Tuesday, May 13, 2025

၂၀၂၃ ခုနှစ်အတွက် သုတစွယ်စုံတစ်သက်တာစာပေဆုကို ဆရာကြီးဒေါက်တာခင်မောင်ညိုရရှိ

စွယ်စုံမီဒီယာဂရု(ပ်)၏ သုတစွယ်စုံစာအုပ်တိုက်မှချီးမြှင့်မည့် (၁၅)ကြိမ်မြောက် သုတစွယ်စုံစာပေဆုဖြစ်သည့် ၂၀၂၃ ခုနှစ်အတွက် သုတစွယ်စုံတစ်သက်တာစာပေဆုကို ဆရာကြီးဒေါက်တာခင်မောင်ညို ရရှိခဲ့သည်။ သုတစွယ်စုံစာပေဆုများအဖြစ် ၂၀၁၈ ခုနှစ်အတွက် ရည်ညွှန်းစာပေဘာသာရပ်တွင် နိုင်ဇော်...

စွန့်လွှတ်နှလုံးသားဖောင်ဒေးရှင်းမှ နေပြည်တော်ရှိ မြို့နယ်(၃)ခုမှ ငလျင်ဒဏ်သင့်...

နေပြည်တော်ရှိ ပျဉ်းမနား၊ လယ်ဝေးနှင့် တပ်ကုန်းမြို့နယ်တို့မှ မန္တလေးငလျင်ကြီးဒဏ်သင့် အိမ်ထောင်စု(၉၅၀)အတွက် ထောက်ပံ့ငွေကျပ် (၃၄၂၀)သိန်းကို စွန့်လွှတ်နှလုံးသားဖောင်ဒေးရှင်းမှ ယနေ့ မေ ၁၂ ရက်နေ့လည်ပိုင်းက...

လက်နက်ကိုင်အဖွဲ့များအနေဖြင့် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကိုရှေးရှုကာ တိုင်းပြည်တည်ဆောက်ရေးတွင်...

လက်နက်ကိုင်အဖွဲ့အစည်း အသီးသီအနေဖြင့် အပစ်အခတ် ရပ်စဲရေးမှသည် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကို ရှေးရှုကာ တိုင်းပြည်ပြန်လည်တည်ဆောက်ရေးတွင် ပါဝင်ဆောင်ရွက်ကြရန် ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က တိုက်တွန်းပြောကြားသည်။ ယမန်နေ့...

လားရှိုးတွင် စက်သုံးဆီ တစ်လီတာ (၄,၅၀၀)...

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ယမန်‌နေ့မေ (၁၁) ရက်မှ စတင်၍ စက်သုံးဆီ တစ်လီတာလျှင် ကျပ် (၄,၅၀၀) နှုန်းဖြင့် ဆိုင်ကယ်တစ်စီးလျှင် (၂)...
HomeCelebrities' NewsCelebrities’ Relationshipအိမ်ထောင်သည်ဘဝအနှစ်သာရ

အိမ်ထောင်သည်ဘဝအနှစ်သာရ

[spb_text_block animation=”none” animation_delay=”0″ simplified_controls=”yes” custom_css_percentage=”no” padding_vertical=”0″ padding_horizontal=”0″ margin_vertical=”0″ custom_css=”margin-top: 0px;margin-bottom: 0px;” border_size=”0″ border_styling_global=”default” width=”1/1″ el_position=”first last”]

