Sunday, May 10, 2026

အင်ဒိုမီးတောင်ပေါက်ကွဲမှုတွင်စင်ကာပူနိုင်ငံသားနှစ်ဦး ‌ေ-သဆုံး

          အင်ဒိုနီးရှားနိုင်ငံ ဟယ်လ်မာဟီရာကျွန်းပေါ်ရှိ ဒူကိုနိုမီးတောင်ပေါက်ကွဲမှုတွင် ပျောက်ဆုံး‌ နေသည့် စင်ကာပူနိုင်ငံသားနှစ်ဦးသည် ‌ေ-သဆုံးသွားပြီဖြစ် ကြောင်း အတည်ပြုခဲ့သည်ဟု ဒေသခံကယ်ဆယ်ရေးအေဂျင်စီ အကြီးအကဲက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။       ကယ်ဆယ်ရေးသမားများသည်...

သဲချောင်းထဲရေဆင်းကူးသူ(၃)ဦး ရေနစ်သေဆုံးခဲ့မှု လွိုင်ကော်မြို့နယ်တွင်ဖြစ်ပွား

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ သဲချောင်းအ တွင်းရေဆင်းကူးသူ(၃)ဦး ရေနစ်သေဆုံးခဲ့မှု ယနေ့ မေ ၁၀ ရက်နံနက် ၁၁ နာရီခွဲခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။ လွိုင်ကော်မြို့နယ်၊ လောပိတမြို့၊...

အမေရိကန်ကို ထောက်ခံသည့် နိုင်ငံများ၏ သင်္ဘောများ...

အီရန်နိုင်ငံအပေါ် အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုမူဝါဒတွင် ပူးပေါင်းပါဝင်သည့် နိုင်ငံများမှ သင်္ဘောများကို ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ဖြတ်သန်းခွင့်ပြုမည်မဟုတ်ကြောင်း အီရန်တပ်မတော် ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် အာကရာမီးနီးယားက ပြောကြားလိုက်သည်။ "အခုချိန်ကစပြီး...

လေပြင်းတို-က်ခတ်၍ လဲကျသွားသည့်သစ်ပင်က “အိုးဝေ” ယာဥ်ပေါ်ပိ...

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် ယနေ့ မေ ၁၀ ရက်နေ့လည် ၁ နာရီ ၅၀ မိနစ်ခန့်က လေပြင်းတို-က်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ကြို့ပင်ကောက်မြို့နယ်တွင် လေပြင်းတို-က်ခတ်မှုကြောင့်...
HomeInternationalအိန္ဒိယနှင့်ရုရှားတို့တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာနှင့်သင်္ဘောများ အပြန်အလှန် ဖြန့်ကျက်ချထားရန်သဘောတူညီခဲ့

အိန္ဒိယနှင့်ရုရှားတို့တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာနှင့်သင်္ဘောများ အပြန်အလှန် ဖြန့်ကျက်ချထားရန်သဘောတူညီခဲ့

မေ ၅ ရက်

ယူအင်န်အင်န် သတင်းဌာန၏ ဖော်ပြချက်အရ ၂၀၂၆ ခုနှစ် မေလ ၅ ရက်တွင် ရုရှားနှင့် အိန္ဒိယတို့သည် တစ်နိုင်ငံ၏ နယ်မြေအတွင်းသို့ တစ်နိုင်ငံက တပ်ဖွဲ့ဝင်များနှင့် စစ်သင်္ဘောများကိုဖြန့်ကျက်ချထားခွင့်ပြုသည့် သဘောတူညီချက်တစ်ရပ်ကို ချုပ်ဆိုခဲ့ကြသည်။ ယင်းသဘောတူညီချက်အရ အိန္ဒိယတွင် ရုရှားတပ်ဖွဲ့များ ထားရှိရန်နှင့် ရုရှားတွင် အိန္ဒိယတပ်ဖွဲ့များထားရှိရန် ဖြစ်သည်။ အဆိုပါသတင်းကို asia.nikkei.com ၏ ဖော်ပြချက်အား ကိုးကား၍ ယူအင်န်အင်န်သတင်းဌာနက သတင်း ဖေါ်ပြခဲ့ခြင်း ဖြစ်သည်။

