နူးဒေလီ၊ဧပြီ ၂၈
အိန္ဒိယနိုင်ငံအလယ်ပိုင်း မတ္တရာပရာဒက်ရှ်ပြည်နယ်တွင် ယာဉ်တစ်စီး ရေတွင်းထဲသို့ကျမှုကြောင့် လူ ၁၂ ဦး ထက်မနည်း ေ-သဆုံးခဲ့ကြောင်း ရဲအရာရှိတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။
မတ္တရာပရာဒက်ရှ်၏ Mandsaur ဧရိယာ၌ အဆိုပါမတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်ပွားချိန်တွင် အဆိုပါခရီးသည်များသည် ဘုရားကျောင်းတစ်ခုဆီသို့သွား နေချိန်ဖြစ်သည်ဟုလည်းသိရသည်။
မီဒီယာသတင်းများအရ အဆိုပါယာဉ်သည် စက်ဘီးနှင့် ပထမဦးစွာ တိုက်မိခဲ့ပြီးနောက် အနီးရှိရေတွင်းထဲသို့ပြုတ်ကျခဲ့ခြင်းဖြစ်သည်ဟုသိရသည်။
ဝန်ကြီးချုပ် နရင်ဒရာမိုဒီက ေ-သဆုံးသူတစ်ဦးစီ၏ မိသားစုဝင်များအတွက် အိန္ဒိယရူပီး (၂၀၀,၀၀၀) (အမေရိကန်ဒေါ်လာ ၂,၃၄၃ ဝန်းကျင်) ခန့်လျော်ကြေးငွေပြန်ပေးမည်ဟု ပြောကြားခဲ့သည်။
Source : ရှင်းဟွာ
