Tuesday, May 26, 2026

အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေ ကြမ်းအတွက် အကြံပြုချက်များပေးပို့နိုင်

အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေ ကြမ်းအားရေးဆွဲပြီးနောက် ပြည်သူများလေ့လာနိုင်ရန် နိုင်ငံပိုင်သတင်းစာများ၌ထည့်သွင်းဖော်ပြခဲ့သည်။ ယင်း ဥပဒေကြမ်းအား တတိယအကြိမ်လွှတ်တော်များ ၏ ဒုတိယပုံမှန်အစည်းအဝေးများတွင် ဆွေးနွေးသွားမည်ဖြစ်၍ အကြံပြုချက်များပေးပို့လိုပါက ဇွန် ၂ ရက်နောက်ဆုံးထားပေးပို့နိုင်သည်ဟု...

အမြန်လမ်းတွင် သုံးရက်ဆက်တိုက် ယာဥ်မတော်တဆမှု(၅)ကြိမ်ဖြစ်ပွားပြီး (၂)ဦးသေဆုံး...

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ယနေ့ မေ ၂၅ ရက်၊ မေ ၂၄ ရက်နှင့် မေ ၂၃ ရက်တို့က သုံးရက်ဆက်တိုက်ယာဥ်မတော်တဆမှု(၅)ကြိမ်ဖြစ်ပွားခဲ့ရာ သေဆုံးသူ(၂)ဦးနှင့်...

အာဆီယံ ယူ-၁၉ ပြိုင်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင်...

အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၂၀၂၆ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ် (ASEAN U-19 Championship) ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာ့လက်ရွေးစင် ယူ...

မိုးရာသီ Rice Export Zone...

ယခု မိုးရာသီကာလအတွင်း Rice Export Zone ဖော်ဆောင်ရာတွင် အနည်းဆုံး စိုက်ဧက သုံးသိန်းခွဲ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ထံမှ...
HomeInternationalအာကာသအခြေပြု ဉာဏ်ရည်တု ကွန်ပျူတာကွန်ရက်...

အာကာသအခြေပြု ဉာဏ်ရည်တု ကွန်ပျူတာကွန်ရက် ဖြစ်နိုင်ခြေလေ့လာ

ပေကျင်း၊ ဧပြီလ ၅ ရက်

တရုတ်နိုင်ငံသည် အာကာသအခြေပြု ဉာဏ်ရည်တု ကွန်ပျူတာတွက်ချက်မှု ကွန်ရက်တစ်ခုအတွက် ဘက်စုံဖြစ်နိုင်ခြေလေ့လာမှုနှင့် စီမံကိန်းမတိုင်မီ အကဲဖြတ်မှုများကို စတင်လိုက်ပြီဖြစ်ကြောင်း နိုင်ငံတော်ကာကွယ်ရေး သိပ္ပံ၊ နည်းပညာနှင့် စက်မှုစီမံခန့်ခွဲရေးဌာနအဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါဌာန၏ ကော်မာရှယ်အာကာသကဏ္ဍ ဒုတိယညွှန်ကြားရေးမှူး ယူဂေါင်ဘင် က ပြီးခဲ့သည့်သောကြာနေ့တွင် ပေကျင်း၌ ကျင်းပခဲ့သော ၂၀၂၆ ခုနှစ် အာကာသကွန်ပျူတာလုပ်ငန်းဆိုင်ရာ ညီလာခံတွင် ပြောကြားရာ၌ ၎င်းတို့ဌာနအနေဖြင့် စီမံကိန်းစတင်ခြင်း အစည်းအဝေးများနှင့် ကျွမ်းကျင်သူအဖွဲ့များ၏ ဆွေးနွေးပွဲများကို ဦးဆောင်ကျင်းပပေးခဲ့ပြီး လုပ်ငန်းစဉ်များမှာ အစီအစဉ်တကျ ရှေ့ဆက်နေပြီဖြစ်ကြောင်း Science and Technology Daily သတင်းစာက ဖော်ပြခဲ့သည်။

အာကာသအခြေပြု ကွန်ပျူတာတွက်ချက်မှု ဆိုသည်မှာ ကွန်ပျူတာတွက်ချက်နိုင်စွမ်း ကို အာကာသထဲတွင် ဖြန့်ကြက်ချထားခြင်းဖြစ်ပြီး ဂြိုဟ်တုကွန်ရက်များမှတစ်ဆင့် တစ်ကမ္ဘာလုံးကို လွှမ်းခြုံနိုင်စေမည်ဖြစ်သည်။

မြေပြင်အခြေစိုက် ဒေတာစင်တာများနှင့် နှိုင်းယှဉ်ပါက ၎င်း၏ အကြီးမားဆုံး အားသာချက်မှာ အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်နိုင်စွမ်းနှင့် ကမ္ဘာအနှံ့ လွှမ်းခြုံနိုင်စွမ်းတို့ ဖြစ်သည်။

