ASEAN Club Championship- Shopee Cup 2025/202 6 Qualifying Round ဒုတိယအကျော့ပွဲစဉ်အဖြစ် ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ယခုလ ဩဂုတ် (၁၅) ရက်တွင် ရှမ်းယူနိုက်တက် နှင့် လာအိုကလပ် Ezra FC အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
ဩဂုတ်လ (၉)ရက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ ပထမအကျော့ပွဲစဉ်မှာ Ezra FC အသင်းကို (၁)ဂိုး (၂) ဂိုးရလဒ်ဖြင့် ရှမ်းယူနိုက်တက်အသင်းက အနိုင်ရရှိထားတာဖြစ်ပြီး ရှမ်းယူနိုက်တက်အသင်းအနေဖြင့် နောက်တဆင့်တက်ရောက်ရန် အခြေနေကောင်းများပိုင်ဆိုင်ထားပြီဖြစ်သည်။
ယခုဒုတိယအကျော့ပွဲစဉ်သည် အိမ်ရှင်အဖြစ်လက်ခံယှဉ် ပြိုင်ရမည်ဖြစ်သည့်အတွက် ရှမ်းယူနိုက်တက်ပရိသတ်များ၏အင်အားကိုပြသနိုင်ရန်လိုအပ်ကြောင်းနှင့် ရှမ်းယူနိုက်တက်အတွက် နောက်တဆင့်တက်ရန် အရေးပါသည့် ပွဲစဉ်ဖြစ်ခြင်းကြောင့် သုဝဏ္ဏကွင်းသို့လာရောက်အားပေးရန်အသင်းက ဖိတ်ခေါ်ထားသည်။
ရှမ်ယူနိုက်တက်အသင်းတွင် နိုင်ငံခြားသားကစားသမား (၆) ဦးအထိရှိနေရာ ပွဲစဉ်အတွက် မည်သည့်ကစားသမားကိုပွဲထုတ်မည်ဆိုခြင်းကိုမူ အသင်းကအသိပေးထားခြင်းမရှိသေးပေ။
