Thursday, May 7, 2026

အလေးချိန်(၁၁,၀၀၀ ကရက်)ရှိ တန်ဖိုးကြီးမားသော မိုးကုတ်ရတနာမြေမှရှာဖွေတွေ့ရှိသည့်...

မန္တလေးတိုင်း၊ မိုးကုတ်ရတနာမြေမှထူးခြားလှပပြီး အရွယ်အစားကြီးမားသည့် အလေးချိန်(၁၁,၀၀၀ က ရက်)ရှိ တန်ဖိုးကြီးမားသော ပတ္တမြားတစ်ပွင့်ကိုရှာဖွေတွေ့ရှိခဲ့ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၇...

မြောက်ဥက္ကလာရှိ ဗေဒင်ဆရာနေအိမ် ဓားပြတိုက်မှု ကျူးလွန်သူ...

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမြို့နယ် ၊ ၂ ရပ်ကွက် ၊ သုဇိတာ ၇ လမ်းတွင်ရှိသည့်ဗေဒင်ဆရာနေအိမ်ကို ဓားမြတိုက်သည့် ကျူးလွန်သူ ၃ ဦးကို...

မြန်မာ့ရေထွက်ကုန် ၄၂ နိုင်ငံသို့ တင်ပို့နေပြီး...

မြန်မာနိုင်ငံအနေဖြင့် ရေထွက်ကုန်ပစ္စည်းများကို ပြည်ပနိုင်ငံပေါင်း ၄၂ နိုင်ငံသို့ တင်ပို့လျက်ရှိပြီး တင်ပို့မှုအတွင်း ရေငန်ထွက်ကုန် ၇၀ ရာခိုင်နှုန်းနှင့် ရေချိုထွက်ကုန် ၃၀ ရာခိုင်နှုန်း...

Youth Camp အုပ်ချုပ်သူနှင့် နည်းပြများ...

နေပြည်တော်ရှိ လူငယ်အားကစားလေ့ ကျင့်ရေးစခန်း (You th Camp)ရှိ အုပ်ချုပ်သူနှင့် နည်းပြများအနေဖြင့် လူငယ်ကစားသမားများ အတုယူထိုက်သည့် စံပြပုဂ္ဂိုလ်များဖြစ်အောင် နေထိုင်ကြရန် အားကစားနှင့်ကာယပညာဦးစီးဌာန...
HomeInternationalအိန္ဒိယ-ဗီယက်နမ် ဆက်ဆံရေး အဆင့်မြှင့်တင်

အိန္ဒိယ-ဗီယက်နမ် ဆက်ဆံရေး အဆင့်မြှင့်တင်

နူးဒေလီ၊ မေ ၆ ရက်

ဗီယက်နမ်သမ္မတ တိုလမ်၏ အိန္ဒိယနိုင်ငံ ခရီးစဉ်အတွင်း အိန္ဒိယနှင့် ဗီယက်နမ်နိုင်ငံတို့သည် ၎င်းတို့၏ နှစ်နိုင်ငံဆက်ဆံရေးကို “ပိုမိုအားကောင်းသော ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး”အဆင့်သို့ ဗုဒ္ဓဟူးနေ့တွင် တိုးမြှင့်လိုက်ကြောင်း သိရသည်။ ယင်းနှင့်အတူ မြေရှားသတ္တုများ၊ ဆေးဝါးလုပ်ငန်းနှင့် ဒစ်ဂျစ်တယ်ငွေပေးချေမှုဆိုင်ရာ သဘောတူညီချက်များကို ချုပ်ဆိုခဲ့ကြပြီး ၂၀၃၀ ပြည့်နှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှု ပမာဏကို ဒေါ်လာ ၂၅ ဘီလျံအထိ ရောက်ရှိရန် ရည်မှန်းချက် ချမှတ်ခဲ့ကြသည်။

