Wednesday, June 24, 2026

တရုတ်-ဗီယက်နမ် နယ်စပ်ဂိတ်များ၏ ခေတ်မီကုန်သွယ်ရေးစနစ်က ဒေသတွင်းကုန်သွယ်မှုကို...

တရုတ်နိုင်ငံ ဂွမ်ရှီးကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ချုံကျို (Chongzuo) နှင့် ပင်းရှန်း (Pingxiang) မြို့များသည် တရုတ်-ဗီယက်နမ် နယ်စပ်ကုန်သွယ်ရေး၏ အရေးပါသော အချက်အချာဒေသများအဖြစ် ဖွံ့ဖြိုးလာနေပြီး...

မလေးရှားရှိ မြန်မာသံရုံးအနီး ပတ်ဝန်းကျင်အား စိတ်အနှောင့်အယှက်ဖြစ်စေမည့်...

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးတွင် မြန်မာနိုင်ငံသားများ၏ ကောင်စစ်ဆိုင်ရာ လုပ်ငန်းများကို ဆက်လက်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ သံရုံးတည်ရှိရာ နေရာသည် လူနေအိမ်ရာရပ်ကွက်အတွင်း တည်ရှိနေသဖြင့် ပတ်ဝန်းကျင်ရှိ နေထိုင်သူများအား...

ဧရာဝတီတိုင်းတွင် ရက်(၁၀၀) လှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်း၊...

ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ရက် (၁၀၀) လှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်း (၃၃) ကြိမ်၊ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ (၅၁) ကြိမ်နှင့်...

အသက် (၁၆) နှစ်အရွယ် ပင်မြင့်ယံ...

မြန်မာအမျိုးသမီးလိဂ် ပြိုင်ပွဲတွင် ရတနာပုံအမျိုးသမီးဘောလုံးအသင်းမှ လူငယ်ကစားသမား ပင်မြင့်ယံသည် အသင်းသမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ဂိုးသွင်းရှင်အဖြစ် စံချိန်သစ်တင်နိုင်ခဲ့ကြောင်း ရတနာပုံအသင်းက ထုတ်ပြန်ခဲ့သည်။ ပင်မြင့်ယံသည် ဇွန် ၂၃...
HomeNewsLocal Newsအိန္ဒိယ-တရုတ် တိုက်ရိုက်လေကြောင်းပြေးဆွဲမှု ပြန်လည်စတင်

