပါဝင်ခဲ့ကြောင်းသိရသည်။

အဆိုပါအမျိုးသားသည် ၎င်းအမျိုးသမီးတို့၏ကွန်ဒိုအခန်း လူသွားလမ်းဘက်မှ ချောင်းရိုက်ခဲ့ကြောင်း သိရသည်။

အသက် ၂၂ နှစ်အရွယ် တော့ခ်ကျီရှန်အား တစ်ပါးသူ၏ လိင်ပိုင်းဆိုင်ရာ ကိစ္စခိုးကြည့်မှုဖြင့် စွဲချက်နှစ်ခုတင်ခဲ့ရာ ပြစ်မှုထင်ရှားကြောင်း တွေ့ရှိခဲ့သည်။ အခြားစွဲချက် သုံးခုကိုလည်း စီရင်ချက်ချရန် ဆုံးဖြတ်နေကြောင်း သိရသည်။

ကျူးလွန်ခံခဲ့ရသူများဖြစ်သည့် အသက် ၈ နှစ်၊ ၂၆ နှစ် နှင့် ၄၃ နှစ်အရွယ် အမျိုးသမီးသုံးဦး၏ အမည်များကိုမူ စင်္ကာပူနိုင်ငံ၏ gag order သတင်းအချက်အလက်များကို အများပြည်သူသို့ ထုတ်ဖော်ခြင်းကိုတားမြစ်ထားသည့်ညွှန်ကြားချက်အရ ထုတ်​ဖော်ခြင်း မရှိခဲ့ချေ။

တော့ခ်သည် မတ်လ ၇ ရက် နေ့၌ အသက် ၂၆ အရွယ် အမျိုးသမီးတစ်ဦး ရေချိုးနေသည်ကို အိမ်သာပြတင်းပေါက်မှ လက်ကိုင်ဖုန်းဖြင့် ရိုက်ကူးနေစဉ် ၎င်းအမျိုးသမီးမှ သတိထားမိသွား၍ အဖေနှင့် အစ်ကိုအား အော်ဟစ် အကူအညီတောင်းခဲ့သည်။

ထို့နောက် အဆိုပါအမျိုးသမီး၏ အဖေနှင့် အစ်ကို ရောက်မလာမီ တော့ခ်သည် ရိုက်ကူးထားသည့် ဗီဒီယိုအား ချက်ချင်းဖျက်ပစ်ခဲ့သည်။
ယင်းအမျိုးသမီး၏ အဖေနှင့် အစ်ကို ရောက်လာချိန်တွင် တော့ခ်သည် လူနှစ်ဦး အမြန်ထွက်သွားသည်ကို မြင်လိုက်သည်ဟု ပြောဆိုကာ လိမ်ညာခဲ့ကြောင်း သိရသည်။

ရဲများ လာရောက်စစ်ဆေးချိန်မှ တော့ခ်သည် အမှန်အတိုင်း ဝန်ခံခဲ့သည်။

ရဲများသည် တော့ခ်၏ ဖုန်းအား သိမ်းဆည်းရမိခဲ့ပြီး ညစ်ညမ်းသော ဗီဒီယို ၁၄ ခုအား တွေ့ရှိခဲ့သည်။

၎င်းဖုန်း၌ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်တွင် ရှစ်နှစ်အရွယ် မိန်းကလေးတစ်ဦး ရေချိုးနေသည်ကို ရိုက်ကူးထားသည့် ဗီဒီယိုနှစ်ခုလည်း တွေ့ရှိခဲ့ကြောင်း သိရသည်။

Source: CNA

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ-ရုရှားနှစ်နိုင်ငံ ကာကွယ်ရေးပိုင်းဆိုင်ရာများနှင့် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ရန်ဆွေးနွေး