ဗီယက်နမ်၏ ဆယ်စုနှစ်များစွာအတွင်း အာဏာအရှိဆုံး ခေါင်းဆောင်အဖြစ် ရပ်တည်လာသည့် သမ္မတ တိုလမ်သည် ရာထူးရယူပြီး တစ်လအတွင်းမှာပင် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သကဲ့သို့ ဟနွိုင်မြို့တွင် တောင်ကိုရီးယားသမ္မတနှင့် ဂျပန်ဝန်ကြီးချုပ်တို့ကိုလည်း လက်ခံတွေ့ဆုံခဲ့ပြီးဖြစ်သည်။ ယခု အိန္ဒိယခရီးစဉ်သည် အီရန်စစ်ပွဲနှင့် ဝါရှင်တန်၏ ကုန်သွယ်ရေးမူဝါဒများကြောင့် ကမ္ဘာလုံးဆိုင်ရာ မရေရာမှုများ ဖြစ်ပေါ်နေချိန်တွင် အင်ဒို-ပစိဖိတ်ဒေသအတွင်း အင်အားကြီးနိုင်ငံများအကြား ဟန်ချက်ညီညီ ဆက်ဆံတတ်သည့် ဟနွိုင်၏ သံတမန်ရေးဗျူဟာကို ထင်ဟပ်စေသည်။
ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီက ဗီယက်နမ်သည် အိန္ဒိယ၏ “အရှေ့မျှော်မူဝါဒ” နှင့် “Vision Mahasagar” တို့၏ အဓိကမဏ္ဍိုင်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။ နှစ်နိုင်ငံစလုံးသည် အင်ဒို-ပစိဖိတ်ဒေသတွင် တူညီသောအမြင်ရှိကြပြီး တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့အတွက် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ဆိုသည်။

အထူးသဖြင့် ကာကွယ်ရေးကဏ္ဍတွင် အိန္ဒိယ၏ BrahMos အသံထက်မြန်သော ခရုစ်ဒုံးကျည်များကို ဗီယက်နမ်သို့ ရောင်းချနိုင်ခြေမှာ လူအများစိတ်ဝင်စားမှု အခံရဆုံးဖြစ်သော်လည်း ယခုခရီးစဉ်တွင် တရားဝင်ကြေညာချက် ထွက်ပေါ်လာခြင်းမရှိသေးဘဲ ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။ သို့သော်လည်း ဗီယက်နမ်၏ ရုရှားလုပ် Sukhoi-30 တိုက်လေယာဉ်များနှင့် Kilo-class ရေငုပ်သင်္ဘောများကို ပြုပြင်ထိန်းသိမ်းရေး (MRO) လုပ်ဆောင်ပေးရန် အိန္ဒိယဘက်က ကမ်းလှမ်းခဲ့သည်။
ထို့ပြင် နှစ်နိုင်ငံအကြား မြေရှားသတ္တုများ တူးဖော်ရေးနှင့် ပြုပြင်ထုတ်လုပ်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ကိုလည်း လက်မှတ်ရေးထိုးခဲ့ကြသည်။ ဆေးဝါးကဏ္ဍတွင်လည်း အိန္ဒိယကုမ္ပဏီများအနေဖြင့် ဗီယက်နမ်အစိုးရ၏ ဆေးဝါးဝယ်ယူရေးတင်ဒါများတွင် ၂၀၂၇ ခုနှစ်မှစတင်၍ ပါဝင်နိုင်ရန် လမ်းစဖွင့်ပေးခဲ့သည်။

သမ္မတ တိုလမ်က ၎င်း၏မိန့်ခွန်းတွင် အိန္ဒိယနှင့် ဗီယက်နမ်တို့သည် မဟာဗျူဟာမြောက် ကိုယ့်အားကိုယ်ကိုးနိုင်မှုနှင့် မိတ်ဖက်နိုင်ငံများအား ဘက်စုံတိုးချဲ့မှုအပေါ် အခြေခံသည့် “မိတ်ဖက်များ” ဖြစ်လာကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ဗီယက်နမ်သည် ၂၀၂၃ ပြည့်နှစ်မှစတင်၍ ဂျပန်၊ ဩစတြေးလျ၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် စင်ကာပူ အပါအဝင် နိုင်ငံအများအပြားနှင့် ထိပ်တန်းအဆင့် မိတ်ဖက်ဆက်ဆံရေးများအထိ အဆင့်မြှင့်တင်ထားပြီးဖြစ်ကာ ယခု အိန္ဒိယနှင့် ဆက်ဆံရေးမှာလည်း အဆိုပါပုံစံအတိုင်းပင် ဖြစ်သည်။

Ref: သယ်ဝိုင်ယာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အလေးချိန်(၁၁,၀၀၀ ကရက်)ရှိ တန်ဖိုးကြီးမားသော မိုးကုတ်ရတနာမြေမှရှာဖွေတွေ့ရှိသည့် ပတ္တမြားကြီးကို နိုင်ငံတော်သမ္မတကြည့်ရှု

