Thursday, May 7, 2026

ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်ခြင်းအပေါ် ဖိလစ်ပိုင်နိုင်ငံ၏...

မနီလာမြို့၊ ၂၀၂၆ ခုနှစ် မေလ ၆ ရက် ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံရေးအကျဉ်းသား ၁,၅၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်းနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်အား...

ဖလမ်းမြို့၌ အစိုးရ၏အုပ်ချုပ်ရေးယန္တရားများပြန် လည်စတင်တော့မည်

တပ်မတော်စစ်ကြောင်းများက ဖလမ်းမြို့အား အပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်ပြီး၍ အစိုးရ၏အုပ် ချုပ်ရေးယန္တရားများပြန်လည်စတင်တော့မည်ဖြစ်ရာ ယနေ့ မေ ၅ ရက်ညနေပိုင်းတွင် သက်ဆိုင်ရာဌာနဆိုင် ရာအဖွဲ့အစည်းများက ထောက်ပံ့ရေးပစ္စည်းများနှင့်အ တူရောက်ရှိလာခဲ့ကြကြောင်း...

ပင်လယ်ပြင်တွင် သောင်တင်နေသည့် အိန္ဒိယသင်္ဘောကို ပါကစ္စတန်ရေတပ်...

အာရေဗျပင်လယ်တွင် ဆိုးရွားသော နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှု ဖြစ်ပွားခဲ့သည့် အိန္ဒိယသင်္ဘောတစ်စင်း၏ အကူအညီတောင်းခံမှုကို ပါကစ္စတန်ရေတပ်က ကူညီခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က မေလ ၅ ရက်နေ့တွင်...

ဒီဇယ်ဆီ၊ ဓာတ်မြေသြဇာ၊ သဘာဝဓာတ်ငွေ့ရည်တင်သွင်းခြင်းများအတွက် အခွန်ကင်းလွတ်ခွင့်ကာလကို...

ပြည်ပမှတင်သွင်းနေရသည့် ဒီဇယ်ဆီ၊ ဓာတ်မြေသြဇာ၊ သဘာဝဓာတ်ငွေ့ရည်တင်သွင်းခြင်းများအတွက် အခွန်ကင်းလွတ်ခွင့်ကာလကို မေ ၃၁ ရက်အထိထပ်မံတိုးမြှင့်ပေးခဲ့ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက ယနေ့ မေ ၆ ရက်ကထုတ်ပြန်ခဲ့သည်။ ဒီဇယ်ဆီ...
HomeInternationalအိန္ဒိယနှင့်တရုတ်နိုင်ငံခြားရေးဝန်ကြီးများတွေ့ဆုံဆွေးနွေး

အိန္ဒိယနှင့်တရုတ်နိုင်ငံခြားရေးဝန်ကြီးများတွေ့ဆုံဆွေးနွေး

ဂျိုဟန်နက်စ်ဘာ့ဂ်၊ဖေဖော်ဝါရီ ၂၁

တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့မှာ ကျင်းပသည့် G20 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပြင်ပ၌ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် အိန္ဒိယပြည်ပရေးရာဝန်ကြီး ဂျေးရှန်ကာတို့တွေ့ဆုံခဲ့ကြောင်းသိရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ယမန်နှစ်ကရုရှားနိုင်ငံခါဇန်ဒေသ၌ပြုလုပ်ခဲ့သည့် ရုရှားသမ္မတပူတင်နှင့်အိန္ဒိယဝန်ကြီးချုပ်မိုဒီတို့တွေ့ဆုံမှုအတွင်းချမှတ်ခဲ့သည့် နှစ်ဖက်ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များကိုပြန်‌ပြောင်းပြောကြားခဲ့သည်။

ယခုတွေ့ဆုံမှုအတွင်း၌လည်း တရုတ်နှင့်အိန္ဒိယတို့သည် ရှေးကျသည့်ယဉ်ကျေးမှုများနှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့်အလျောက် အချင်းချင်းကြား ယုံကြည်မှုဖြင့်ပံ့ပိုးကူညီပြီး အောင်မြင်အောင် ကူညီဆောင်ရွက်သင့်သည်ဟုလည်း နှစ်ဖက်သဘောတူခဲ့ကြသည်ဟုသိရသည်။

အပြန်အလှန်ယုံကြည်မှု ပြန်လည်ထူထောင်ရေးနှင့် နှစ်ဖက်အကျိုးရှိပူးပေါင်းဆောင်ရွက်မှုများရရှိရေးသည် နှစ်နိုင်ငံပြည်သူများ၏ ဘုံမျှော်မှန်းချက်များဖြစ်ပြီးနှစ်ဖက်ခေါင်းဆောင်များ ရရှိထားသည့်သဘောတူညီမှုကိုလိုက်နာကာ နှစ်နိုင်ငံဆက်ဆံရေးသည်လမ်းကြောင်းမှန်ပေါ်၌ ဆက်လက်တည်ရှိနေရန်လိုအပ်သည်ဟုလည်းဆိုသည်။

