Wednesday, January 22, 2025

အသေးစား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအသစ်(၃)ခုအတွက် မြန်မာ...

အိန္ဒိယ အစိုးရ၏ အသေးစား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအသစ် (၃)ခုအတွက် ပံ့ပိုးကူညီမှုဆိုင်ရာနားလည်မှု စာချွန်လွှာကို နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ အစိုးရ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ်...

ဘာလီ၌မြေပြို၍ လူ ၅ ဦး‌ေ-သဆုံး

ဂျကာတာ၊ဇန်နဝါရီ ၂၀ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် တနင်္လာနေ့က မြေပြိုရာ ဆောက်လုပ်ရေးလုပ်သား ငါးဦးထက်မနည်း‌ေ-သဆုံးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ဒေသဆိုင်ရာမီဒီယာသို့ပြောကြားခဲ့သည်။ ကနဦးထုတ်ပြန်ချက်အရ အဆိုပါအလုပ်သမားများနေထိုင်ရာနေရာ၌ မြေပြိုခဲ့ကြောင်းသိရသည်။မြေပြိုမှု၌ အလုပ်သမားသုံးဦးမှာ လွတ်မြောက်ခဲ့ပြီး...

ကာဗွန်အခွန်စည်းကြပ်မည့် ကိစ္စ ထိုင်းအစိုးရ အတည်ပြု

ထိုင်းနိုင်ငံသည် ဖန်လုံအိမ်ဓါတ်ငွေ့လျှော့ချရေး ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအနေဖြင့် ကာဗွန်ဓါတ်ငွေ့ တစ်တန် ထုတ်လွှတ်လျှင် ဘတ် ၂၀၀ ကာဗွန်ခွန် စည်းကြပ် ကောက်ခံ ရန်...

ငွေလိမ်ဂိုဏ်းများအမြစ်ပြတ်နှိမ်နင်းရန် တရုတ်၊ မြန်မာနှင့် ထိုင်း...

တရုတ်နိုင်ငံ ကူမင်းမြို့တွင် ဇန်နဝါရီလ ၂၁ ရက်ကကျင်းပ ပြုလုပ်ခဲ့သော အစည်းအဝေး၌ အွန်လိုင်းငွေလိမ်ဂိုဏ်းမျာကို အမြစ်ပြတ်နှိမ်နင်းသွားရေးအတွက် တရုတ်၊ မြန်မာ နှင့် ထိုင်းနိုင်ငံတို့မှ...
HomeInterviewsအားကစားလုပ်ခြင်းနဲ့ ကျန်းမာရေး

အားကစားလုပ်ခြင်းနဲ့ ကျန်းမာရေး

အားကစားလုပ်ခြင်းဟာ ကျန်းမာရေးကောင်းစေတယ်လို့ လူတိုင်းက နားလည်လက်ခံထားကြပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ကျန်းမာရေးအခြေအနေနဲ့ ကိုယ်နေ့စဉ်
နေထိုင်စားသောက်ပုံတွေက အားကစားပြုလုပ်တဲ့အခါ ဘယ်လိုအကျိုးသက်ရောက်စေမလဲ ဘယ်အားကစားနည်းတွေကို
လိုက်စားသင့်သလဲဆိုတာကို နယ်ပယ်အသီးသီးက လူငယ်တွေကို မေးမြန်းပြီး စုစည်းဖော်ပြပေးလိုက်ရပါတယ်။

မခင်ဘုန်းဇော်
(Marketing Brand Communication)

