Monday, July 13, 2026

သောင်ရင်းမြစ်ရေ မြဝတီမြို့၏စိုးရိမ်ရေမှတ်အထက်ရောက်ရှိနေ စုရပ်(၅)နေရာနှင့် ရေဘေးယာယီကယ်...

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ သောင်ရင်းမြစ်ရေသည် မြို့၏စိုးရိမ်ရေမှတ်အထက်တွင်ရောက်ရှိနေကာ မြစ် ကမ်းအနီးနှင့် အနိမ့်ပိုင်းရပ်ကွက်များအတွင်းသို့ရေဝင်ရောက်မှုများဖြစ်ပေါ်နေကြောင်း သိရသည်။ ထို့ကြောင့် ရေဘေးသင့်နေအိမ်များတွင်နေထိုင်သူများအား လုံခြုံရေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊...

အစိုးရသစ်လက်ထက် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများကို အာဆီယံ...

အစိုးရသစ်လက်ထက်၌ မြန်မာနိုင်ငံ၏ဖြစ်ပေါ်တိုး တက်မှုများကို နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေက အာဆီယံနိုင်ငံခြားရေးဝန် ကြီးများကြား အလွတ်သဘောအစည်းအဝေးတွင် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကြား အလွတ်သ ဘောအစည်းအဝေးကို ဇူလိုင်...

Seafarers Support Fund သည်...

"MLC 2006 အရ သင်္ဘောသားတွေအတွက် ရန်ပုံငွေတစ်ရပ်ထူထောင်ထားဖို့ SRPS ကုမ္ပဏီတွေကစုပေါင်းဆောင်ရွက်ထားရပါတယ်။ ဒါကို DMA က ကြီးကြပ်လမ်းညွှန်ပေးခဲ့ပြီး MSESF က...

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးကို သြဂုတ်...

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးကို သြဂုတ် ၃ ရက်နံနက် ၁၀ နာရီမှစတင်ကာ ပုသိမ်မြို့၌ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ(အားလုံး)၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ(အားလုံး)အနေဖြင့် သြဂုတ်...
HomeNewsLocal Newsအာရှချန်ပီယံလိဂ် ခြေစစ်ပွဲပါဝင်ယှဉ် ပြိုင်မည့်...

အာရှချန်ပီယံလိဂ် ခြေစစ်ပွဲပါဝင်ယှဉ် ပြိုင်မည့် အမျိုးသမီးအသင်း(၄)သင်း နည်းပြချုပ်တို့၏ ပွဲကြိုသတင်းစကား

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အာရှချန် ပီယံလိဂ်အမျိုးသမီးအသင်းခြေစစ်ပွဲအုပ်စုအဆင့်ပွဲစဉ်များကို မနက်ဖြန် ဩဂုတ်(၂၅)ရက် ညနေပိုင်းအချိန်တွင် ISPE အမျိုးသမီးအသင်းက ဧည့်ခံယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။

ယင်းအတွက် ယနေ့ ဩဂုတ်(၂၄)ရက်၌ ရန်ကုန်မြို့ သုဝဏ္ဏကွင်းရှိ Press Conference Room တွင် သတင်းစာရှင်း လင်းပွဲပြုလုပ်ခဲ့ပြီး ပါဝင်ယှဉ်ပြိုင်မည့် အသင်း(၄)သင်း၏ နည်းပြချုပ်များက ပွဲကြိုသတင်းစကားများပြောကြားခဲ့သည်။

“ဒီပြိုင်ပွဲ မတိုင်မီကတည်းက ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ပြိုင်ဘက်အသင်းတွေရဲ့ ကစားပုံကို လေ့ လာထားပါတယ်။ ကျွန်မတို့ အသင်းအကောင်းဆုံး ကစားနိုင်မယ်လို့ ယုံကြည်ထားပါတယ်။ တစ်ပွဲချင်း အာရုံစိုက် ပြင် ဆင်သွားမှာပါ။ ပရိသတ်ကို ပျော်ရွှင်မှုပေးနိုင်အောင် ကြိုးစားသွားမှာပါ” ဟု ISPE အမျိုးသမီးအသင်းနည်းပြချုပ် ဒေါ်စန်းစန်းသိန်းက ဆိုသည်။