အာကာသအခြေပြု ကွန်ပျူတာစနစ် ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးပါသောလိုအပ်ချက်တစ်ခုဖြစ်ကြောင်း၊ ၎င်းသည် မြေပြင်ကွန်ပျူတာစနစ်၏ အကန့်အသတ်များကို ကျော်လွှားရန်နှင့် ဒစ်ဂျစ်တယ်စီးပွားရေး ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အဓိကသော့ချက်ဖြစ်ကြောင်း ယူ က အလေးပေးပြောကြားခဲ့သည်။

ပုံမှန်ဒေတာစင်တာများသည် စွမ်းအင်သုံးစွဲမှု မြင့်မားခြင်း၊ မြေနေရာ အကန့်အသတ်ရှိခြင်း၊ အအေးပေးစရိတ် မြင့်မားခြင်းနှင့် လွှမ်းခြုံမှု အကန့်အသတ်ရှိခြင်းတို့ကြောင့် အနာဂတ်တွင် အလွန်ကြီးမားပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် တစ်ကမ္ဘာလုံး လွှမ်းခြုံနိုင်ရေး လိုအပ်ချက်များကို ဖြည့်ဆည်းရန် ခက်ခဲသော်လည်း အာကာသအခြေပြုစနစ်က ကာဗွန်ထုတ်လွှတ်မှုမရှိသော၊ ရေရှည်တည်တံ့ပြီး ကျယ်ပြန့်စွာ အသုံးပြုနိုင်သော အစားထိုးစနစ်တစ်ခု ဖြစ်လာမည်ဟု ယူ က ဆိုထားပါသည်။

ထို့ပြင် ပုံမှန်ပုံစံများတွင် ဂြိုဟ်တုများသည် အာကာသမှ ဒေတာအမြောက်အမြားကို စုဆောင်းသော်လည်း ဂြိုဟ်တုပေါ်တွင် ကွန်ပျူတာတွက်ချက်နိုင်စွမ်း အလွန်နည်းပါးသဖြင့် ဒေတာအားလုံးကို မြေပြင်စခန်းများသို့ ပြန်လည်ပေးပို့ပြီးမှသာ ခွဲခြမ်းစိတ်ဖြာနိုင်သည်။ ဤပုံစံသည် လိုင်းအကျယ်အကန့်အသတ်ရှိသဖြင့် အချိန်နှင့်တစ်ပြေးညီ အသုံးပြုနိုင်သော ဒေတာနှုန်းမှာ ၁၀ ရာခိုင်နှုန်းအောက်သာ ရှိသော်လည်း အာကာသအခြေပြုစနစ်တွင် ဂြိုဟ်တုပတ်လမ်းပေါ်၌ပင် ဉာဏ်ရည်တုဖြင့် တိုက်ရိုက်တွက်ချက်နိုင်မည်ဖြစ်ရာ ဒေတာပေးပို့မှု ကြန့်ကြာချိန်ကို စက္ကန့်ပိုင်းအထိ လျှော့ချနိုင်မည်ဖြစ်သည်။

တရုတ် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ အကယ်ဒမီမှ ရှဲ့လီနာ ကလည်း ကွန်ပျူတာဂြိုဟ်တုများသည် လေဆာဆက်သွယ်ရေးစနစ်ကို အသုံးပြု၍ ကမ္ဘာတစ်ဝန်း ချိတ်ဆက်ကာ ပတ်လမ်းပေါ်တွင် ဒေတာများကို တို-က်ရို-က်တွက်ချက်နိုင်မည် ဖြစ်ကြောင်း၊ ၎င်းကြောင့် သဘာဝဘေးအန္တရာယ် ကြိုတင်သတိပေးခြင်းနှင့် အရင်းအမြစ် စောင့်ကြည့်ခြင်းကဲ့သို့သော လုပ်ငန်းများတွင် ကြန့်ကြာချိန်ကို နာရီပိုင်းမှ စက္ကန့်ပိုင်းအထိ လျှော့ချနိုင်မည်ဖြစ်ကြောင်း ရှင်းပြခဲ့သည်။

စက်မှုနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၏ အဆိုအရ တရုတ်နိုင်ငံသည် အာကာသကွန်ပျူတာလုပ်ငန်း ဂေဟစနစ်ကို အရှိန်အဟုန်ဖြင့် ပျိုးထောင်လျက်ရှိသည်။ အနာဂတ်တွင် ဟာ့ဒ်ဝဲ၊ ဆော့ဖ်ဝဲ၊ ကွန်ရက်နှင့် လုံခြုံရေးဆိုင်ရာ စံနှုန်းများကို သတ်မှတ်သွားမည်ဖြစ်ပြီး အာကာသသုံး ရောင်ခြည်သင့်မှုဒဏ်ခံ ချစ်ပ်ပြားများနှင့် ဂြိုဟ်တုအချင်းချင်း လေဆာဖြင့် ချိတ်ဆက်သည့် နည်းပညာများကို ပိုမိုမြှင့်တင်သွားမည် ဖြစ်ပါသည်။