တစ်ဦးအပေါ်တစ်ဦး မေတ္တာသက်၊ သစ္စာဖက်ကာ နားလည်မှုကိုယ်စီထားလို့ ငြိမ်းချမ်းပျော်ရွှင်ဖွယ် မိသားစု အိမ်ကလေး ပုံဖော်ဖန်တီးနေကြတာ အိမ်ထောင်သည်ဘဝပါပဲ။ အိမ်ထောင်ဦးစီးဖြစ်သူ လင်ယောက်ျားနဲ့ အိမ်ထောင့်တာဝန် ယူရသူဇနီးတို့ဟာ မိမိတို့ လူမှုဘဝအောင်မြင်ရေး အတွက် သားသမီးများပြုစုပျိုးထောင်ရေးရော အိမ်မှုကိစ္စ၊ လူမှုရေးကိစ္စတို့ကိုပါ ကိုယ်စီ စွမ်းဆောင်ကြရပေမယ့်လည်း ငြိမ်းချမ်းပျော်ရွှင်စရာ ကောင်းဖွယ် မိသားစုအိမ်ကလေး တည်ကြစေဖို့ အဓိကကျတဲ့ ချစ်ခြင်းမေတ္တာတရားနဲ့ အပြန်အလှန်နားလည်မှုတွေ ထားကြရပါတယ်။ ဒါကြောင့် အိမ်ထောင်သည် အနုပညာ ရှင်တို့ရဲ့ နှစ်ကိုယ်တူဘဝတစ်ခု မိသားစုတစ်ခု ကို ချစ်ခြင်းမေတ္တာနားလည်မှုရှိစွာ တည်ဆောက် ခဲ့ကြပုံစကားသံတွေစုစည်း ဖော်ပြလိုက်ပါတယ်။

[/spb_text_block] [spb_text_block animation=”none” animation_delay=”0″ simplified_controls=”yes” custom_css_percentage=”no” padding_vertical=”0″ padding_horizontal=”0″ margin_vertical=”0″ custom_css=”margin-top: 0px;margin-bottom: 0px;background-color:#ececec;” border_size=”0″ border_styling_global=”default” back_color_global=”#ececec” width=”1/1″ el_position=”first last”]

ထွန်းအိန္ဒြာဗို

ကျွန်မတို့အိမ်ထောင်သက်နှစ် ၂ဝ ပြည့်ပါတော့မယ်။ သူကသည်းခံတဲ့အတွက် အရာရာ အဆင်ပြေပါတယ်။ မိသားစုဆိုတဲ့ သဘောမျိုးကလည်း ဘဝတစ်လျှောက် ဒီလူနဲ့ဒီလူ အတူတူသွားကြမယ်။ တစ်ယောက်နဲ့တစ်ယောက် ပေါင်းဖက်ပြီးရလာတဲ့ သားသမီးတွေနဲ့ ဘယ်လိုထိန်း ကျာင်းပြီးသွားမယ်ဆိုတဲ့ အိုင်ဒီယာကျတော့ တခြားသူငယ်ချင်းတွေ အပေါ်မှာထားတဲ့ အိုင်ဒီယာနဲ့တော့ မတူဘူးပေါ့နော်။ တစ်ယောက်နဲ့တစ်ယောက် ပေါင်းဖက်ကြတယ်ဆိုတာ နှစ်ဖက်စလုံးရဲ့ အရည်အချင်း လိုအပ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နားလည်မှုတွေနဲ့ပဲ ရှေ့ဆက်ရမှာပါ။

[/spb_text_block] [spb_text_block animation=”none” animation_delay=”0″ simplified_controls=”yes” custom_css_percentage=”no” padding_vertical=”0″ padding_horizontal=”0″ margin_vertical=”0″ custom_css=”margin-top: 0px;margin-bottom: 0px;” border_size=”0″ border_styling_global=”default” width=”1/1″ el_position=”first last”]

