Tuesday, June 23, 2026

UNESCO ယဉ်ကျေးမှုအမွေအနှစ်ကော်မတီ အဖွဲ့ဝင်အဖြစ် ရွေးချယ်ခံရပြီးနောက်...

ဖနောင်ပင်၊ ဇွန် ၂၂ ကမ္ဘောဒီးယားနိုင်ငံသည် UNESCO (ယူနက်စကို) အဖွဲ့ဝင်ဖြစ်မှု (၇၅) နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနား ကျင်းပနိုင်ရေးအတွက် ပြင်ဆင်မှုများ စတင်ဆောင်ရွက်လျက်ရှိပြီး ယဉ်ကျေးမှုသံတမန်ရေးရာ...

သွေးတိုး၊ ဆီးချိုနှင့် ကိုလက်စထရောမြင့်မားခြင်းတို့က ထိုင်းကျန်းမာရေးစနစ်၏...

ဘန်ကောက်၊ ဇွန် ၂၂ မကူးစက်နိုင်သော နာတာရှည်ရောဂါများ (NCDs) ဖြစ်သည့် သွေးတိုးရောဂါ၊ ကိုလက်စထရောမြင့်မားခြင်းနှင့် ဆီးချိုရောဂါတို့သည် ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ထိုင်းနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်အပေါ်...

ရန်ကုန်ရှိ ဘေးတွဲဆိုင်ကယ်များကို လိုင်စင်ပြုလုပ်ပေးမည်မဟုတ်ဟု တိုင်းအစိုးရ...

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသည့် ဒေသန္တရလုပ် ဘေးတွဲဆိုင်ကယ်များကို တရားဝင်မှတ်ပုံတင် (လိုင်စင်) ပြုလုပ်ပေးမည်မဟုတ်ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က ပြောကြားသည်။ ဇွန်...

BRI နှင့် အဆင့်မြင့်တံခါးဖွင့်စီးပွားရေးစနစ်က ကမ္ဘာ့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို...

တရုတ်နိုင်ငံ၏ Belt and Road Initiative (BRI) နှင့် အဆင့်မြင့်တံခါးဖွင့်စီးပွားရေးစနစ် တည်ဆောက်ရေးသည် ကမ္ဘာ့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးနေပြီး အပြန်အလှန်အကျိုးဖြစ်ထွန်းမှုနှင့် ပူးတွဲဖွံ့ဖြိုးတိုးတက်မှုအတွက်...
HomeNewsLocal Newsအာကာသပြတိုက် (ရန်ကုန်) ဖွင့်လှစ်ချိန်...

အာကာသပြတိုက် (ရန်ကုန်) ဖွင့်လှစ်ချိန် တိုးမြှင့်

ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်၌ ဖွင့်လှစ်ထားသည့် အာကာသပြတိုက်(ရန်ကုန်)သို့ လာရောက် ကြည့်ရှုလေ့လာသူများပြားလွန်းသည့်အတွက် စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များတွင် အချိန်တိုးမြှင့်၍ ဖွင့်လှစ်လျက်ရှိကြောင်း အာကာသပြတိုက်(ရန်ကုန်) မှသိရသည်။

အာကာသပြတိုက် (ရန်ကုန်)ကို စတင်ဖွင့်လှစ်ချိန်မှာ အင်္ဂါနေ့မှ တနင်္ဂနွေနေ့အထိ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ၊ မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ယခုအခါ လာရောက်လေ့လာသူ များပြားလာခြင်းကြောင့် ဒီဇင်ဘာလ ၁၃ ရက်မှစပြီး စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များတွင် နံနက် ၈ နာရီမှ ၁၂ နာရီအထိ၊ မွန်းလွဲ ၁ နာရီမှ ညနေ ၅ နာရီအထိ ပြတိုက်ဖွင့်လှစ်ချိန်ကို တိုးမြှင့်ခဲ့ပြီး ကျန်ရက်များကို နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်ပေးထားမည်ဖြစ်ကြောင်း သိရသည်။

အာကာသပြတိုက်(ရန်ကုန်)သည် ယခင်နက္ခတ်တာရာပြခန်းကို ခေတ်နှင့်အညီ အဆင့်မြှင့်တင်ကာ ပြန်လည် မွမ်းမံခြင်းလုပ်ငန်းများကို ဆောင်ရွက်၍ အာကာသပြတိုက်(ရန်ကုန်)အဖြစ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

လာရောက်လေ့လာသူများအနေနဲ့ ၁၉၈၇ ခုနှစ်တွင် မြန်မာ-ဂျပန်ချစ်ကြည်ရေးအစီအစဉ်ဖြင့် တည်ထောင်ပေးခဲ့သည့် Go To Analog Planetarium Projection System၊ နက်ရှိုင်းအာကာသလေ့လာရေးအစီအစဉ်၊ Deep Space Exploration ပြခန်း၊ အာကာသစခန်းနှင့် အာကာသဝတ်စုံများ၊ နက္ခတ္တဗေဒ Timeline နှင့် နိုင်ငံတကာမှ ဒုံးပျံများ၊ ဂြိုလ်တုများ၊ ဒုံးပျံလွှတ်တင်ရေး Simulation နှင့် VR Simulation များကို ကြည့်ရှုလေ့လာနိုင်မည်ဖြစ်သည်။

