Saturday, May 30, 2026

ဗုဒ္ဓဘာသာဝင်များအထွဋ်အမြတ်ထားသည့် ဗုဒ္ဓဂါယာရှိ မဟာဗောဓီစေတီတော်ကို နိုင်ငံတော်သမ္မတ...

အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မေ ၃၁ ရက်နံနက်ပိုင်းက ဗုဒ္ဓဘာသာဝင်များအထွဋ်အမြတ်ထားသည့် ဗုဒ္ဓဂါယာယဥ်ကျေးမှုနယ်မြေရှိ မဟာဗောဓိစေတီတော်ကိုဖူးမြှော်ကြည်ညိုပြီး ရုပ်ပွားတော်မြတ်ကြီးအား ဆွမ်း၊...

အာဆီယံ-တရုတ်အဖွဲ့ဝင် ချစ်ကြည်ရေးအသင်းများအစည်းအဝေး မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို)...

တရုတ်-အာဆီယံနိုင်ငံများအကြား ချစ်ကြည်ရေးဘက်စုံတိုးမြှင့်ဆောင်ရွက်ရန် ဆွေးနွေး တရုတ်နိုင်ငံ ပြည်ပနိုင်ငံခြားတိုင်းပြည်များနှင့် ချစ်ကြည်ရေးအသင်းက ဦးဆောင်ကျင်းပသည့် အာဆီယံ-တရုတ် ချစ်ကြည်ရေးအသင်း ဥက္ကဌများ ၅ ကြိမ်မြောက်တွေ့ဆုံပွဲ အစည်းအဝေးကို မေလ...

သင်္ဘောသားများ စီးပွားရေးလုပ်ငန်းရှင်ဖြစ်မြောက်ရေး ကူညီပေးမည်

ပင်လယ်ကူးသင်္ဘောသားမှ စီးပွားရေးလုပ်ငန်းရှင်အဖြစ် အစီအစဉ်တစ်ရပ်ဖော်ဆောင်ပြီး စီးပွားရေးလုပ်ငန်းရှင် ဖြစ်မြောက်ရေးသင်တန်းများ၊ MSME ပြုစုပျိုးထောင်ရေးသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ အကြံပေးခြင်း၊ အသေးစား စီးပွားရေးလုပ်ငန်းများအတွက် ငွေကြေးအရင်းအနှီးရရှိအောင် ကူညီခြင်းများ...

ရွှေတိဂုံစေတီတော်၌ မဟာသမယအခါတော်နေ့ မင်္ဂလာအခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော်တွင် ယနေ့ (မေ ၃၀) နယုန်လပြည့်နေ့၌ (မဟာသမယအခါတော်နေ့) မင်္ဂလာအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။ ယင်းသို့ ကျင်းပရာတွင် နံနက် ၅ နာရီ၌ ရွှေတိဂုံစေတီတော်မြတ်ကြီးအား...
HomeMoviesအိန္ဒိယတွင် သင်္ချိုင်းအတွင်း ဝှက်ထားသော...

အိန္ဒိယတွင် သင်္ချိုင်းအတွင်း ဝှက်ထားသော ဓာတ်ငွေ့အိုးများကို ရှာတွေ့

        
အီရန်စစ်ပွဲကြောင့် လောင်စာရှားပါးမှုများဖြစ်နေချိန်တွင် အိန္ဒိယရဲတပ်ဖွဲ့သည် ယခုသီတင်းပတ်တွင် ဟိုက်ဒရာဘတ်မြို့ရှိ သင်္ချိုင်းတစ်ခုအတွင်း ဝှက်ထားသော မီးဖိုချောင်သုံး ဓာတ်ငွေ့အိုး ၄၁၄ လုံးကို သိမ်းဆည်းရမိခဲ့ပြီး မှောင်ခိုဈေးကွက်တွင် ရောင်းချရန်ကြိုးစားသူများကို ဖမ်းဆီးခဲ့ကြောင်း အစိုးရအရာရှိတစ်ဦးက ဧပြီလ ၂ ရက်နေ့တွင် ပြောကြားခဲ့သည်။
        
အီရန်နှင့် အမေရိက-အစ္စရေးစစ်ပွဲကြောင့် သင်္ဘောတင်ပို့မှုများ အနှောင့်အယှက်ဖြစ်ကာ ထောက်ပံ့ဖြည့်တင်းမှုပြတ်လပ်ခြင်းများဖြစ်ပေါ်ခဲ့ပြီးနောက် ရေနံဓာတ်ငွေ့ရည်(အယ်လ်ပီဂျီ) အိုးများ ဝယ်ယူစုဆောင်းမှုကို ထိန်းချုပ်ရန် အိန္ဒိယအာဏာပိုင်းများက စီးနင်းဖမ်းဆီးမှုများကို တိုးမြှင့်လုပ်ဆောင်နေခဲ့သည်။  
        
