အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူပြည်နယ်၊ Vellore မြို့တွင် ကျင်းပသည့် အဆင့်မြင့်ပညာကဏ္ဍမြှင့်တင်ရေးနှင့် ကျောင်းသား၊ ဆရာဖလှယ်ရေး နိုင်ငံတကာညီလာခံသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။
စက်တင်ဘာ(၁၈) ရက်နှင့် (၁၉)ရက် တို့တွင် ညီလာခံကိုကျင်းပခဲ့ခြင်းဖြစ်ပြီး နိုင်ငံပေါင်း(၂၇)နိုင်ငံမှာ ကိုယ်စားလှဘ် (၁၅၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
ညီလာခံဖွင့်ပွဲမနက်ပိုင်းအခမ်းနားမှာ ဒုတိယဝန်ကြီးက VIT တက္ကသိုလ် နယ်မြေခွဲ ငါး ခုအနက် ကျောင်းသားပေါင်း (၄၇၀၀၀)ကျော်တက်ရောက်လျက်ရှိသည် Vellore မြို့ တက္ကသိုလ်၏ သင်ကြားနည်းစနစ်များ သုတေသနနှင့် တီထွင်ဆန်းသစ်မှုများမှာ အဆင့်မြင်ပညာကဏ္ဍ မြင့်မားတိုးတက်ရေးအတွက် အတုယူဖွယ်ရာနမူနာကောင်းဖြစ်ကြောင်း နှင့် နိုင်ငံတော်အကြီးအကဲက AI နည်းပညာကို ကျယ်ပြန့်စွာအသုံးချရန် လမ်းညွှန်ထားရာ သင်ကြား သင်ယူမှုနဲ့ ကျောင်းသားများ၏ ပရောဂျက်များတွင် AI နည်းပညာကို အသုံးပြုပြီး အဆင့်မြင့်ပညာကို မြှင့်တင်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
ထိုနောက် ခေါင်းစဉ် အသီးသီးဖြင့် ဆွေးနွေးခဲ့ပြီး ကျောင်းအတွင်းရှိ သုတေသနဓါတ်ခွဲခန်းများ စာသင်ခန်းများ စာကြည့်တိုက်နဲ့ အထပ်မြင့်ကျောင်းသားအဆောင်များကို ကြည့်ရူခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတက္ကသိုလ်များကို ပညာတော်သင်ဆုများ ပေးအပ်နိုင်ရန် ညိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
