ကျင်းပပြီးစီးခဲ့ပြီဖြစ်သည့် အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းခေါင်းဆောင် ဝင်းသိ င်္ဂီထွန်းသည် Most Dynamic Player အဖြစ် သတ်မှတ်ခံရကြောင်း သိရသည်။
ပရိသတ်များ၏ မဲပေးရွေးချယ်မှုဖြင့် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ဝင်းသိင်္ဂီထွန်းသည် ချန်ပီယံ သြစတြေးလျအသင်းမှ Leticia McKenna ၊ အိမ်ရှင်ဗီယက်နမ်မှ Huynh Nhu ၊ ထိုင်းအသင်းမှ Madison Casteen နှင့် မြန်မာအသင်းမှ အသင်းဖော် ဂိုးသမား မျိုးမြမြငြိမ်းတို့ကို ကျော်လွှားပြီး ယင်းသို့သတ်မှတ်ခံရခြင်းလည်း ဖြစ်သည်။
ဝင်းသိင်္ဂီထွန်းသည် ပြိုင်ပွဲတလျှောက်လုံးတွင် (၇) ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ဂိုးသွင်းအများဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့သေးသည်။
သူမ၏ စွမ်းဆောင်ရည်များသည်လည်း မြန်မာအသင်းအတွက်အရေးပါခဲ့ပြီး မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ၂၀၂၅ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲတွင် ဒုတိယရရှိခဲ့သည်။