မယ်လိုဒီ

သူနဲ့မျိုးက တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်နားလည်မှုတွေရှိကြတယ်။ ယုံကြည်မှုတွေရှိကြတယ်။ အဲဒီအတွက် အဆင်ပြေတယ်။ ယောက်ျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် ကိုယ့်ကို နားလည်တယ်။ ကိုယ့်ကိုသည်းခံတယ်ဆိုရင် ပိုတိုးပြီးချစ်လာတယ်။ လေးစားမှုတွေ ဖြစ်လာတယ်။ ချစ်တာကတော့ တိုးတာလျော့တာ မရှိတတ်ဘူးလားလို့လေ။ သံယောဇဉ်လည်း ပိုရှိလာတယ်။ ပိုလည်းနားလည်လာတယ်။ မျိုးကကျတော့ တအားအားကိုးတတ်တယ်။ အားကိုးတတ်တဲ့ အချိန်ကျတော့ တချို့စာရိုက်တဲ့ သေးသေးလေးတွေတောင်မှ ခါတိုင်းဆို ကိုယ့်ဘာသာအားစိုက်ပေမယ့် နောက်ပိုင်းသူကလည်း ကိုယ့်ကိုအနွံအတာခံတယ်။ အဲဒီအတွက်လည်း အေးချမ်းတယ်။

[/spb_text_block] [spb_text_block animation=”none” animation_delay=”0″ simplified_controls=”yes” custom_css_percentage=”no” padding_vertical=”0″ padding_horizontal=”0″ margin_vertical=”0″ custom_css=”margin-top: 0px;margin-bottom: 0px;background-color:#ececec;” border_size=”0″ border_styling_global=”default” back_color_global=”#ececec” width=”1/1″ el_position=”first last”]

တင်မောင် ဆန်းမင်းဝင်း

ကျွန်တော့်အမျိုးသမီးရဲ့ ပံ့ပိုးမှုတွေလည်း အများကြီးပါပါတယ်။ အဲဒီအတွက်လည်း ပီတိဖြစ်မိတယ်။ သြော် ငါ့အတွက်လုပ်ပေးနေတာပါ လားဆိုတဲ့ အရသာလေးကိုရသွားတယ်။ အိမ်ထောင်ရေးတစ်ခုကို ကိုယ်လည်းမကွဲချင်သလို သူလည်းမကွဲချင်ဘူး။ ဘယ်အိမ်ထောင်ရေးမှ ကွဲချင်ကြမှာ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ အဓိကလူကပရိသတ်ဆိုတာ သူသိသွားတဲ့အခါကျတော့ အဆင်ပြေသွားပါတယ်။ သူကျွန်တော့်ကို နားလည်သွားပါတယ်။ ကျွန်တော်တို့နှစ်ယောက် ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ပါပဲ။ သူနဲ့ကျွန်တော်နဲ့မတည့်ရင်နေပါစေ ဒီအိမ်ထောင်ရေးက အဆင်ပြေတယ်။

[/spb_text_block] [spb_text_block animation=”none” animation_delay=”0″ simplified_controls=”yes” custom_css_percentage=”no” padding_vertical=”0″ padding_horizontal=”0″ margin_vertical=”0″ custom_css=”margin-top: 0px;margin-bottom: 0px;” border_size=”0″ border_styling_global=”default” width=”1/1″ el_position=”first last”]

Rဇာနည်

ကျွန်တော်တို့ မိသားစုတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနေရတော့ သဘောကျတယ်။ ကြည်နူးမိတယ်။ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေနဲ့ပဲ ရှေ့ဆက်တယ်။ ဝမ်းဆိုကျွန်တော့်ကို တော်တော်နားလည်ပေးတယ်။ အဲဒီအတွက်လည်း ကျေးဇူးတင်ပါတယ်။ အိမ်ထောင် တစ်ခုတည်မြဲဖို့ နားလည်မှုက အဲဓိကပါ။ နားလည်မှုတွေရှိမှ ရှေ့ဆက်ရမယ့်လမ်းတွေ အဆင်ပြေချောမွေ့မှာပါ။ အဲဒီအတွက်လည်း အမြဲတမ်း လင်မယားနှစ်ယောက် တိုင်တိုင်ပင်ပင်နဲ့ ရှေ့ဆက်နေတယ်။ ပျော်ရွှင်တဲ့ မိသားစုကို ပိုင်ဆိုင်ထားပါတယ်။

[/spb_text_block]

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071