Thursday, August 6, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းဒုတိယဝန်ကြီးချုပ် ဦးဆောင်၍...

ဗန်ကောက်၊ ဩဂုတ် ၆ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official...

ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစုရှိ ဓာတ်ခွဲခန်းများအား အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက်...

နေပြည်တော်၊ ဩဂုတ် ၆ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစုရှိ ဓာတ်ခွဲခန်းများအား အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် စိတ်ဝင်စားမှုအဆိုပြုလွှာ (EOI) ခေါ်ယူလျက်ရှိကြောင်း အသိပေး...

ဝါလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME ရန်ပုံငွေချေးငွေ လျှောက်ထားနိုင်

နေပြည်တော်၊ဩဂုတ်-၆ ပြည်တွင်းရှိ ဝါလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) ရန်ပုံငွေမှ ချေးငွေများ လျှောက်ထားနိုင်ကြောင်း စက်မှုနှင့် အသေးစား၊ အငယ်စား၊...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံဝန်ကြီး ချုပ်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် ၏ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်(Official Visit)အဖြစ် ယနေ့ သြဂုတ် ၆...
HomeInternationalအိန္ဒိယ၌စစ်လက်နက်ပစ္စည်းစက်ရုံပေါက်ကွဲ၊၈ ဦးသေ၊ ၇...

အိန္ဒိယ၌စစ်လက်နက်ပစ္စည်းစက်ရုံပေါက်ကွဲ၊၈ ဦးသေ၊ ၇ ဦးဒဏ်ရာရ

နူးဒေလီ၊ဇန်နဝါရီ ၂၄

အိန္ဒိယနိုင်ငံအနောက်ပိုင်း မဟာရက်စ်ထရာပြည်နယ်ရှိ စစ်လက်နက်ပစ္စည်းစက်ရုံပေါက်ကွဲသဖြင့် လူ ၈ ဦးသေဆုံးကာ ၇ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များကပြောကြားခဲ့သည်။

အဆိုပါပေါက်ကွဲမှုသည် ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် မဟာရက်စ်ထရာပြည်နယ်၏မြို့တော် မွမ်ဘိုင်းမြို့အရှေ့ဘက် ကီလိုမီတာ ၈၃၀ အကွာ ဘန်ဒရာခရိုင်ရှိ စက်ရုံတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

မီးသတ်သမားများသည် အခင်းဖြစ်နေရာသို့ အလျင်အမြန်သွားရောက်ကာ အခြေအနေကို ထိန်းချုပ်နိုင်ခဲ့သော်လည်း ပေါက်ကွဲမှုအရှိန်ကြောင့် စက်ရုံခေါင်မိုးပြိုကျပြီး အလုပ်သမားများပိတ်မိ နေခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

အာဏာပိုင်များသည် အပျက်အစီးများကိုဖယ်ရှားရန်နှင့်ပိတ်မိနေသူများကိုရှာဖွေရန် မြေတူးစက်ဖြင့်ကယ်ဆယ်‌ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး ဒဏ်ရာရသူများကိုလည်း ဆေးရုံသို့ပို့ဆောင်ပေးခဲ့သည်။

လုပ်ငန်းရှင်များနှင့်ဝန်ထမ်းများက ဘေးအန္တရာယ်ကင်းရှင်းရေးစံနှုန်းများကို လိုက်နာခြင်းမရှိသဖြင့် အိန္ဒိယစက်ရုံများတွင် ပေါက်ကွဲမှုများသည် မကြာခဏဆိုသလိုဖြစ်လေ့ရှိသည်။

ယခုဖြစ်စဉ်အတွင်း ကွယ်လွန်သူများ၏မိသားစုဝင်များနှင့်ထပ်တူ ဝမ်းနည်းမိပါကြောင်း ကာကွယ်ရေးဝန်ကြီးကပြောကြားခဲ့ပြီး ဒဏ်ရာရသူများ အမြန်ဆုံးပြန်ကောင်းမွန်ရေးအတွက်လည်း ဆုမွန်ကောင်းတောင်းပေးခဲ့သည်။

Source : ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းဒုတိယဝန်ကြီးချုပ် ဦးဆောင်၍ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုဂုဏ်ပြု

ဗန်ကောက်၊ ဩဂုတ် ၆ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official Visit) အဖြစ် ယနေ့ ဩဂုတ် ၆ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့သည်။ နိုင်ငံတော်သမ္မတ စီးနင်းလိုက်ပါလာသည့် အထူးလေယာဉ်သည် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်ရာ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် ဦးဆောင်သည့် အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် ဇနီး၊ စစ်သံမှူးနှင့်...

ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစုရှိ ဓာတ်ခွဲခန်းများအား အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဖိတ်ခေါ်

နေပြည်တော်၊ ဩဂုတ် ၆ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစုရှိ ဓာတ်ခွဲခန်းများအား အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် စိတ်ဝင်စားမှုအဆိုပြုလွှာ (EOI) ခေါ်ယူလျက်ရှိကြောင်း အသိပေး ထုတ်ပြန်ထားသည်။ အဆိုပါ ဓာတ်ခွဲခန်းများသည် ပြည်ပသို့ တင်ပို့သည့် လယ်ယာထွက်ကုန် သီးနှံများနှင့် ပြည်တွင်း/ပြည်ပမှ တင်သွင်းသည့် စားသုံးဆီများ၏ အရည်အသွေးများကို စမ်းသပ်စစ်ဆေး၍ စစ်ဆေးချက် အစီရင်ခံစာ (Test Report) များ ထုတ်ပေးလျက်ရှိသည်။ ယခုအခါ နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ် (ISO/IEC 17025) ရရှိရေး၊ ပို့ကုန်သွင်းကုန် စစ်ဆေးရေးတွင် ပိုမိုအထောက်အကူပြုစေရေးနှင့် စီးပွားဖြစ်...

ဝါလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME ရန်ပုံငွေချေးငွေ လျှောက်ထားနိုင်

နေပြည်တော်၊ဩဂုတ်-၆ ပြည်တွင်းရှိ ဝါလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) ရန်ပုံငွေမှ ချေးငွေများ လျှောက်ထားနိုင်ကြောင်း စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက အသိပေးထားသည်။ အဆိုပါချေးငွေများကို ဝါစေ့ဆီထုတ်လုပ်ရေးစက်များ၊ ချည်မျှင်ထုတ်လုပ်ရေးစက်များ တည်ထောင်ခြင်းနှင့် လက်ရှိလုပ်ငန်းများ တိုးချဲ့တပ်ဆင်ခြင်းတို့အတွက် လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။ ချေးငွေအဆိုပြုလွှာများကို ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ MSME အေဂျင်စီရုံးများသို့ ပေးပို့လျှောက်ထားနိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန (ရုံးချုပ်)၊ ရုံးအမှတ် (၃၇)၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071