မြန်မာ-ရုရှားနှစ်နိုင်ငံ ကာကွယ်ရေးပိုင်းဆိုင်ရာများနှင့် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး H.E. Mr. Iskander Azizov တို့ဆွေးနွေးခဲ့ကြသည်။ နစက ဥက္ကဋ္ဌမှ ရုရှားနိုင်ငံသံအမတ်ကြီးအား ယနေ့ မတ် ၂၀ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး၏ ဧည့်ခန်းမဆောင်၌လက်ခံတွေ့ဆုံခဲ့သည်။ တွေ့ဆုံစဥ် မြန်မာ-ရုရှားနှစ်နိုင်ငံလွှတ်တော်များကြား ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေများနှင့် ရုရှားနိုင်ငံလွှတ်တော်များသို့ လေ့လာရေးအဖွဲ့များစေလွှတ်သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ကာကွယ်ရေးပိုင်းဆိုင်ရာများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာများနှင့် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများဆက်လက်တိုးမြှင့်သွားရေးနှင့် နှစ်နိုင်ငံကြားချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။ ထို့အတူ...

ပူတင်၊ ဇီလန်စကီတို့နှင့် ဖုန်းပြောဆိုမှုများ ‘အလွန်ကောင်းမွန်’ ဟု ထရမ့်ပြောကြား

အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က ရုရှားခေါင်းဆောင် ဗလာဒီမာ ပူတင်နှင့် ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီတို့နှင့် မကြာသေးမီက ဖုန်းပြောဆိုမှုများမှာ အလွန်ကောင်းမွန်သည်ဟုပြောကြားခဲ့သည်။ “ကျွန်တော်တို့ ဖုန်းပြောဆိုမှု နှစ်ကြိမ်စလုံးဟာ အလွန်ကောင်းမွန်ခဲ့ပြီး၊ သဘောတူညီမှုတစ်ခု ရရှိနိုင်မယ်လို့ ယုံကြည်ပါတယ်။ အဲဒီမှာ ဖြစ်ပွားနေတဲ့ သွေးထွက်သံယိုမှုတွေကို ရပ်တန့်နိုင်ဖို့ပါ။” ဟု ထရမ့်က Breitbart News နှင့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။ သူ၏ရည်မှန်းချက်မှာ “ဒီနိုင်ငံနှစ်ခုကို ပေါင်းစည်းပေးဖို့” ဖြစ်ပြီး ယူကရိန်းအား အမေရိကန်၏ ထောက်ပံ့မှု ကုန်ကျစရိတ်ကို လျှော့ချရန်ဖြစ်သည်ဟု ထရမ့်ကဆိုသည်။ “ကျွန်တော်...

ဝါးအလယ်ကျွန်း သဘာဝအခြေခံ အပန်းဖြေစခန်းသို့ လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည် လျော့နည်းလာ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်း ခရိုင်အတွင်းရှိ ဝါးအလယ်ကျွန်း သဘာဝအခြေခံ အပန်းဖြေစခန်းသို့ ယခုနှစ်တွင် လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည် လျော့နည်းလာသော်လည်း ခရီးသွားဧည့်သည် လုံးဝပြတ်သွားခြင်းမျိုးမရှိကြောင်း သိရသည်။ ဝါးအလယ်ကျွန်း သဘာဝအခြေခံ အပန်းဖြေစခန်းသည် ကုန်းနေရေနေ သယံဇာတကြွယ်ဝပြီး သဘာဝအလှများစွာမပျက်စီးဘဲ တည်ရှိမှုကြောင့် ပြည်တွင်းခရီးသွားများသာမက ပြည်ပခရီးသွားများပါ လာရောက်အပန်းဖြေလေ့လာကြသည့် ခရီးစဉ်ဒေသတစ်ခုဖြစ်သည်။ လန်ပိအဏ္ဏဝါ အမျိုးသားဥယျာဉ်အတွင်း ဧရိယာ (၁၀၀ ဒ သမ ၁၅) ဧက အကျယ်တွင် ဝါးအလယ်ကျွန်းအပန်းဖြေစခန်းကို ဖွင့်လှစ်ထားရှိပြီး ရုက္ခ၊ ဇီဝနှင့် အဏ္ဏဝါဆိုင်ရာသဘာဝ ကုန်းနေ/ ရေနေ တောရိုင်းတိရစ္ဆာန်များ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071