၂၀၀၈ ခုနှစ်မှစတင်ကာ (၃)နှစ်လျှင်တစ်ကြိမ် စိစစ်ရွေးချယ်လျက်ရှိသည့် အာဆီယံစဉ်ဆက်မပြ-တ် တိုးတက်ဖွံ့ဖြိုးမှုအရှိဆုံးမြို့ဆုကို ၂၀၂၅ ခုနှစ်အတွက် မြန်မာနိုင်ငံကိုယ်စားပြု ကရင်ပြည်နယ်၏ မြို့တော် ဘားအံမြို့မှ ရရှိခဲ့သည်။
ယင်းဆုကို အာဆီယံ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ရှေရှည်တည်တံ့သော မြို့ကြီးများလုပ်ငန်းအဖွဲ့ (ASEAN Working Grou p on Environmentally Sustainable Cities- AWGESC) မှ ရွေးချယ်ပေးအပ်ခြင်းဖြစ်ပြီး ဆုပေးပွဲအခမ်းအနားကို အောက်တိုဘာ (၃)ရက်က မလေးရှားနိင်ငံ ၊လန်ကာဝီ၌ ကျင်းပခဲ့ပြီးဖြစ်သည်။
လက်ရှိ၌ ကရင်ပြည်နယ်တွင် သဘာဝကို အခြေခံပြီးခရီးသွားလုပ်ငန်းများ ဆောင်ရွက်နေလျက်ရှိပြီး ပြည်တွင်းခရီးသွားများသာမက ကမ္ဘာလှည့်ခရီးသွားများပါ စိတ်ဝင်စားသည့်နေရာဒေသများစွာရှိနေကြောင်းလည်း ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။
