Home News Local News ​အိန္ဒိယရေတပ်ဦးစီးချုပ် ရန်ကုန်သို့ ရောက်ရှိ၊ ဒုတိယဝန်ကြီးများနှင့် India House တွင် တွေ့ဆုံ​​မြန်မာ့တပ်မတော် (ရေ) ၏ ဖိတ်ကြားမှုဖြင့် အိန္ဒိယရေတပ်ဦးစီးချုပ်...

​အိန္ဒိယရေတပ်ဦးစီးချုပ် ရန်ကုန်သို့ ရောက်ရှိ၊ ဒုတိယဝန်ကြီးများနှင့် India House တွင် တွေ့ဆုံ​​မြန်မာ့တပ်မတော် (ရေ) ၏ ဖိတ်ကြားမှုဖြင့် အိန္ဒိယရေတပ်ဦးစီးချုပ် Admiral Dinesh Kumar Tripathi ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့က ရန်ကုန်မြို့သို့ ရောက်ရှိလာကြောင်း အိန္ဒိယသံရုံးက ယနေ့တွင်ထုတ်ပြန်သည်။​​အိန္ဒိယရေတပ်ဦးစီးချုပ်နှင့် အဖွဲ့အား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Abhay Thakur နှင့် တပ်မတော် (ရေ) မှ အရာရှိကြီးများက ကြိုဆိုခဲ့ကြကြောင်း သိရသည်။

0
124

​ခရီးစဉ်အတွင်း ရန်ကုန်မြို့ရှိ India House တွင် ဂုဏ်ပြုညစာစားပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့ရာ အိန္ဒိယရေတပ်ဦးစီးချုပ်သည် မြန်မာအစိုးရကိုယ်စားလှယ်များဖြစ်ကြသည့် ​နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်၊​ ပို့ ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းလူတို့နှင့် တွေ့ဆုံခဲ့ကြသည်။

​အဆိုပါ တွေ့ဆုံပွဲတွင် နှစ်နိုင်ငံ ရေတပ်အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရေး၊ ဒေသတွင်းရေကြောင်းလုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် ပို့ဆောင်ရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here