Thursday, December 18, 2025

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ...

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း...

လယ်ယာလုပ်ငန်းဝန်ဆောင်မှုလုပ်နေသော ကုမ္ပဏီတစ်ခု စတော့ဈေးကွက်သို့ စတင်ဝင်ရောက်လာ

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် ရှယ်ယာတင်ရောင်းနေသော ကုမ္ပဏီ(၇)ခုခန့်ရှိရာတွင် စွမ်းအင်၊ ဘဏ်၊ ကုန်စည်ပို့​ဆောင်​ရေး၊ နည်းပညာ ကုမ္ပဏီကြီးများ ပါဝင်ပြီး လယ်ယာနှင့် ပတ်သက်သည့် ကုမ္ပဏီက ယနေ့တွင်...
HomeCelebrities' Newsအိမ်ထောင်ပြုဖို့ စဉ်းစားတော့မှာလား ၀တ်မှုန်ရွှေရည်

အိမ်ထောင်ပြုဖို့ စဉ်းစားတော့မှာလား ၀တ်မှုန်ရွှေရည်

ဝတ်မှုံရွှေရည်က ဒီနှစ်ထဲမှာ အသက် ၂၉နှစ်ပြည့် သွားပြီလည်းဖြစ်ပါတယ်။ဒါ့ကြောင့် အိမ်ထောင် ပြုဖို့ မစဉ်းစား သေးဘူးလားလို့ မေးကြည့်တော့ ………………

“အိမ်ထောင်ပြုဖို့က ကစ်ကို ခဏခဏ စကြတယ်။ အချိန်တန်ရင် ပြုမှာပေါ့။ အဲဒီလိုကြီးတော့ မစဉ်းစားသေးဘူး။ အလုပ်ပဲ လုပ်ချင်သေးတယ်။ ပရိသတ်တွေကလည်း မယူစေချင်သေးဘူး ထင်တယ်။ တစ်ချိန်လုံး ယူမှာကြောက်နေကြတယ်။ ဘယ် တော့လောက်မှ ယူမယ်ဆိုတာမျိုး Plan ချထားတာမရှိပါဘူး။ အချိန် တန်ရင်တော့ ဖြစ်လာမှာပေါ့။ ချစ်သူဆိုတာကလည်းပြောဖို့က စောပါသေးတယ်။ ပြောလိုက်လို့ရှိရင်လည်း ဘယ်အရာမှ မမြဲဘူးလေ။ Public မှာ ကိုယ်က ပြောလိုက်ပြီးတော့ အဆင်မပြေလို့ တစ်ခုခုဖြစ်သွားမယ် ဆိုတာလည်း ရှိတယ်လေ။ ပြောဖို့က စောသေးတယ်ပြောရမှာပေါ့ လေ”လို့ သူကဖြေသွားခဲ့ပါတယ်။

 ငယ်ငယ်လေးကတည်းက ပျားတုတ်မခံရခဲ့ဖူးတဲ့  ဝတ်မှုံရွှေရည်က ဂျပန်နိုင်ငံမှာ ‘ဇာတိမြေ’ ရုပ်ရှင်ဇာတ်ကား သွားရောက်ရိုက်ကူးတုန်းက ပျားတုတ်ခံခဲ့ရတာကတော့ သူ့အတွက် အမှတ်တရတစ်ခုပါပဲလို့ ပြောပါတယ်။ တွဲဖက်သရုပ်ဆောင်တဲ့ မိုရီဆာကီ ဝင်း နဲ့ပတ်သက် ပြီးလည်း  “သူက အလုပ်လုပ်လို့ ကောင်းတယ်။ သဘောကောင်းတယ်။  သရုပ် ဆောင် တာလည်း မကြောင်ဘူး။ ဇာတ်ကားတွေလည်း အများကြီးရိုက်ကူးခဲ့ဖူးတာ မဟုတ်ဘူးလေ။ သူသရုပ်ဆောင်တာ သဘာဝကျပါတယ်” လို့ သူကပြောပါတယ်။

ဝတ်မှုံရွှေရည်က လတ်တလောမှာHearty Heart ကြော်ငြာကို ရိုက်ကူးနေပြီး ဒီကြော်ငြာမှာ သူ့ရဲ့ ညီမဖြစ်သူ နဒီရွှေရည် လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဂျပန်နိုင်ငံမှာ သွားရောက် ပြီးတော့ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးတဲ့အခါ ဂျပန်လူမျိုးတွေနဲ့ အတူတွဲ အလုပ်လုပ်ရာမှ အတုယူစရာများ ရရှိခဲ့ပုံအကြောင်း ဝတ်မှုံရွှေရည်က  “ဂျပန်လူမျိုးတွေက တအား အလုပ်လုပ်တာ။ အလုပ်မှအလုပ်ပဲ။ ရှုတင်မှာသူတို့ရယ်တာ တစ်ခါမှမ တွေ့ရဘူး။ သူတို့က တော်တော်တော့တိကျ တယ်။ သူတို့ဆီက ကောင်းတာတွေ ရတယ်။အတု ယူစရာရှိတာတွေ လည်း ယူဖြစ်တာပေါ့။ ကစ် အတွက် ဂျပန်စကားက ခက်တယ်လို့ ခံစားရ ပါတယ်” လို့ ပြောပါတယ်။

  ခိုင်ဝေလွင်

ဓာတ်ပုံ- မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071