Tuesday, May 26, 2026

လာမည့် (၄၈)နာရီအတွင်း အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများသို့ဝင်ရောက်နိုင်

အနောက်တောင်မုတ်သုံလေသည် လာမည့် (၄၈)နာရီအ တွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများသို့ဝင်ရောက်နိုင်သည်ဟု မိုးဇလက ယနေ့ မေ ၂၆ ရက်ညနေ ၄ နာရီတွင် အသိပေးခဲ့သည်။ ထို့ပြင်...

ကိုရီးယား သံရုံးနှင့် Taekwondo Promotion...

မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံး  နှင့် Taekwondo Promotion Foundation တို့ ပူးပေါင်းပြီး မြန်မာလူငယ်များအတွက် အခမဲ့ တိုက်ကွမ်ဒိုသင်တန်း ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း ယနေ့...

နိုင်ငံခြားသားများကို ကိဗ်မှ ထွက်ခွာရန် ရုရှား...

ရုရှားတပ်များက ယူကရိန်းမြို့တော်ကို အကြီးအကျယ်တိုက်ခိုက်ပြီးနောက်တွင် နိုင်ငံခြားသားများကို ကိဗ်မြို့တော်မှ ထွက်ခွာကြရန် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္လာနေ့တွင် တိုက်တွန်းခဲ့သည်။  ရုရှားတပ်များသည် ဒရုန်းများကို ဒီဇိုင်းထုတ်ခြင်း၊ ထုတ်လုပ်ခြင်းနှင့် ပရိုဂရမ်ရေးသားခြင်း၊...

နာဂ ရှိ ထန်ပါခွေမြို့၌ ကျောင်းအပ်နှံနေကြပြီ

စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ပ ထမဆုံးကျောင်းအပ်နှံရေးနေ့ဖြစ်သည့် မေ ၂၅ ရက်တွင် ကျောင်းသား/သူ(၂၃၆)ဦးကျောင်းအပ်ခဲ့ကြောင်း သိရသည်။ ထန်ပါခွေမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း၌...
HomeNewsLocal Newsအိန္ဒိယနိုင်ငံ၏ ဖက်ဒရယ်စနစ်အတွင်းရှိ အုပ်ချုပ်ရေးမှူးများ၏...

အိန္ဒိယနိုင်ငံ၏ ဖက်ဒရယ်စနစ်အတွင်းရှိ အုပ်ချုပ်ရေးမှူးများ၏ အခန်းကဏ္ဍဆိုင်ရာများကို ဆွေးနွေး

အိန္ဒိယနိုင်ငံ၏ ဖက်ဒရယ်စနစ်အတွင်းရှိ အုပ်ချုပ်ရေးမှူးများ၏ အခန်းကဏ္ဍဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဇွန်လ ၈ ရက်၊ နံနက်ပိုင်းက နေပြည်တော်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးရာပြည့်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Vinay Kumar နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၇)ဖွဲ့ကိုယ်စား KNU/KNLA-PC ဒု-ဥက္ကဋ္ဌ ဒေါက်တာ နော်ကပေါ်ထူးတို့က နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ကြကြောင်း သိရသည်။

ထို့နောက် အိန္ဒိယနိုင်ငံမှပညာရှင် Professor Sudarshan Ramaswamy က အိန္ဒိယနိုင်ငံ၏ ဖက်ဒရယ်စနစ်အတွင်းရှိ အုပ်ချုပ်ရေးမှူးများ၏ အခန်းကဏ္ဍအား ဦးဆောင်ဆွေးနွေးပြောကြားခဲ့သည်။

ထို့ပြင် တက်ရောက်လာကြသူများက အိန္ဒိယနိုင်ငံ၏ အတွေ့အကြုံများ၊ Governor များ၏ အခန်းက ဏ္ဍနှင့်တာဝန်များ၊ နိုင်ငံတကာအတွေ့အကြုံများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေး နွေးခဲ့ကြသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ နစက အဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒု-ဗိုလ် ချုပ်ကြီးရာပြည့်နှင့် ကော်မတီဝင်များ၊ အငြိမ်းစားတပ်မတော်အရာရှိကြီးများနှင့် ဌာနဆိုင်ရာ အရာထမ်းများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Vinay Kumar နှင့်သံရုံးမှ တာဝန်ရှိသူများ ၊ ဒေါက်တာနော်ကပေါ်ထူး ဦးဆောင်သည့် NCA-S EAO (၇)ဖွဲ့ (ALP DKBA KNU/KNLA-PC LDU NMSP PNLO RCSS)တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လာမည့် (၄၈)နာရီအတွင်း အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများသို့ဝင်ရောက်နိုင်