မန္တလေးတိုင်း၊ မိုးကုတ်ရတနာမြေမှထူးခြားလှပပြီး အရွယ်အစားကြီးမားသည့် အလေးချိန်(၁၁,၀၀၀ က ရက်)ရှိ တန်ဖိုးကြီးမားသော ပတ္တမြားတစ်ပွင့်ကိုရှာဖွေတွေ့ရှိခဲ့ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၇ ရက်တွင် နိုင်ငံတော်သမ္မတရုံးတော်၊ ဧည့်ခန်းမဆောင်၌ကြည့်ရှုခဲ့သည်။ ယင်း ပတ္တမြားကြီး၏အချက်အလက်များကို နိုင်ငံ တော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီးနှင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးတို့ကရှင်းလင်းတင်ပြခဲ့ကြသည်။ ယခုရှာဖွေတွေ့ရှိခဲ့သော ပတ္တမြားသည် အလေးချိန် ၂,၂၀၀ ဂရမ်(၁၁,၀၀၀ ကရက်)ရှိကာ အရွယ်အစားကြီးမားသဖြင့်ရှာဖွေတွေ့ရှိရန်ခက်ခဲပြီးရှားပါးကာ ပတ္တမြားကြီးသည် ခရမ်းရောင်သမ်းသော အနီရောင်တွင် အဝါရိပ်ဖောက်သောအရောင်ရှိပြီး အရောင်အဆင့်အတန်းကောင်းမွန်ကာ အလင်းပေါက်အား သင့်တင့်ပြီးဖန်ရောင်လက်ကောင်းမွန်ပြီး ပြုပြင်ထားခြင်းမရှိသော သဘာဝအတိုင်းရှိသည့် ပတ္တမြားကြီးဖြစ်သည်။ ယခင်က...

မြောက်ဥက္ကလာရှိ ဗေဒင်ဆရာနေအိမ် ဓားပြတိုက်မှု ကျူးလွန်သူ ၃ ဦး လက်နက်များနှင့်အတူဖမ်းမိ

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမြို့နယ် ၊ ၂ ရပ်ကွက် ၊ သုဇိတာ ၇ လမ်းတွင်ရှိသည့်ဗေဒင်ဆရာနေအိမ်ကို ဓားမြတိုက်သည့် ကျူးလွန်သူ ၃ ဦးကို လက်နက်များနှင့်အတူဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။ အဆိုပါ​​ဖြစ်စဥ်သည့် ယနေ့ မေလ ၇ ရက်နေ့နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အမည်မသိ အမျိုးသားသုံးယောက်က စရဖ အယောင်ဆောင်ပြီး ဗေဒင်ဆရာ ဦးထိုက်အောင်လင်းနေအိမ်ကို ဝင်ရောက် ဓားပြတိုက်ခဲ့ခြင်းဖြစ်သည်။ " ဖြစ်စဥ်ကမှန်ပါတယ်" ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးကပေါ်ပြူလာနယူးစ်သို့ပြောသည်။​အဆိုပါ ကျူးလွန်သူသုံးဦးကို ရပ်ကွက်နေထိုင်သူတွေက ဝိုင်းဝန်း ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့နှင့်အတူ သေနတ် နှစ်လက်...

မြန်မာ့ရေထွက်ကုန် ၄၂ နိုင်ငံသို့ တင်ပို့နေပြီး ရေငန်ထွက်ကုန် ၇၀ ရာခိုင်နှုန်းပါဝင်

မြန်မာနိုင်ငံအနေဖြင့် ရေထွက်ကုန်ပစ္စည်းများကို ပြည်ပနိုင်ငံပေါင်း ၄၂ နိုင်ငံသို့ တင်ပို့လျက်ရှိပြီး တင်ပို့မှုအတွင်း ရေငန်ထွက်ကုန် ၇၀ ရာခိုင်နှုန်းနှင့် ရေချိုထွက်ကုန် ၃၀ ရာခိုင်နှုန်း ပါဝင်နေကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက “ရေထွက်ကုန် ပြည်ပပို့ကုန် ၁၀၀ ရာခိုင်နှုန်းမှာ ရေငန်က ၇၀ ရာခိုင်နှုန်းနဲ့ ရေချိုက ၃၀ ရာခိုင်နှုန်း တင်ပို့နေပါတယ်။ လက်ရှိ နိုင်ငံပေါင်း ၄၂ နိုင်ငံကို တင်ပို့နေပါတယ်” ဟု ပြောကြားသည်။ ထို့ပြင် ပင်လယ်ပြင်အတွင်း ငါးသယံဇာတများ လျော့နည်းလာခြင်းနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071