Monday, August 10, 2026

မြဝတီမြို့တွင် ပြည့်တန်ဆာလုပ်ငန်းများကင်းရှင်းပ ပျောက်စေရေးအတွက် ထိထိရောက်ရောက်အရေးယူဆောင်ရွက်မည်

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ပြည့်တန်ဆာလုပ်ငန်းများကင်းရှင်းပ ပျောက်စေရေးအတွက် ထိထိရောက်ရောက်အရေးယူဆောင်ရွက်မည်ဟု ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးဝင်းက ပြောကြားသည်။ ယနေ့ သြဂုတ် ၁၀...

၂၀၂၆ – ၂၀၂၇ ပညာသင်နှစ်...

နေပြည်တော်၊ ဩဂုတ်-၁၀ ပညာရေးဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကျောင်းပြင်ပရောက်ကလေးများအတွက် အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းပြင်ပ မူလတန်းပညာရေးနှင့် ကျောင်းပြင်ပအလယ်တန်းပညာရေး အတန်းနေရာ ချထားမှု...

ငဝန်ရေကာတာ တာတမံနိမ့်ကျမှုကြောင့် ဟင်္သာတမြို့ နယ်ရှိ...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာတမံနိမ့်ကျမှုကြောင့် ဟင်္သာတမြို့နယ်မှ ကျေးရွာ (၂၈)ရွာအတွင်းသို့ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိရာ ရေဘေးယာယီကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ထားရကြောင်း သိရသည်။ ရေဝင်ရောက်မှုများကြောင့် ရေဘေးယာယီကယ်ဆယ်ရေးစခန်းများကို လဟာပကျေးရွာ၊ ကညင်ငူကျေးရွာ၊ အုပ်ပုံကျေးရွာ၊...

ကျိုင်းတုံမြို့တွင် အထူးကုဆေးကုသရေးအဖွဲ့ ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်

ကျိုင်းတုံ၊ ဩဂုတ် ၁၀မန္တလေးနှင့် နေပြည်တော် ပြည်သူ့ဆေးရုံကြီးများမှ ပါမောက္ခ/ အထူးကုဆရာဝန်ကြီး ၁၁ ဦး ပါဝင်သော အထူးကု ဆေးကုသရေးအဖွဲ့သည် ဩဂုတ်...
HomeMoviesအာဆီယံ ကို စည်းလုံးညီညွတ်ရန်...

အာဆီယံ ကို စည်းလုံးညီညွတ်ရန် အနူတင် တိုက်တွန်း

ကြီးမားလာသောပထဝီနိုင်ငံရေး မတည်ငြိမ်မှုနှင့် စီးပွားရေး မရေရာမှုများကို ရင်ဆိုင်နေရချိန်တွင် အာဆီယံအတွင်း ပိုမိုခိုင်မာသော ဒေသတွင်းစည်းလုံးညီညွတ်မှု၊ ပြန်လည်ရုန်းထနိုင်စွမ်းရှိမှုနှင့် ကမ္ဘာတစ်ဝန်းနှင့် ဆက်စပ ပတ်သက်မှုတို့ ရှိစေရန် ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်က တောင်းဆိုခဲ့သည်။

 အရှေ့အလယ်ပိုင်း ပဋိပက္ခကဲ့သို့သော အကျပ်အတည်းများသည် ပိုမိုကျယ်ပြန့်ပြီး ခန့်မှန်းရခက်သော နိုင်ငံတကာအစီအစဉ်ကို ထင်ဟပ်နေကာ ကမ္ဘာ့အခြေအနေများသည် အလျင်အမြန်ပြောင်းလဲနေကြောင်း မစ္စတာ အနူတင်က အလေးပေးပြောကြား ခဲ့သည်ဟု သောကြာနေ့က ဖိလစ်ပိုင်နိုင်ငံ စီဘူးကျွန်းတွင် ကျင်းပခဲ့သော အာဆီယံခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးအပြီး ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ရာချာဒါ ဒါနာဒီရက်ခ်က ပြောကြားခဲ့သည်။

နိုင်ငံတကာ အသိုက်အဝန်းက ကြာမြင့်စွာ အားကိုးအားထားပြုခဲ့သော ဘက်စုံစနစ်သည် သိသာထင်ရှားသော ပြောင်းလဲမှုများဖြစ်ပေါ်နေကာ “ကမ္ဘာကြီးသည် အရင်လိုပြန်မဖြစ်တော့ပါ” ဟု ဝန်ကြီးချုပ်က မှတ်ချက်ပြု ပြောကြားခဲ့ကြောင်း ရာချာဒါက ပြောကြားခဲ့သည်။

အာဆီယံသည် ဆွေးနွေးမှု၊ ချုပ်တည်းမှုနှင့် အငြင်းပွားမှုကို ငြိမ်းချမ်းစွာဖြေရှင်းမှု ကဲ့သို့သော အခြေခံ မူများကို အလိုအလျောက်ဖြစ်ပေါ်လာမည်ဟု ယူဆ၍ မရတော့ကြောင်းနှင့် ယင်းမူများကို တက်ကြွစွာ ဖြင့် အား ကောင်း ခိုင်မာ စေရမည်ဟု သတိပေးခဲ့သည်။