အိန္ဒိယ-တရုတ် တိုက်ရိုက်လေကြောင်းပြေးဆွဲမှု ပြန်လည်စတင်

          အိန္ဒိယနှင့် တရုတ်နိုင်ငံတို့သည် ငါးနှစ်ကြာ ရပ်ဆိုင်းထားခဲ့သည့် တိုက်ရိုက်လေကြောင်းခရီးစဉ် ပျံသန်းမှုများကို တနင်္ဂနွေနေ့တွင် ပြန်လည်စတင်ခဲ့သည်။ အာရှ၏ အင်အားကြီးနှစ်နိုင်ငံသည် ဆက်ဆံရေးကို သတိရှိစွာဖြင့် ပြန်လည်တည်ဆောက်နေချိန်တွင် ကုန်သွယ်ရေးအတွက် အရေးကြီးသော ခြေလှမ်းတစ်ခုဖြစ်သည်။
           ကိုလ်းကတ္တားမှလာသော IndiGo လေကြောင်းလိုင်း၏ လေယာဉ်ခရီးစဉ် 6E1703 သည် နံနက် ၄ နာရီထိုးလုထိုးခင်တွင် တရုတ်တောင်ပိုင်းမြို့ ကွမ်ကျိူးသို့ ဆင်းသက်ခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်နှင့် နောက်ဆက်တွဲ ပထဝီနိုင်ငံရေးတင်းမာမှုများကြောင့် ၂၀၂၀ ပြည့်နှစ်မှစ၍ ရပ်နားထားခဲ့သည့် တိုက်ရိုက်လေကြောင်းပြေးဆွဲမှုကို တရားဝင်ပြန်လည်စတင်ခဲ့သည်။
          ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံများဖြစ်သည့် အိမ်နီးချင်းနှစ်နိုင်ငံသည် ဒေသတွင်း လွှမ်းမိုးမှုအတွက် ယှဉ်ပြိုင်နေသော အရေးကြီးသော ပြိုင်ဘက်များအဖြစ် ဆက်လက်တည်ရှိနေသော်လည်း ၂၀၂၀ ပြည့်နှစ်က ဟိမဝန္တာနယ်စပ်ပဋိပက္ခဖြစ်ပွားပြီးနောက်ပိုင်း ၌ တင်းမာခဲ့သောဆက်ဆံရေးသည် တဖြည်းဖြည်းပြေလျော့လာခဲ့သည်။
      လေယာဉ်ခရီးစဉ်များ ကို ပြန်လည်စတင်ခြင်းသည် ပြည်သူအချင်းချင်း ဆက်သွယ်မှုကို မြှင်တင့်ပေးကာ နှစ်နိုင်ငံ အပြန်အလှန်ဖလှယ်မှုများကို တဖြည်းဖြည်း ချင်ူ ပုံမှန်ပြန်ဖြစ်လာစေရန် အထောက်အကူပြုလိမ့်မည်ဟု အိန္ဒိယအစိုးရက ပြောကြားခဲ့သည်။
         အိန္ဒိယနှင့် ဟောင်ကောင်အကြား ပုံမှန်လေယာဉ်ခရီးစဉ်များ ရှိနှင့်ပြီးဖြစ်ကာ မြို့တော်နူးဒေလီမှသည် ရှန်ဟိုင်းနှင့် ကွမ်ကျိုးဒေသများသို့ ထပ်တိုးဝန်ဆောင်မှုများကို နိုဝင်ဘာလတွင် စတင်မည်ဖြစ်သည်။
          တိုက်ရိုက်လေကြောင်းချိတ်ဆက်မှုသည် ထောက်ပံ့ပို့ဆောင်ရေးနှင့် လေယာဉ်ပြောင်းစီးရသဖြင့် ကြာ သောအချိန်ကို လျှော့ချပေးလိမ့်မည်ဟု ကိုလ်ကတ္တားရှိ အိန္ဒိယကုန်သည်ကြီးများအသင်း၏ အကြီးအကဲ ရာဂျစ်ဗ်ဆင်းက အေအက်ဖ်ပီကို ပြောကြားခဲ့ပြီး ယင်းသို့ တိုက်ရိုက် ပျံသန်းခြင်းသည် စီးပွားရေးလုပ်ငန်းများအတွက် အကျိူးရှိစေလိမ့်မည်ဟု ဆိုခဲ့သည်။

Ref: အက်စ်စီအမ်ပီ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်-ဗီယက်နမ် နယ်စပ်ဂိတ်များ၏ ခေတ်မီကုန်သွယ်ရေးစနစ်က ဒေသတွင်းကုန်သွယ်မှုကို အရှိန်မြှင့်တင်နေ