ထို့အတူ “ပွဲဦးထွက်မှာ အိမ်ရှင် ISPE အသင်းနဲ့ ကစားရမှာဖြစ်လို့ ခက်ခဲမှာဖြစ်ပေမယ့် ကြိုးစားယှဉ်ပြိုင်သွားမှာပါ။ အသင်းမှာ နိုင်ငံခြားသား ကစားသမား မပါဘူး။ အခြားအသင်းတွေနဲ့ ယှဉ်ရင်အားနည်းပေမယ့် ယုံကြည်မှု အပြည့်နဲ့ ကစားသွားမှာ ဖြစ်ပါတယ်”ဟု ဂူအမ်ကလပ် Bank of Gu am Strykers FC အမျိုးသမီးအသင်း နည်းပြချုပ် Gadia ကလည်း ဆိုသည်။

အလားတူ နိုင်ငံခြားသားကစားသမား (၈)ဦးအထိ ပါဝင်လာသည့် ဖိလစ်ပိုင်ကလပ် Stallion Laguna FC အမျိုးသမီးအသင်း၏ နည်းပြချုပ်ဖြစ်သူ Thomas Victoria က “ဒီပြိုင်ပွဲ ဝင်ရောက်ခွင့်ရလို့ ကျေနပ်မိပါတယ်။ ပြိုင်ပွဲမတိုင်မီ မြန်မာနိုင်ငံကို ကြိုတင်လာရောက်ပြီးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့လို့ ဒီကရာသီဥတုနဲ့ အသားကျနေပြီ ဖြစ်ပါတယ်။ အသင်းမှာ နိုင်ငံခြားသားက စားသမား ရှစ်ယောက် ပါဝင်ပါတယ်။ ISPE အသင်းက မြန်မာ့လက်ရွေးစင်တွေပါဝင်လို့ အသင်းကောင်းတစ်သင်းပါ” ဟု သတင်းစကားပါးသည်။

ထို့ပြင် မွန်ဂိုလီးယားကလပ် Khovd Western FC အသင်းနည်းပြချုပ် Bayarmagnai ကလည်း”ကျွန်တော်တို့ အုပ်စုမှာ အသင်းကောင်းတွေ ပါဝင်နေလို့ ပွဲတိုင်းက ခက်ခဲနေမှာပါ။ ကျွန်တော်တို့အကောင်းဆုံး ပြင်ဆင်သွားပါမယ်။ ISPE နဲ့ Stallion တို့မှာ လက်ရွေးစင်က စားသမားတွေ ပါနေတာမို့ တောင့်တင်းတဲ့ အသင်းတွေပါ”ဟု ပြောကြားသည်။

မြန်မာကလပ်အသင်းဖြစ်သည့် ISPE အမျိုးသမီးအသင်းတွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းမှ ကစားသမား (၅)ဦးကို ကာလတို အငှားစာချုပ်ဖြင့် ခေါ်ယူထားကြောင်းသိရသည်။

ပြိုင်ပွဲအား Pyone Play Sports နှင့် Readers Channel တို့မှ တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သောင်ရင်းမြစ်ရေ မြဝတီမြို့၏စိုးရိမ်ရေမှတ်အထက်ရောက်ရှိနေ စုရပ်(၅)နေရာနှင့် ရေဘေးယာယီကယ် ဆယ်ရေးစခန်း(၁၁)ခုဖွင့်လှစ်ထား

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ သောင်ရင်းမြစ်ရေသည် မြို့၏စိုးရိမ်ရေမှတ်အထက်တွင်ရောက်ရှိနေကာ မြစ် ကမ်းအနီးနှင့် အနိမ့်ပိုင်းရပ်ကွက်များအတွင်းသို့ရေဝင်ရောက်မှုများဖြစ်ပေါ်နေကြောင်း သိရသည်။ ထို့ကြောင့် ရေဘေးသင့်နေအိမ်များတွင်နေထိုင်သူများအား လုံခြုံရေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များနှင့် သက် ဆိုင်ရာအဖွဲ့အစည်းများက ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းပေးလျက်ရှိကြောင်း သိရသည်။ " မိုးကဆက်တိုက်ရွာနေတော့ သောင်ရင်းမြစ်ရေကအ တော်တက်လာတာ။ အနိမ့်ပိုင်းရပ်ကွက်တွေထဲရေတွေဝင်လာတယ်။ ဒါ့ကြောင့် အဲဒီရေဝင်နေတဲ့အိမ်တွေက လူတွေရယ် ရေဝင်နိုင်တဲ့အိမ်တွေကလူတွေရယ်ကို ရေ ဘေးကယ်ဆယ်ရေးစခန်းတွေဆီရွှေ့ပေးနေပါတယ်။ မြဝတီမြို့မှာ ရေဘေးကူညီကယ်ဆယ်ဖို့ စုရပ်(၅)နေရာသတ်မှတ်ထားပါတယ်။ နောက် ရေဘေးယာယီကယ် ဆယ်ရေးစခန်းက (၁၁)ခုဖွင့်လှစ်ပေးထားပါတယ်"ဟု ဒေသခံလူမှုကူညီရေးအသင်းဝင်တစ်ဦးက ပေါ်ပြူလာနယူးစ်ကို...

