သြစတြေးလျနိုင်ငံ၊ ဒီလိုင်းဒ်မြို့တွင် ကျင်းပသည့် သြစတြေးလျ-အာဆီယံ စီးပွားရေးဖိုရမ် ၂၀၂၅ ၏ ဆက်စပ်အစည်းအဝေးတွင် အာဆီယံ အတွင်းရေးမှုးချုပ်က အာဆီယံ-သြစတေးလျဗဟိုဌာန (ACC) ၏ အကြံပေးဘုတ်အဖွဲ့ဝင်များနှင့် ယနေ့တွေ့ဆုံခဲ့သည်။
ပြီးခဲ့သောနှစ်တွင် စတင်ခဲ့သော အာဆီယံ-သြစတြေးလျ ဆက်ဆံရေး စတင်တည်ထောင်လည်ပတ်မှုတွင် ACC ၏ လုပ်ဆောင်ချက်များကို အာဆီယံအတွင်းရေးမှုးချုပ်ဒေါက်တာ ကောင်းကင်မ်ဟွန် ကချီးကျူးဂုဏ်ပြုခဲ့သည်။
အာဆီယံနှင့် သြစတြေးလျတို့အကြား ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်း၊ ပညာရေးနှင့် ယဉ်ကျေးမှုဖလှယ်မှုများကို ပိုမိုအားပေးခြင်းအားဖြင့် အာဆီယံ-သြစတြေးလျ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး တိုးတက်မှုကို ဗဟိုဌာနအနေဖြင့် ဆက်လက် အထောက်အကူပြုနိုင်မည်ဟု၄င်းက မျှော်လင့်ကြောင်းပြောကြားခဲ့သည်။
