Monday, May 12, 2025

ချင်းတွင်းမြစ်ကူးတံတား (ထမံသီ) တည်ဆောက်ရေး လုပ်ငန်းတွင်...

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်အတွင်း ဆောက်လုပ်နေသည့် ချင်းတွင်းမြစ်ကူးတံတား (ထမံသီ) တည်ဆောက်ရေးလုပ်ငန်းများသည် ပင်းမာကမ်းနှင့်ထမံသီကမ်းအထိ တံတားဆက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ ယင်းချင်းတွင်းမြစ်ကူး တံတား(ထမံသီ)ကို ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်နှင့်...

ယူကရိန်းနှင့် တိုက်ရိုက်ဆွေးနွေးရေး ပူတင်အဆိုပြု

မေလ ၁၅ ရက် နေ့၌ တုကီ‌ယေးနိုင်ငံတွင် ယူကရိန်းနှင့် တိုက်ရိုက်ဆွေးနွေးရေးကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်က မေလ ၁၁ ရက်နေ့တွင်...

ငလျင်ဒဏ်သင့် မန္တလေးပြည်သူ့ဆေးရုံကြီး ကိုးထပ်ဆောင် ပြန်လည်ဖွင့်လှစ်နိုင်ပြီဟုဆို

မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေး ငလျင်ကြီးကြောင့် ပျ-က်စီးမှုများရှိခဲ့သည့် မန္တလေးပြည်သူ့ဆေးရုံကြီးရှိ အထွေထွေရောဂါကု (၉) ထပ်ဆောင်ကို ပြန်လည်ဖွင့်လှစ်နိုင်ပြီ ဖြစ်ကြောင်း...

စားအုန်းဆီရည်ညွှန်းဈေးကျလာပြီး (၆,၆၂၀)ကျပ်သာသတ်မှတ်

ယခုရက်သတ္တပတ် မတ်လ(၁၂)ရက်မှ (၁၈)ရက်အထိ စားအုန်းဆီရည်ညွှန်းဈေးကျလာပြီး စားအုန်းဆီတစ်ပိဿာလျှင် (၆,၆၂၀)ကျပ်ဖြင့်ရောင်းချရန် သတ်မှတ်ထားကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။ လက်ရှိတွင် မလေးရှားနှင့် အင်ဒိုနီးရှားမှ မြန်မာနိုင်ငံကို...
HomeEntertainmentပြည်တွင်းသတင်း Eventအာဆီယံ နှစ်ငါးဆယ်ပြည့် အကပြိုင်ပွဲတွင်...

အာဆီယံ နှစ်ငါးဆယ်ပြည့် အကပြိုင်ပွဲတွင် ဓီရာမိုရ် အပါအဝင် အနုပညာတချို့ ဒိုင်အဖြစ် ပါဝင်မည်

Pyi-twin

အာဆီယံ ထူထောင်ခြင်းနှစ် ၅ဝပြည့်၊ မြန်မာနိုင်ငံ အနေနဲ့  အာဆီယံ အဖွဲ့ဝင်နိုင်ငံဖြစ်တာ နှစ်၂ဝပြည့်မြောက်အဖြစ် အကပြိုင်ပွဲ တစ်ခုကို မကြာခင်ကျင်း ပပြုလုပ်မှာဖြစ်ပါတယ်။ ဒီပွဲမှာ အာဆီယံနိုင်ငံဆယ်နိုင်ငံရဲ့ ရိုးရာ အကတွေကို အမျိုးသားယဉ်ကျေး မှုနှင့် အနုပညာ တက္ကသိုလ်များမှ ကျောင်းသူကျောင်း သားများ က ယှဉ်ပြိုင် ကပြကြမှာဖြစ် ပါတယ်။