ကိုယ်လက် လှုပ်ရှားမှု အားကစားကို ပြုလုပ်သင့်ပါတယ်ရှင်။အား ကစားလုပ်ခြင်းက ကျန်းမာရေးကို အမှန်တကယ်ထိရောက်တယ်။အစ်မအ ကြိုက်ဆုံး အားကစားနည်းက တိုက်ကွမ်ဒိုပါ။တခြား အားကစား နည်းတွေလည်း
ကြိုက်ပေမယ့် ကိုယ်ခံပညာက ယနေ့ခေတ်မှာ လိုအပ်သလို ကိုယ်လက် လှုပ်ရှားမှုအနေနဲ့လည်း အသုံးဝင်လို့ပါ။ အားကစား လုပ်ပြီးချိန်မှာ ဆုံးရှုံးသွား တဲ့ Energy ကို ရေနဲ့ အစားအစာကနေ ပြန်ဖြည့်ရမယ်လို့ ထင်ပါ တယ်။ အထူးသဖြင့် ချွေးထွက်သွားတဲ့အတွက် ရေနဲ့ဓာတ်ဆားဓာတ်ကတော့ မဖြစ်မနေလိုအပ်မှာပါ။ အားကစားလုပ်ရင်း ကိုယ့်ကျန်းမာရေးအတွက် ဘေး ထွက်ဆိုးကျိုး မဖြစ်အောင် ဘယ်လိုနေသင့်လဲဆိုရင် အလွန်အကျွံ မဖြစ်ဖို့နဲ့ ရေခဲရေ မသောက်မိဖို့လိုပါတယ်။ အားကစားလုပ်နေရင် ဓာတ်ဆား သို့မဟုတ် ရေဓာတ်ဖြည့် အချိုရည်သာ အကောင်းဆုံးပါ။ လူငယ်တွေအတွက် အား ကစားနဲ့ ကျန်းမာရေး ပတ်သက်တဲ့ အသိပညာတွေကို Public နဲ့ပတ်သက်တဲ့ ပြိုင်ပွဲတွေ ဥပမာ မာရသွန်လိုမျိုး ပြိုင်ပွဲတွေ များများပြုလုပ် သင့်ပါတယ်။

မသျှီသျှားစံ
(ဆရာမတော်ဝင်မြန်မာ ကိုယ်ပိုင်အထက်တန်းကျောင်း)

အားကစားဟာ ကျန်းမာရေးကို တကယ်အကျိုး ပြုပါတယ်။ အားကစား တစ်ခုခုလုပ်နိုင်ရင် မိမိအတွက်ပိုကောင်းပါတယ်။ ညီမကတော့ အပြေး အားကစားနဲ့ ကြက်တောင်ကို အကြိုက်ဆုံးပါ။ အခုတော့ အချိန်မရှိလို့ မကစားဖြစ်တော့ပါဘူး။ အခု Gym ပဲဆော့ဖြစ်ပါတယ်။ ညီမက အားကစား လုပ်ပြီးရင် အစားတွေအများကြီး ပြန်စားပြီးဖြည့်ပါတယ်။ အားကစားကလည်း တန်ဆေးလွန်ဘေးဆိုတာ လည်းရှိတော့လေ အလွန်အကျွံမဖြစ်အောင်တော့ ကစားသင့်ပါတယ်။လူငယ်တွေအတွက် ဖြစ်နိုင်ရင် အားကစားတစ်ခုခု ကစားသင့်ပါတယ်။ ကိုယ့်အတွက်လည်း အကျိုးရှိစေမယ့် ကစားနည်းမျိုးလေး ပေါ့။ ညီမဆို အခုအသက်လေး နည်းနည်းကြီးလာတော့ အမော မခံနိုင်တော့ ဘူး။ ကစားနည်းတစ်ခုခုသာ အမြဲကစားနေမယ်ဆိုရင် အသက်ကြီးလာတဲ့ထိ ကျန်းကျန်းမာမာနေထိုင်နိုင်မှာပါလို့ အကြံပြုပါရစေရှင့်။

မမေမြတ်သူ
(ကြက်တောင် ကစားသမား – နေပြည်တော်)

အားကစားနည်းတွေက အသက် အရွယ်အလိုက် လူတိုင်းလုပ်သင့်ပါတယ်။အဓိကက ကျန်းမာရေးကိုကောင်းမွန်စေပါတယ်။ ညီမအကြိုက်ဆုံး အားကစား နည်းတွေကတော့ ကြက်တောင်ရိုက်တာနဲ့ ရေကူးတာပါ။ညီမအမြင်ကတော့ အားကစား လုပ်ပြီးတဲ့အခါ ဆုံးရှုံးသွားတဲ့ Energy အတွက် Energy Drinks တွေထက် အာဟာရပြည့်ပြည့်ဝဝစားသောက်နေထိုင်ပြီး ပြန်လည်ဖြည့်သင့်ပါတယ်။အားကစား လုပ်ရင်း ဘေးထွက်ဆိုးကျိုး မဖြစ်အောင်ဆိုရင် နည်းစနစ်ကျကျ သင်ယူကစားသင့်ပါတယ်။ ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ အားကစား နည်းတွေကို ချိန်ဆပြီးကစားသင့်တယ်လို့ထင်ပါတယ်ရှင့်။