အဆိုပါသဘောတူညီချက်တွင် စစ်အခြေစိုက်စခန်းများ၊ ဆိပ်ကမ်းများနှင့် လေယာဉ်ကွင်းများကို ပူးတွဲအသုံးပြုခွင့်ပေးရန်သာမက နှစ်နိုင်ငံစလုံး၏ နယ်မြေအတွင်း၌ တစ်ဖက်နိုင်ငံမှ စစ်ဘက်ဆိုင်ရာ ဝန်ထမ်း ၃,၀၀၀ ဦးအထိ စေလွှတ်ထားရှိနိုင်ရန် ပြဋ္ဌာန်းထားသည်။ စစ်ဘက်ဆိုင်ရာ ဝန်ထမ်း ၃,၀၀၀ အား ယာယီတပ်ဖြန့်ထားရှိနိုင်မှုအပြင် စစ်သင်္ဘော ၅ စင်းနှင့် စစ်လေယာဉ် ၁၀ စင်းတို့ကိုလည်း နှစ်ဖက်စလုံးရှိ အခြေစိုက်စခန်းများတွင် တစ်ပြိုင်နက်တည်း ထားရှိနိုင်မည် ဖြစ်သည်။ ယခုသဘောတူညီချက်အရ အိန္ဒိယတပ်မတော်ကို အာတိတ်ဒေသသို့ ဝင်ရောက်ခွင့်ကိုလည်း ပေးအပ်ထားကြောင်း သိရသည်။

ရုရှားနှင့် တရုတ်နိုင်ငံတို့သည် နီးကပ်သော ဆက်ဆံရေးရှိသော်လည်း အဆိုပါသဘောတူညီချက်သည် ယုံကြည်မှုတည်ဆောက်ရာတွင် အထောက်အကူဖြစ်စေကြောင်း အကဲခတ်များက မှတ်ချက်ပြုကြသည်။

နူးဒေလီအခြေစိုက် NatStrat သုတေသနအဖွဲ့မှ ဝါရင့်အဖွဲ့ဝင် ရာဇကုမာ ရှာမာ က ရုရှားနှင့်ချုပ်ဆိုသော အဆိုပါသဘောတူညီချက်သည် ပုံမှန်လက်နက်ရောင်းဝယ်မှုအဆင့်ထက် ကျော်လွန်၍ စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို အဖွဲ့အစည်းအလိုက် စနစ်တကျဖြစ်စေသဖြင့် မဟာဗျူဟာမြောက် အရေးပါကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ၎င်းက “ရုရှားနှင့် တရုတ်တို့အကြား ပိုမိုနီးကပ်လာမှု ရှိနေသော်လည်း ဤသဘောတူညီချက်သည် နှစ်နိုင်ငံအကြား နက်ရှိုင်းလာသော ယုံကြည်မှုကို ထင်ဟပ်စေသည်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

Ref: ယူအင်န်အင်န်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အင်ဒိုမီးတောင်ပေါက်ကွဲမှုတွင်စင်ကာပူနိုင်ငံသားနှစ်ဦး ‌ေ-သဆုံး