Ref: ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေ ကြမ်းအတွက် အကြံပြုချက်များပေးပို့နိုင်

အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေ ကြမ်းအားရေးဆွဲပြီးနောက် ပြည်သူများလေ့လာနိုင်ရန် နိုင်ငံပိုင်သတင်းစာများ၌ထည့်သွင်းဖော်ပြခဲ့သည်။ ယင်း ဥပဒေကြမ်းအား တတိယအကြိမ်လွှတ်တော်များ ၏ ဒုတိယပုံမှန်အစည်းအဝေးများတွင် ဆွေးနွေးသွားမည်ဖြစ်၍ အကြံပြုချက်များပေးပို့လိုပါက ဇွန် ၂ ရက်နောက်ဆုံးထားပေးပို့နိုင်သည်ဟု ဖိတ်ခေါ်ထားသည်။ အကြံပြုချက်များအား ညွှန်ကြားရေးမှူးချုပ်၊ ပြည် ထောင်စုလွှတ်တော်ရုံး၊ နေပြည်တော်။ ညွှန်ကြားရေး မှူးချုပ်၊ ပြည်သူ့လွှတ်တော်ရုံး၊ နေပြည်တော်။ ညွှန် ကြားရေးမှူးချုပ်၊ အမျိုးသားလွှတ်တော်ရုံး၊ နေပြည် တော်တို့သို့ လိပ်မူပေးပို့နိုင်သည်ဟုအသိပေးဖိတ်ခေါ်ထားသည်။

အမြန်လမ်းတွင် သုံးရက်ဆက်တိုက် ယာဥ်မတော်တဆမှု(၅)ကြိမ်ဖြစ်ပွားပြီး (၂)ဦးသေဆုံး (၁၃)ဦးဒဏ်ရာရခဲ့

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ယနေ့ မေ ၂၅ ရက်၊ မေ ၂၄ ရက်နှင့် မေ ၂၃ ရက်တို့က သုံးရက်ဆက်တိုက်ယာဥ်မတော်တဆမှု(၅)ကြိမ်ဖြစ်ပွားခဲ့ရာ သေဆုံးသူ(၂)ဦးနှင့် ထိခိုက်ဒဏ်ရာရသူ(၁၃)ဦးရှိခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။ ယနေ့ မေ ၂၅ ရက်နေ့လည် ၃ နာရီခန့်က ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့မောင်းနှင်လာသော Wish ကား သည် မိုင်တိုင်အမှတ် ၁၃၆/၆ နှင့် ၁၃၆/၇ ကြားအရောက် အရှိန်မထိန်းနိုင်ဘဲလမ်း​ဘေးသို့​ရောက်ပြီး လမ်းတာ​ဘောင်ထိပ်ရှိ သစ်ပင်(၂)ပင်အားဝင်တိုက်မိကာ ရှေ့ဘီးပြုတ်ထွက်၍လမ်းနယ်အစွန်ရေမြောင်းအ နီးရောက်သွားသဖြင့် အမျိုးသား၊ အမျိုးသမီး(၃)ဦးတို့တွင်ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။ ထို့ပြင်...

အာဆီယံ ယူ-၁၉ ပြိုင်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင် ကစား သမား(၂၃) ဦး အပြီးသတ်လူစာရင်း ထွက်ပေါ်လာ

အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၂၀၂၆ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ် (ASEAN U-19 Championship) ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာ့လက်ရွေးစင် ယူ - ၁၉ အမျိုးသားအသင်း၏ အပြီးသတ်ကစားသမား (၂၃) ဦး လူစာရင်းကို အဖွဲ့ချုပ်က ထုတ်ပြန်ကြေညာလိုက်ပြီဖြစ် သ ည်။ လက်ရှိတွင် မြန်မာ့လူငယ်သွေးသစ်များဖြင့် စုဖွဲ့ထားသည့် အဆိုပါအသင်းသည် ပြိုင်ပွဲအတွင်း ရလဒ်ကောင်းများ ဖော်ဆောင်နိုင်ရန်အတွက် အရှိန်အဟုန်ဖြင့် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။ မြန်မာယူ-၁၉ အသင်းသည် အုပ်စု (က) တွင် ကျရောက်နေပြီး အိမ်ရှင်အသင်းနှင့်အတူ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071