မျိုးသူစိုး
(နေပြည်တော် လူငယ်ရေးရာ ကော်မတီ)

အားကစားနည်း တစ်မျိုးကတော့ အချိန်ရရင်ရသလိုပြုလုပ်သင့်ပါတယ်။အားကစားကို ကျန်းမာရေးအတွက် ပုံမှန်လေး လုပ်ဆောင်သွားပါက ကျန်းမာရေးကို အမှန်တကယ် ထိရောက်မှု ရှိပါတယ်။ ကျွန်တော်ကတော့ ဘောလီဘော၊ ကြက်တောင်ရိုက်စတဲ့ ကစားနည်းတွေကို သဘောကျပါတယ်။ကိုယ်လက်လှုပ်ရှားတဲ့ အားကစားတိုင်းကတော့ ကျန်းမာရေးအတွက် အကျိုးြ ဖစ်စေတာမို့ ကိုယ့်အတွက် အဆင်ပြေတဲ့ အရာကို ပိုမိုလုပ်ဆောင်သင့်ပါတယ်။အားကစားလုပ်ပြီးချိန်မှာ ဆုံးရှုံးသွားတဲ့ Energy ကို အားဖြည့်အချိုရည် သောက်သုံးပေးခြင်း၊ အိပ်ရေးဝအောင် အိပ်ခြင်းတို့နဲ့ ပြန်လည် ဖြည့်တင်း သင့်ပါတယ်။ အားကစားလုပ်ရင်း ဘေးထွက်ဆိုးကျိုး မဖြစ်အောင်ဆိုရင် ရုတ်တရက်မောလို့ ရေခဲရေ သောက်လိုက်တာမျိုး၊ တစ်ခုခုကို အလျင်စလို စားလိုက်တာ မျိုးတွေကို ရှောင်သင့်ပြီး နည်းစနစ်ကျကျ အားကစားကို လုပ်ဆောင် သင့်ပါတယ်ဗျ။ လူငယ်တွေအတွက် အားကစားနဲ့ ကျန်းမာရေး အတွက် အသိပညာတွေကို လက်ကမ်း စာစောင်တွေ၊ အသိပညာပေး ဟော ပြောပွဲတွေနဲ့ လူထုပါဝင်သော ကိုယ်လက်လှုပ်ရှား အားကစားလို မျိုး Activity တွေလုပ်ရင်းနှဲ့Sharing လုပ်ပေးချင်မိပါတယ်။

မစုလဲ့လဲ့နိုင်
(Admin Of Ride Behind Kalaw)

အားကစားနည်းကတော့ နေ့စဉ်​​နေ့တိုင်း ပြုလုပ်​သင့်​ပါတယ်​။တကယ်​လည်း ထိ​ရောက်​တယ်​လို့ ထင်​ပါတယ်​။ ညီမကတော့ Basketball ကို အကြိုက်​ဆုံးပါ။ အားကစားတိုင်းက သူ့နည်းနဲ့သူ​တော့ ထိ​ရောက်​မှုရှိမှာပါ။အားကစားနည်းတွေ ကစားပြီးရင်တော့ဓာတ်​ဆား​ရည် သို့ Pocari Sweat တို့ကို ​သောက်​ပါတယ်​။ ကျန်းမာရေးအတွက် အကျိုးရှိတဲ့ ကစားနည်း တွေဆိုပေမယ့် ကိုယ့်ရဲ့ ခံနိုင်ရည် အခြေအနေကို မူတည်ပြီး အားကစား ကိုလုပ်သင့်ပါတယ်။ Over Working out ​တော့မလုပ်​သင့်​ပါဘူး။ နေ့စဉ်​ပုံမှန်​​လေး အချိန်​အပိုင်း အခြားတစ်​ခု သတ်​မှတ်​ပြီးလုပ်​ရမှာပါ။လူငယ်တွေ အနေ နဲ့တော့ အားကစားကို မူလတန်း အရွယ်​မှစလို့ အလယ်​တန်း အထက်​တန်း အရွယ်​မှာ စာ​ပေပညာ သာမကဘဲ အားကစားပါ ထူးချွန်​​အောင်​ကြိုးစား ခြင်းဖြင့်​ နိုင်​ငံ့တာဝန်​ကို ​ကျေပွန်​​အောင်​ ထမ်း​ဆောင်​ကြပါလို့ တိုက် တွန်းချင်ပါတယ်။

အောင်ပြည့်စုံ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071