မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရာက်လာပြီး အွန်လိုင်းလိမ်လည်မှုများနှင့် Online လောင်းကစားမှုများ၊ ဒုစရို-က်မှုများကျူးလွန်ခဲ့ကြသည့် အိန္ဒိယနိုင်ငံသား(၃၇)ဦးနှင့် အင်ဒိုနီးရှားနိုင်ငံသား(၂၀)ဦး (စုစုပေါင်း ၅၇ ဦး)ကို ယနေ့ သြဂုတ် ၂၆ ရက်က သက်ဆိုင်ရာနိုင်ငံများသို့ ပြည်နှင်လွှဲပြောင်းပေးခဲ့သည်။
၎င်းတို့အား မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ မြန်မာနိုင်ငံမှ တာဝန်ရှိသူများက သက်ဆိုင်ရာနိုင်ငံများမှတာဝန်ရှိသူများထံ ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာအထောက် အထားစာရွက်စာတမ်းများနှင့်အတူ စနစ်တကျလွှဲ ပြောင်းပေးအပ်ခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ ဩဂုတ် ၂၆ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက် လာသည့် ပြည်ပနိုင်ငံသား(၉၃၆၉)ဦးကိုစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ (၉၂၆၂)ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျပြည်နှင်လွှဲပြောင်းပေးခဲ့ပြီးဖြစိသည်။
ထို့အတူ ကျန်ရှိသည့် ပြည်ပနိုင်ငံသား(၁၀၇)ဦးကိုလည်း သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန်အသင့်ဖြစ်နေပြီဖြစ်ကာ မြန်မာနိုင်ငံမှ တာဝန်ရှိသူများက ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားသည်။