၁၁ နိုင်ငံပါဝင်သော အစုအဖွဲ့သည် ဖြစ်လာသည့် အခြေအနေအပေါ်မူတည်၍ တုန့်ပြန်သော ရပ်တည်ချက်ကို ထားရှိခြင်းထက် ပိုမိုလျင်မြန်ဖျတ်လတ်မှုနှင့် မဟာဗျူဟာမြောက် သော ကြိုတင် အမြင်ဖြင့် ပေါ်ပေါက်လာသော စိန်ခေါ်မှုများကို တုန့်ပြန်ရန် လိုအပ်ကြောင်း ကိုလည်း ၎င်းက ပြောကြားခဲ့သည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြဝတီမြို့တွင် ပြည့်တန်ဆာလုပ်ငန်းများကင်းရှင်းပ ပျောက်စေရေးအတွက် ထိထိရောက်ရောက်အရေးယူဆောင်ရွက်မည်

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ပြည့်တန်ဆာလုပ်ငန်းများကင်းရှင်းပ ပျောက်စေရေးအတွက် ထိထိရောက်ရောက်အရေးယူဆောင်ရွက်မည်ဟု ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးဝင်းက ပြောကြားသည်။ ယနေ့ သြဂုတ် ၁၀ ရက်ကကျင်းပသည့် တတိယအ ကြိမ် ကရင်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်း အ ဝေး(ပထမနေ့)တွင် မြဝတီမြို့၌ ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်မှုများလာ၍ ယင်း အနှိပ်ခန်းနှင့် ပြည့်တန်ဆာရုံများကိုပိတ်သိမ်းပြီး ဖမ်းဆီးအရေးယူရန် ရှိ/မရှိကရင်ပြည်နယ်လွှတ်တော် ဒု-ဥက္ကဋ္ဌဦးအေးမင်းထွေး၏မေးမြန်းမှုကိုပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ မြဝတီမြို့တွင် ပြည့်တန်ဆာလုပ်ငန်းများကင်းရှင်းပ ပျောက်စေရန် ဖော် ထုတ်ဖမ်းဆီးအရေးယူခြင်းများကို မိတ်ဘက်အဖွဲ့အစည်းများနှင့်ပူးပေါင်း ၍ ထိထိရောက်ရောက်အရေးယူသွားမည်ဟု ပြောသည်။ ထို့ပြင် အသိပညာပေးလုပ်ငန်းများကိုလည်း ယခုထက်ပို၍ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်သွားမည်ဖြစ်ကာ...

၂၀၂၆ – ၂၀၂၇ ပညာသင်နှစ် ကျောင်းပြင်ပမူလတန်းနှင့် အလယ်တန်းပညာရေး အတန်းနေရာချထားမှု (Placement Test) စစ်ဆေး

နေပြည်တော်၊ ဩဂုတ်-၁၀ ပညာရေးဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကျောင်းပြင်ပရောက်ကလေးများအတွက် အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းပြင်ပ မူလတန်းပညာရေးနှင့် ကျောင်းပြင်ပအလယ်တန်းပညာရေး အတန်းနေရာ ချထားမှု စစ်ဆေးခြင်း၊ (Placement Test) စာမေးပွဲကို ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ကျောင်းပြင်ပရောက် မူလတန်းကျောင်းသား၊ ကျောင်းသူ ၆၉၃ ဦးနှင့် အလယ်တန်း ကျောင်းသား၊ ၁၆၆၂ ဦးတို့ လာရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။ အဆိုပါ Placement Test စာမေးပွဲကို ဩဂုတ် ၉ ရက်၊ မနက် ၉ နာရီတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ...

ငဝန်ရေကာတာ တာတမံနိမ့်ကျမှုကြောင့် ဟင်္သာတမြို့ နယ်ရှိ ကျေးရွာ(၂၈)ရွာအတွင်းရေဝင်နေ ရေဘေးယာ ယီကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ထားရ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာတမံနိမ့်ကျမှုကြောင့် ဟင်္သာတမြို့နယ်မှ ကျေးရွာ (၂၈)ရွာအတွင်းသို့ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိရာ ရေဘေးယာယီကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ထားရကြောင်း သိရသည်။ ရေဝင်ရောက်မှုများကြောင့် ရေဘေးယာယီကယ်ဆယ်ရေးစခန်းများကို လဟာပကျေးရွာ၊ ကညင်ငူကျေးရွာ၊ အုပ်ပုံကျေးရွာ၊ ထိန်ကုန်းကျော်ကျေးရွာတို့တွင်ဖွင့်လှစ်ထားပြီး ရေဘေးသင့်သူ(၂,၁၄၁)ဦးကိုပြောင်းရွေ့နေ ထိုင်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် ကျေးရွာအုပ်စု (၁၄)စုမှ မိုးစပါးစိုက်ဧက (၁၂,၆၃၂)အတွင်းသို့လည်း ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071