အနောက်တောင်မုတ်သုံလေသည် လာမည့် (၄၈)နာရီအ တွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများသို့ဝင်ရောက်နိုင်သည်ဟု မိုးဇလက ယနေ့ မေ ၂၆ ရက်ညနေ ၄ နာရီတွင် အသိပေးခဲ့သည်။ ထို့ပြင် ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော် (တောင်ပိုင်း)နှင့်(အရှေ့အလယ်ပိုင်း)တို့တွင် မုတ်သုံ လေအားကောင်းနေ၍ မနက်ဖြန် မေ ၂၇ ရက်နံနက်ပိုင်းအထိ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ က ရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍မိုးကြီးနိုင်သည်ဟုအသိပေးခဲ့သည်။ ထို့အတူ ရန်ကုန်တိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊...

ကိုရီးယား သံရုံးနှင့် Taekwondo Promotion Foundation တို့ ပူးပေါင်းပြီး အခမဲ့ တိုက်ကွမ်ဒို သင်တန်းဖွင့်မည်

မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံး  နှင့် Taekwondo Promotion Foundation တို့ ပူးပေါင်းပြီး မြန်မာလူငယ်များအတွက် အခမဲ့ တိုက်ကွမ်ဒိုသင်တန်း ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း ယနေ့ မေလ ၂၆ ရက်နေ့တွင် အသိ‌ပေးထားသည်။ အဆိုပါ သင်တန်းကို Taekwondo Promotion Foundation နှင့် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံရုံး ပြည်သူ့သံတမန်ရေးရာအဖွဲ့တို့ ပူးပေါင်းစီစဉ်ထားပြီး သင်တန်းကနေတစ်ဆင့် ကိုယ်ခန္ဓာကြံ့ခိုင်မှုကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း သိရသည်။ သင်တန်းကို ဇွန်လ ၁၃ ရက် နေ့တွင် စတင်မည်ဖြစ်ပြီး အပတ်စဉ် စနေ့နေ့တိုင်း လှစ်မည်ဖြစ်ကြောင်း သိရသည်။ တိုက်ကွမ်ဒိုပညာရပ်ကို...

နိုင်ငံခြားသားများကို ကိဗ်မှ ထွက်ခွာရန် ရုရှား သတိပေး

ရုရှားတပ်များက ယူကရိန်းမြို့တော်ကို အကြီးအကျယ်တိုက်ခိုက်ပြီးနောက်တွင် နိုင်ငံခြားသားများကို ကိဗ်မြို့တော်မှ ထွက်ခွာကြရန် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္လာနေ့တွင် တိုက်တွန်းခဲ့သည်။  ရုရှားတပ်များသည် ဒရုန်းများကို ဒီဇိုင်းထုတ်ခြင်း၊ ထုတ်လုပ်ခြင်းနှင့် ပရိုဂရမ်ရေးသားခြင်း၊ စစ်ဆင်ရေးအတွက် ၎င်းတို့ကို ပြင်ဆင်ခြင်း အပါအဝင် ယူကရိန်းကာကွယ်ရေးစက်မှုလုပ်ငန်း၏ လုပ်ငန်းဌာနများကို အစီအစဉ်တကျ၊ စဉ်ဆက်မပြတ် တိုက်ခိုက်လျက်ရှိကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့ပြီး ယူကရိန်းတပ်များသည် သောကြာနေ့က ရုရှားတက္ကသိုလ်တစ်ခုကို တိုက်ခိုက်ခဲ့သည်ဟု စွပ်စွဲခဲ့သည်။ တိုက်ခိုက်မှုများသည် ဆုံးဖြတ်ချက်ချမှတ်ရေးဌာနများနှင့် အမိန့်ပေးရေးစခန်းများကို ပစ်မှတ်ထားသွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ဆက်လက်ပြောကြားခဲ့သည်။ အထက်ဖော်ပြပါ အဆောက်အအုံများသည် ကိဗ်မြို့တစ်ဝန်းတွင် ပြန့်ကျဲတည်ရှိသောကြောင့် သံတမန်ရေးရာမစ်ရှင်များနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071