အစိုးရသစ်လက်ထက် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘောအစည်းအဝေး၌ MOFA ပြည်ထောင်စုဝန်ကြီး ပြောကြား

အစိုးရသစ်လက်ထက်၌ မြန်မာနိုင်ငံ၏ဖြစ်ပေါ်တိုး တက်မှုများကို နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေက အာဆီယံနိုင်ငံခြားရေးဝန် ကြီးများကြား အလွတ်သဘောအစည်းအဝေးတွင် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကြား အလွတ်သ ဘောအစည်းအဝေးကို ဇူလိုင် ၁၂ ရက်က ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ကျင်းပခဲ့ကြောင်း သိရသည်။ ရွေးကောက်ခံအစိုးရသစ်အနေဖြင့် နိုင်ငံတော်တာဝန် စတင်ယူချိန်မှစ၍ နိုင်ငံတော်တည်ငြိမ်ရေး၊ တရားဥပ ဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားဖွံ့ဖြိုးတိုး တက်ရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ အွန်လိုင်းလိမ်လည်မှု၊ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုတို့အပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေးဆောင်ရွက်နေမှုများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။ အာဆီယံက AHA Centre မှတစ်ဆင့်ပေးအပ်သည့် လူ သားချင်းစာနာမှုအကူအညီများကို ခွဲခြားမှုမရှိဘဲဖြန့်ဝေပေးအပ်နေမှု၊...

Seafarers Support Fund သည် သင်္ဘောသားများအတွက် အကျိုးကျေးဇူးများစွာရရှိနိုင်ဟု MSESF ဥက္ကဌ ပြောကြား

"MLC 2006 အရ သင်္ဘောသားတွေအတွက် ရန်ပုံငွေတစ်ရပ်ထူထောင်ထားဖို့ SRPS ကုမ္ပဏီတွေကစုပေါင်းဆောင်ရွက်ထားရပါတယ်။ ဒါကို DMA က ကြီးကြပ်လမ်းညွှန်ပေးခဲ့ပြီး MSESF က အကောင်အထည်ဖော်ဆောင်ရွက်နေပါတယ်။ ရရှိလာတဲ့ ရန်ပုံငွေတွေကို SRPS ကိုယ်စားလှယ်တွေ၊ သက်ဆိုင်ရာနယ်ပယ်က ကျွမ်းကျင်ပညာရှင်တွေ စုစည်းထားတဲ့ကော်မတီတစ်ရပ်က ထိန်းသိမ်းပြီး SRPS တွေရဲ့အများပိုင် ရန်ပုံငွေ အဖြစ်ထားရှိပြီး ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ သုံးစွဲရမှာဖြစ်ပါတယ်။ DMA ကိုပေးသွင်းရတာမျိုးမဟုတ်သလို လိုင်စင်ကြေးလည်းမဟုတ်ပါဘူး။ တရားဝင်ထွက်ခွာခဲ့တဲ့ သင်္ဘောသားတွေ စွန့်ပစ်ခံရမှု၊ လစာမရရှိမှု၊ ပြန်လည်ခေါ်ဆောင်နိုင်ရေးနဲ့ မြန်မာသင်္ဘောသားများအလုပ်အကိုင်အခွင့်အလမ်းတွေပိုမိုတိုးတက်ရရှိလာနိုင်စေရေးနဲ့ အခြားအရေးပေါ်အခြေအနေတွေမှာ အကာအကွယ်ပေးနိုင်ဖို့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071