အာဆီယံစီးပွားရေး အသိုက်ဝန်း(အေအီးစီ) ကို ၂၀၁၆ ခုနှစ်က စတင်အကောင်ထည်ဖော်ခဲ့ပြီး (၂၀၁၆-၂၀၂၅) လက်ရှိ အချိန် လုပ်ငန်းစဉ်ပေါင်း(၃၈၀၀)ကျော်ရှိသည့်အနက်၇၅ ရာခိုင်နှုန်းကို အကောင် အထည်ဖော်ပြီးဖြစ်ကြောင်း သိရသည်။
စတင်အကောင်ထည် ဖော်ခဲ့သည့် ၂၀၁၆ ခုနှစ်က အေအီးစီ လုပ်ငန်းစဉ် (၁၇၀၀)ကျော်သာရှိခဲ့ရာမှ လက်ရှိတွင် (၃၈၀၀) ကျော်အထိ တိုးမြင့်လာခြင်းဖြစ်သည်။
အဆိုပါ လုပ်ငန်းစဉ်များအနက် ၇၅ ရာခိုင်နှုန်းကျော်ကို အကောင်ထည်ဖော်ပြီးကြောင်း နှင့် ၂၀၂၅ခုနှစ်ကုန်တွင် ၉၀ ရာခိုင်နှုန်းအထိ ပြီးစီးရန် မျော်မှန်းထားကြောင်း ရင်းနှီးမြု ပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်က ပြောသည်။
အာဆီယံစီးပွားရေး အသိုက်အဝန်း (အေအီးစီ) ၂၀၂၅ အကောင်ထည်ဖော်ရေး လုပ်ငန်းကော်မတီအစည်းဝေးကို ယမန်နေ့ အောက်တိုဘာ(၁၀)ရက်က ကျင်းပခဲ့ပြီး ပြည်ထောင် စုဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အေအီးစီ၏ ကျန်ရှိနေသောလုပ်ငန်းစဉ်များကိုလည်း ၂၀၂ ၅ အလွန်တွင်လည်း ဆက်လက်အကောင်ထည်ဖော်ဆောင်ရွက်မည်ဟု သိရသည်။
အာဆီယံအနေဖြင့် စီးပွားရေးမဏ္ဍိုင် ၂၀၄၅ ခုနှစ်၏ နှစ်(၂၀) TIME FRAME အောက်တွင် (၅)နှစ်တာလုပ်ငန်းအစီအစဉ် (၄)ခုကို ရေးဆွဲချမှတ်အကောင်ထည်ဖော်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