          အင်ဒိုနီးရှားနိုင်ငံ ဟယ်လ်မာဟီရာကျွန်းပေါ်ရှိ ဒူကိုနိုမီးတောင်ပေါက်ကွဲမှုတွင် ပျောက်ဆုံး‌ နေသည့် စင်ကာပူနိုင်ငံသားနှစ်ဦးသည် ‌ေ-သဆုံးသွားပြီဖြစ် ကြောင်း အတည်ပြုခဲ့သည်ဟု ဒေသခံကယ်ဆယ်ရေးအေဂျင်စီ အကြီးအကဲက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။       ကယ်ဆယ်ရေးသမားများသည် မီးတောင်ဝပတ်လည်တွင် အလေ-ာင်းများကို တွေ့ရှိခဲ့ပြီး သယ်ဆောင်မှုများ ကို လုပ်ဆောင်နေကြောင်း အေဂျင်စီ၏ အကြီးအကဲ အီဝမ် ရမ်ဒါနီက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။       "မီးတောင်ပေါက်ကွဲမှု တွေကဆက်ဖြစ်နေတာနဲ့ ရာသီဥတုဆိုးဝါးတာကြောင့် အလောင်းတွေကို ရွှေ့ပြောင်းတာမှာ အဟန့်အတားဖြစ်နေဆဲပါပဲ" ဟု အီဝမ်က ပြောကြားခဲ့ပြီး ထိုဒေသတွင် မိုးရွာသွန်းလျက်ရှိနေကြောင်း ဆက်လက်ပြောကြားခဲ့သည်။      အသက်ရှင်သူများနှင့် ပျောက်ဆုံးနေသူများစာရင်းကို အာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့ချိန်တွင်...

သဲချောင်းထဲရေဆင်းကူးသူ(၃)ဦး ရေနစ်သေဆုံးခဲ့မှု လွိုင်ကော်မြို့နယ်တွင်ဖြစ်ပွား

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ သဲချောင်းအ တွင်းရေဆင်းကူးသူ(၃)ဦး ရေနစ်သေဆုံးခဲ့မှု ယနေ့ မေ ၁၀ ရက်နံနက် ၁၁ နာရီခွဲခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။ လွိုင်ကော်မြို့နယ်၊ လောပိတမြို့၊ မထောခူ(အောက်) ကျေးရွာရှိ သဲချောင်းတွင်ရေဆင်းကူးသည့် အမျိုးသား (၂)ဦးနှင့် အမျိုးသမီး(၁)ဦးရေနစ်ပျောက်ဆုံးခဲ့သဖြင့် လွိုင်ကော်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ရှာ ဖွေကယ်ဆယ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ထို့ကြောင့် ရေနစ်သူ(၃)ဦးအား နေ့လည် ၁ နာရီ ၂၀ မိ နစ်ခန့်တွင် သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့၍ ရွှေညောင်ပင်နာရေးကူညီမှုအသင်းက လွိုင်ကော်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

အမေရိကန်ကို ထောက်ခံသည့် နိုင်ငံများ၏ သင်္ဘောများ ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းခွင့် အီရန် ပိတ်မည်

အီရန်နိုင်ငံအပေါ် အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုမူဝါဒတွင် ပူးပေါင်းပါဝင်သည့် နိုင်ငံများမှ သင်္ဘောများကို ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ဖြတ်သန်းခွင့်ပြုမည်မဟုတ်ကြောင်း အီရန်တပ်မတော် ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် အာကရာမီးနီးယားက ပြောကြားလိုက်သည်။ "အခုချိန်ကစပြီး အမေရိကန်ရဲ့ စံနမူနာကိုလိုက်ပြီး အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်တဲ့နိုင်ငံတွေဟာ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းရာမှာ အခက်အခဲတွေနဲ့ မလွဲမသွေ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်" ဟု IRNA သတင်းဌာနနှင့် အင်တာဗျူးတွင် သူက ပြောကြားခဲ့သည်။ အမေရိကန်နှင့် အစ္စရေးတို့နှင့် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့် အီရန်အနေဖြင့် "ဟော်မုဇ်ရေလက်ကြား၏ ပထဝီဝင်နိုင်ငံရေးဆိုင်ရာ အလားအလာများကို အသုံးချရန်" တွန်းအားပေးခံခဲ့ရကြောင်းနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071