တရုတ်နိုင်ငံ ဂွမ်ရှီးကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ချုံကျို (Chongzuo) နှင့် ပင်းရှန်း (Pingxiang) မြို့များသည် တရုတ်-ဗီယက်နမ် နယ်စပ်ကုန်သွယ်ရေး၏ အရေးပါသော အချက်အချာဒေသများအဖြစ် ဖွံ့ဖြိုးလာနေပြီး ခေတ်မီစမတ်နည်းပညာများ အသုံးပြုထားသည့် နယ်စပ်ဂိတ်စနစ်များက ဒေသတွင်းကုန်စည်စီးဆင်းမှုကို ပိုမိုမြန်ဆန်ထိရောက်စေလျက်ရှိကြောင်း သိရသည်။ ချုံကျိုမြို့သည် တရုတ်နိုင်ငံအတွင်း နယ်စပ်ဝင်ပေါက်အများဆုံးရှိသည့် မြို့တစ်မြို့ဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေး၊ ထောက်ပံ့ပို့ဆောင်ရေး၊ စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်နေသည့် စီးပွားရေးအချက်အချာဒေသတစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။ ယင်းမြို့အတွင်းရှိ ပင်းရှန်းမြို့မှာ ဗီယက်နမ်နိုင်ငံနှင့် တိုက်ရိုက်ထိစပ်နေပြီး “တရုတ်နိုင်ငံ၏ တောင်ဘက်တံခါးပေါက်” ဟု လူသိများသည်။ ပင်းရှန်းမြို့သည် တရုတ်-အာဆီယံ လွတ်လပ်သောကုန်သွယ်ရေးဇုန်၊...

မလေးရှားရှိ မြန်မာသံရုံးအနီး ပတ်ဝန်းကျင်အား စိတ်အနှောင့်အယှက်ဖြစ်စေမည့် အပြုအမူများ မပြုလုပ်ကြရန် သံရုံး မေတ္တာရပ်ခံ

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးတွင် မြန်မာနိုင်ငံသားများ၏ ကောင်စစ်ဆိုင်ရာ လုပ်ငန်းများကို ဆက်လက်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ သံရုံးတည်ရှိရာ နေရာသည် လူနေအိမ်ရာရပ်ကွက်အတွင်း တည်ရှိနေသဖြင့် ပတ်ဝန်းကျင်ရှိ နေထိုင်သူများအား စိတ်အနှောင့်အယှက်ဖြစ်စေမည့် အပြုအမူများ မဖြစ်ပေါ်စေရေး ဂရုပြုဆောင်ရွက်ကြရန် မြန်မာသံရုံးက အသိပေးမေတ္တာရပ်ခံထားသည်။ လက်ရှိတွင် သံရုံးအနီးရှိ နေအိမ်များရှေ့၌ အမှိုက်များ စွန့်ပစ်ခြင်း၊ ကွမ်းတံထွေး ထွေးခြင်း၊ ဆူညံစွာ ပြုမူခြင်းနှင့် မော်တော်ယာဉ်များအား စည်းကမ်းမဲ့ ရပ်နားခြင်း စသည့်ကိစ္စရပ်များနှင့် ပတ်သက်၍ ပတ်ဝန်းကျင်နေထိုင်သူများက သံရုံးသို့ အဆက်မပြတ် တိုင်ကြားမှုများ ရှိနေကြောင်း ဇွန် ၂၄...

ဧရာဝတီတိုင်းတွင် ရက်(၁၀၀) လှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်း၊ အသိပညာပေးဟောပြောပွဲနှင့် ပြည်သူ့စကားဝိုင်း စုစုပေါင်း (၁၀၅) ကြိမ် ကျင်းပနိုင်ခဲ့

ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ရက် (၁၀၀) လှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်း (၃၃) ကြိမ်၊ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ (၅၁) ကြိမ်နှင့် ပြည်သူ့စကားဝိုင်း (၂၁) ကြိမ် စုစုပေါင်း (၁၀၅) ကြိမ် ကျင်းပနိုင်ခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူရည်က ပြောကြားသည်။ “ပြည်သူ့အစိုးရ ပေါ်ပေါက်လာတာနဲ့အညီ ပြည်သူတွေ သိလိုတဲ့အချက်အလက်တွေကို ပွင့်လင်းစွာ မေးမြန်းနိုင်ဖို့အတွက် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပညာရှင်များနဲ့ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူတွေ ပါဝင်တဲ့ ပြည်သူ့စကားဝိုင်းတွေကို ဆောင်ရွက်ပေးနေတာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071