ပြိုင်ပွဲမှာ မြန်မာနိုင်ငံက ဂီတပညာ ရှင်တစ်ဦးဖြစ်သူ ဓီရာမိုရ် အပါအဝင် အနုပညာရှင်တချို့က ဒိုင်အဖြစ်ပါ ဝင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ဓီရာမိုရ် ရေးစပ်ထားတဲ့ အာဆီယံ Theme Song ကိုလည်း တင်ဆက်မှာဖြစ် ပါတယ်။ အဆိုပါပွဲကို စိတ်ပါဝင် စားသူ မည်သူမဆိုအခမဲ့ လာရောက် ကြည့်ရှုလို့ ရပါတယ်လို့ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (မန္တလေး) မှ ပါမောက္ခ ချုပ် ဒေါ်ခင် ကြည်ပြာ ကပြောပါတယ်။

“ကျွန်မတို့ က သက်ဆိုင်ရာနိုင်ငံ တွေဆီက သူတို့ရဲ့အကရယ် ဂီတ ရယ်ကို နိုင်ငံခြားရေး ဝန်ကြီးဌာန ကနေတစ်ဆင့် နမူနာ အခွေလေးတွေ တောင်းလိုက်ပါတယ်။ ပြီးတော့ ကလေးတွေ ကိုလေ့ကျင့်ပေးပါ တယ်။ တစ်မျိုးကို သုံးယောက်စီ ယှဉ်ပြိုင်ပြီး အယောက်သုံးဆယ်ထဲ က ဆယ်ယောက် ပြန်ရွေးမှာ ဖြစ် ပါတယ်။ အဲဒီ ၁ဝ ယောက်က သြဂုတ်လ ၁၄ ရက်နေ့ မှာလုပ်မယ့် အာဆီယံနှစ် ၅ဝ ပြည့်အထိမ်းအမှတ် ပွဲမှာ ဆုပေးမယ်။ သူတို့က ပါမောက္ခ မောင်မောင်ဇော်ထက် (ဓီရာမိုရ်)ရေးစပ်ထားတဲ့ အာဆီယံ Theme Song ကို တင်ဆက်ကြမှာ ဖြစ်ပါ တယ်” လို့ သူမကပြောပါတယ်။

အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်)မှ ပါမောက္ခ ဦးမောင်မောင်ဇော်ထက် (ဓီရာမိုရ်) က “ကျွန်တော်ကတော့ တေးဂီတ အပိုင်းပေါ့ Theme Song ဖန်တီးတာရယ် ဂုဏ်ပြုသီချင်း ဖန်တီးတာရယ် အကပြိုင်ဖို့  အတွက် နိုင်ငံအသီးသီးက ပို့ တဲ့သီချင်း ၃ပုဒ် ဆီထဲက တစ်ပုဒ်စီပြန်ရွေးတာရယ် အဲဒီတာဝန် ယူထားပါတယ်။ သူတို့ နိုင်ငံရဲ့ မူရင်းသီချင်းတွေဖြစ်တဲ့ အတွက် သီချင်းတွေကိုတော့ ပြန်ပြီး ပြုပြင်ထားတာမျိုး မလုပ်ပါဘူး ။ ပြုပြင်လိုက်ရင် ပုံစံပြောင်းသွားတာ တို့ တူရိယာ မရှိတာတို့ ဖြစ်သွားနိုင်ပါ တယ်” လို့ ပြောပါတယ်။ အကပြိုင်ပွဲကို အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္က သိုလ်(ရန်ကုန်)နှင့် (မန္တ လေး)မှ ၁ဝ ဦးစီ၊အနုပညာအထက် တန်းကျောင်း (ရန်ကုန်)နှင့် (မန္တလေး)တို့ မှ ၅ ဦးစီ ၊စုစုပေါင်း ၃ဝ ဦးပါဝင် ယှဉ်ပြိုင် ကပြသွားကြမယ်လို့ သိရပါတယ်။ပြိုင်ပွဲကို သြဂုတ်လ ၇ ရက်နေ့ မှာ ရန်ကုန်မြို့ ရှိ၊ အမျိုးသား ကဇာတ်ရုံ မှာ နေ့လယ် ၁နာရီက စတင် ယှဉ် ပြိုင်ကပြကြမှာပါ။

YL,PHA

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071