အယ်လ်ပီဂျီတင်သွင်းမှုတွင် ကမ္ဘာ့နံပါတ် ၂ နေရာတွင်ရှိနေသော အိန္ဒိယသည် ၎င်း၏ လိုအပ်ချက်၏ ၆၀ ရာခိုင်နှုန်းခန့်ကို အရှေ့အလယ်ပိုင်းမှ အများစုပါဝင်သော ပြည်ပတဆင့် ဖြည့်ဆည်းနေရခြင်းဖြစ်သည်။
      
မနေ့ကပင် စီးနင်းမှု အကြိမ် ၂,၆၀၀ ခန့်ပြုလုပ်ခဲ့ပြီး ဓာတ်ငွေ့အိုး ၇၀၀ ခန့်ကို သိမ်းဆည်းရမိခဲ့သည် ဟု ရေနံနှင့် သဘာဝဓာတ်ငွေ့ဝန်ကြီးဌာနမှ အကြီးတန်းအရာရှိ မစ္စ ဆူဂျာတာ ရှားမားက အရှေ့အလယ်ပိုင်းအကျပ်အတည်းအရေး ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
       
ထို့အပြင် ဟိုက်ဒရာဘတ်မြို့ရှိ သင်္ချိုင်းတစ်ခုအတွင်းမှ နေရာတစ်ခုတွင် ဓာတ်ငွေ့အိုး ၄၀၀ ခန့်ကို မကြာခင်က တွေ့ရှိခဲ့ကြောင်းနှင့် ထိုနေရာတွင် လူ ၁၀ ဦးကို ဖမ်းဆီးထားကာ ပါဝင်ပတ်သက်သော ဖြန့်ဖြူးရေးဆိုင်ကို လုပ်ငန်းဆိုင်းငံ့ထားသည်ဟု သူက ဆက်လက်ပြောကြားခဲ့သည်။
      
တရားခံသည် သင်္ချိုင်းတွင် ဝှက်ထားသော စီးပွားဖြစ်နှင့် အိမ်သုံး ဓာတ်ငွေ့အိုးများကို ဈေးကွက်ပေါက်ဈေးထက် ၃ ဆနီးပါးပို၍ ရောင်းချနေကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ အိန္ဒိယ ရူပီး ၂,၁၀၀ (စင်ကာပူဒေါ်လာ ၂၉ ဒေါ်လာ) ခန့်ကုန်ကျသော စီးပွားဖြစ် ဓာတ်ငွေ့အိုးတစ်အိုးကို ရူပီး ၆,၀၀၀ အထိ ရောင်းချခဲ့သည်။
        
သိမ်းဆည်းရမိသော ဓာတ်ငွေ့အိုးများနှင့် တရားခံအသုံးပြုသည့် ယာဉ်အချို့၏ စုစုပေါင်းတန်ဖိုးမှာ ရူပီး ၂ ဒဿမ ၂ သန်းနီးပါးရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
        
အယ်လ်ပီဂျီ ထောက်ပံ့ဖြန့်ဖြူးမှုအပေါ် ဖိအားများကို လျှော့ချရန်အတွက် အိန္ဒိယသည် ရေနံဆီ၊ ကျောက်မီးသွေးနှင့် ဇီဝဓာတ်ငွေ့ကဲ့သို့သော အခြားရွေးချယ်စရာများကို ပိုမိုအသုံးပြုရေးကို ဆောင်ရွက်နေပြီး အိမ်ထောင်စုများအတွက် ပိုက်လိုင်းသဘာဝဓာတ်ငွေ့ဖြန့်ဖြူးမှုကို တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။

Ref: သယ်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဗုဒ္ဓဘာသာဝင်များအထွဋ်အမြတ်ထားသည့် ဗုဒ္ဓဂါယာရှိ မဟာဗောဓီစေတီတော်ကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဖူးမြှော်ကြည်ညို

အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မေ ၃၁ ရက်နံနက်ပိုင်းက ဗုဒ္ဓဘာသာဝင်များအထွဋ်အမြတ်ထားသည့် ဗုဒ္ဓဂါယာယဥ်ကျေးမှုနယ်မြေရှိ မဟာဗောဓိစေတီတော်ကိုဖူးမြှော်ကြည်ညိုပြီး ရုပ်ပွားတော်မြတ်ကြီးအား ဆွမ်း၊ ရေချမ်းနှင့် ပန်းဆပ်ကပ်လှူဒါန်းခဲ့သည်။ နားနေဆောင်၌ အလှူငွေများလှူဒါန်းပြီး မှတ်တမ်းတင်လက်မှတ်ရေးထိုးကာ ဗုဒ္ဓဂါယာယဥ်ကျေးမှုနယ်မြေအတွင်း လှည့်လည်ဖူးမြော်ကြည်ညိုခဲ့သည်။ ဗုဒ္ဓဂါယာသို့ နိုင်ငံ့ခေါင်းဆောင်များသွားရောက်ဖူးမြော်ခြင်းသည် ဘာသာရေးဆိုင်ရာအရေးပါမှုအပြင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ယဉ်ကျေးမှုဆက်ဆံရေးမြှင့်တင်ရေးအတွက်လည်း အထူးအဓိပ္ပာယ်ရှိသည်။ ဗုဒ္ဓဂါယာသည် အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်တွင်ရှိပြီး ဂေါတမဗုဒ္ဓသည် ဗောဓိပင်အောက်တွင် သမ္မာသမ္ဗောဓိဉာဏ်တော်ရရှိခဲ့၍ ဗုဒ္ဓဘာသာဝင်များ၏ အထွတ်အမြတ်ထားရာသမိုင်းဝင်ဘုရားဖူးဒေသဖြစ်ကာ မဟာဗောဓိစေတီတော်နှင့် ဗောဓိပင်တော်တို့သည် ကမ္ဘာတစ်ဝန်းရှိ ဗုဒ္ဓဘာသာဝင်များ၏ယုံကြည်ကိုးကွယ်ရာ အထင်ကရနေရာများဖြစ်ပြီး ၂၀၀၂ ခုနှစ်တွင်...

အာဆီယံ-တရုတ်အဖွဲ့ဝင် ချစ်ကြည်ရေးအသင်းများအစည်းအဝေး မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို) တက်ရောက်

တရုတ်-အာဆီယံနိုင်ငံများအကြား ချစ်ကြည်ရေးဘက်စုံတိုးမြှင့်ဆောင်ရွက်ရန် ဆွေးနွေး တရုတ်နိုင်ငံ ပြည်ပနိုင်ငံခြားတိုင်းပြည်များနှင့် ချစ်ကြည်ရေးအသင်းက ဦးဆောင်ကျင်းပသည့် အာဆီယံ-တရုတ် ချစ်ကြည်ရေးအသင်း ဥက္ကဌများ ၅ ကြိမ်မြောက်တွေ့ဆုံပွဲ အစည်းအဝေးကို မေလ ၂၅ ရက်မှ ၂၈ ရက်‌ အထိ အန်းဟွေးပြည်နယ် HUAXIAN မြို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးကို မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို) ဥက္ကဌ ဦးတင်ဦးနှင့် အမှုဆောင် (၃) ဦးပါအဖွဲ့က ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါအစည်းအဝေးနှင့် ဆက်စပ်ပြီး အာဆီယံ-တရုတ် မိတ်ဘက်ဆက်ဆံရေး (၃၅) နှစ်မြောက်နှင့် တရုတ်-အာဆီယံ...

သင်္ဘောသားများ စီးပွားရေးလုပ်ငန်းရှင်ဖြစ်မြောက်ရေး ကူညီပေးမည်

ပင်လယ်ကူးသင်္ဘောသားမှ စီးပွားရေးလုပ်ငန်းရှင်အဖြစ် အစီအစဉ်တစ်ရပ်ဖော်ဆောင်ပြီး စီးပွားရေးလုပ်ငန်းရှင် ဖြစ်မြောက်ရေးသင်တန်းများ၊ MSME ပြုစုပျိုးထောင်ရေးသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ အကြံပေးခြင်း၊ အသေးစား စီးပွားရေးလုပ်ငန်းများအတွက် ငွေကြေးအရင်းအနှီးရရှိအောင် ကူညီခြင်းများ လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောသည်။ မြန်မာနိုင်ငံမှ ပင်လယ်ကူးသင်္ဘောသားများ အမိမြေပြန်လည်ရောက်ရှိချိန်တွင် MSME များ၌ ပါဝင်ဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေးစဉ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ MSME ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားများ အဖွဲ့ချုပ်အနေဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071