အိန္ဒိယနှင့်တရုတ်ကြား အပြန်အလှန်ယုံကြည်မှု ထူထောင်ခြင်းသည် နှစ်ဖက်လုံး၏အကျိုးစီးပွားကို ဖော်ဆောင်ပေးခြင်းဖြစ်ကြောင်း ဂျေးရှန်ကာကဆိုပြီးအိန္ဒိယသည် ဆက်ဆံရေးတိုးတက်ကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်လျက် ပူးပေါင်းဆောင်ရွက်ရေး ယန္တရားပြန်လည်စတင်နိုင်ရန် တရုတ်နှင့်လက်တွဲလုပ်ဆောင်ရန်အသင့်ရှိကြောင်းလည်းပြောကြားခဲ့သည်။

Source : ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်ခြင်းအပေါ် ဖိလစ်ပိုင်နိုင်ငံ၏ ထုတ်ပြန်ချက်

မနီလာမြို့၊ ၂၀၂၆ ခုနှစ် မေလ ၆ ရက် ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံရေးအကျဉ်းသား ၁,၅၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်းနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်ခြင်းနှင့် ပြစ်ဒ-ဏ်အချို့လျှော့ပေါ့ပေးခဲ့သည့် သတင်းများအပေါ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြိုဆိုပါသည်။ ဤဖြစ်ပေါ်တိုးတက်မှုများသည် မြန်မာနိုင်ငံ၏ ရေရှည်တည်ငြိမ်ရေးအတွက် လိုအပ်သော ယုံကြည်မှုတည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် အရေးပါသည့် ခြေလှမ်းများဖြစ်သည်ဟု ကျွန်ုပ်တို့ ရှုမြင်ပါသည်။ နိုင်ငံတကာ၏ ယုံကြည်မှုကို ပိုမိုခိုင်မာစေရန်အတွက် ဒေါ်အောင်ဆန်းစုကြည်အား သူမ၏ မိသားစုနှင့် ဆက်သွယ်ခွင့်ပြုခြင်းဖြင့် ဤပြောင်းရွှေ့မှုအပေါ် ပွင့်လင်းမြင်သာမှုရှိရှိ ဆောင်ရွက်ရန် မြန်မာနိုင်ငံကို ကျွန်ုပ်တို့...

ဖလမ်းမြို့၌ အစိုးရ၏အုပ်ချုပ်ရေးယန္တရားများပြန် လည်စတင်တော့မည်

တပ်မတော်စစ်ကြောင်းများက ဖလမ်းမြို့အား အပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်ပြီး၍ အစိုးရ၏အုပ် ချုပ်ရေးယန္တရားများပြန်လည်စတင်တော့မည်ဖြစ်ရာ ယနေ့ မေ ၅ ရက်ညနေပိုင်းတွင် သက်ဆိုင်ရာဌာနဆိုင် ရာအဖွဲ့အစည်းများက ထောက်ပံ့ရေးပစ္စည်းများနှင့်အ တူရောက်ရှိလာခဲ့ကြကြောင်း သိရသည်။ ထို့ပြင် တပ်မတော်စစ်ကြောင်းများမှလည်း အကြမ်း ဖက်အဖွဲ့များမီးရှို့ဖျက်ဆီးခဲ့သည့် ရုံး/ဌာန အဆောက် အအုံများ၊ လူနေအဆောက်အအုံများ၊ ဘာသာရေး၊ ပ ညာရေး၊ ကျန်းမာရေးဆိုင်ရာအဆောက်အအုံများပြန် လည်ပြုပြင်နိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့အတူ ဒေသခံများ မြေမြုပ်မိုင်းအန္တရာယ်မှကင်းရှင်းစေရန် မြို့/ရွာများအတွင်း မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် လိုအပ်သောလုံခြုံရေးလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပင်လယ်ပြင်တွင် သောင်တင်နေသည့် အိန္ဒိယသင်္ဘောကို ပါကစ္စတန်ရေတပ် ကူညီ

အာရေဗျပင်လယ်တွင် ဆိုးရွားသော နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှု ဖြစ်ပွားခဲ့သည့် အိန္ဒိယသင်္ဘောတစ်စင်း၏ အကူအညီတောင်းခံမှုကို ပါကစ္စတန်ရေတပ်က ကူညီခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က မေလ ၅ ရက်နေ့တွင် ပြောကြားခဲ့သည်။ “အမ်ဗီဂူတမ်” အမည်ရှိ သင်္ဘောသည် အိန္ဒိယနိုင်ငံသား ခြောက်ဦးနှင့် အင်ဒိုနီးရှားနိုင်ငံသား တစ်ဦး အပါအဝင် သင်္ဘောသား ခုနစ်ဦးကို တင်ဆောင်လာခဲ့ပြီး အိုမန်မှ အိန္ဒိယသို့ ဦးတည် ခုတ်မောင်းနေစဉ် ကြီးမားသော နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှု ဖြစ်ပွားခဲ့သဖြင့် ပင်လယ်ထဲတွင် သောင်တင်နေခဲ့ကြောင်း ပါကစ္စတန်စစ်တပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ပါကစ္စတန်ရေတပ်သည် “ကက်ရှ်မီးယား” အမည်ရှိ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071