ယင်းအပြင် Digital Planetarium Projection System တွင် ပြသမည့် အစီအစဉ်များအဖြစ် အင်္ဂါနေ့တွင် From Earth to the Universe လူသားနှင့် နက္ခတ်တာရာ၊ ဗုဒ္ဓဟူးနေ့တွင် Big Astronomer နက္ခတ်တာရာလေ့လာရေး အစီအစဉ်များ၊ ကြာသပတေးနေ့တွင် Out There အာကာသပတ်ဝန်းကျင်နှင့် ပြင်ပဂြိုလ်သားများ၊ သောကြာနေ့တွင် Dark Matter အာကာသထဲရှိ စွမ်းအင်များ၊ စနေနေ့တွင် Hot Energetic Universe အာကာသရှိ အပူနှင့်စွမ်းအင်၊ တနင်္ဂနွေနေ့တွင် The Sun,Our Living Star နေ (သို့မဟုတ်) ကျွန်ုပ်တို့၏ သက်ရှိကြယ်တစ်စင်းအစီအစဉ်များကို ပြသသွားမည်ဖြစ်သည်။

အာကာသပြတိုက်(ရန်ကုန်)ဝင်ကြေးအဖြစ် သံဃာ၊ သီလရှင်၊ ကျောင်းသားတစ်ဦးလျှင် ငွေကျပ် ၅၀၀ ကျပ်၊ ၁၂ နှစ်အထက် တစ်ဦးလျှင် ငွေကျပ် ၁,၅၀၀ ကျပ်၊ ၁၂ နှစ်အောက်တစ်ဦးလျှင် ငွေကျပ် ၁,၀၀၀ ကျပ်နှင့် နိုင်ငံခြားသား တစ်ဦးလျှင်ငွေကျပ် ၅,၀၀၀ ကျပ်ဖြင့် ကောက်ခံလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

UNESCO ယဉ်ကျေးမှုအမွေအနှစ်ကော်မတီ အဖွဲ့ဝင်အဖြစ် ရွေးချယ်ခံရပြီးနောက် အဖွဲ့ဝင်သက်တမ်း (၇၅) နှစ်ပြည့် အထိမ်းအမှတ်ပွဲ ကျင်းပရန် ကမ္ဘောဒီးယား ပြင်ဆင်

ဖနောင်ပင်၊ ဇွန် ၂၂ ကမ္ဘောဒီးယားနိုင်ငံသည် UNESCO (ယူနက်စကို) အဖွဲ့ဝင်ဖြစ်မှု (၇၅) နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနား ကျင်းပနိုင်ရေးအတွက် ပြင်ဆင်မှုများ စတင်ဆောင်ရွက်လျက်ရှိပြီး ယဉ်ကျေးမှုသံတမန်ရေးရာ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားရန် ရည်မှန်းထားကြောင်း သိရသည်။ UNESCO ဆိုင်ရာ ကမ္ဘောဒီးယားအမျိုးသားကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်သူ ယဉ်ကျေးမှုနှင့် အနုပညာဝန်ကြီး ဖျောင်း ဆာကိုနာသည် ပါရီမြို့တွင် UNESCO ညွှန်ကြားရေးမှူးချုပ် ခါလက် အယ်လ်-အီနာနီနှင့် တွေ့ဆုံ၍ အထိမ်းအမှတ်အခမ်းအနားဆိုင်ရာ စီစဉ်ဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးမှုကို ၂၀၀၃ ခုနှစ် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်စောင့်ရှောက်ရေး...

သွေးတိုး၊ ဆီးချိုနှင့် ကိုလက်စထရောမြင့်မားခြင်းတို့က ထိုင်းကျန်းမာရေးစနစ်၏ အဓိကဝန်ထုပ်ဝန်ပိုး ဖြစ်နေ

ဘန်ကောက်၊ ဇွန် ၂၂ မကူးစက်နိုင်သော နာတာရှည်ရောဂါများ (NCDs) ဖြစ်သည့် သွေးတိုးရောဂါ၊ ကိုလက်စထရောမြင့်မားခြင်းနှင့် ဆီးချိုရောဂါတို့သည် ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ထိုင်းနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်အပေါ် အကြီးမားဆုံး ဝန်ထုပ်ဝန်ပိုးများအဖြစ် ဆက်လက်တည်ရှိနေကြောင်း ထိုင်းနိုင်ငံကျန်းမာရေးဖူလုံရေးရုံး (NHSO) က ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။ ထိုင်းနိုင်ငံ၏ Universal Coverage Scheme (UCS) သို့မဟုတ် “ရွှေကတ်” ကျန်းမာရေးအာမခံစနစ် အကျိုးခံစားခွင့်ရှိသူများသည် အဆိုပါဘဏ္ဍာရေးနှစ်အတွင်း ကျန်းမာရေးဝန်ဆောင်မှုများကို စုစုပေါင်း အကြိမ်ရေ သန်း ၁၉၂ ကျော် အသုံးပြုခဲ့ကြောင်း NHSO...

ရန်ကုန်ရှိ ဘေးတွဲဆိုင်ကယ်များကို လိုင်စင်ပြုလုပ်ပေးမည်မဟုတ်ဟု တိုင်းအစိုးရ ပြော

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသည့် ဒေသန္တရလုပ် ဘေးတွဲဆိုင်ကယ်များကို တရားဝင်မှတ်ပုံတင် (လိုင်စင်) ပြုလုပ်ပေးမည်မဟုတ်ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က ပြောကြားသည်။ ဇွန် ၂၂ ရက်က ကျင်းပသည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့) တွင် မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိန်းထွန်း၏ ဘေးတွဲယာဉ်များနှင့် ယာဉ်မောင်းများအား တရားဝင်လိုင်စင်ထုတ်ပေး၍ စနစ်တကျ ပြေးဆွဲခွင့်ပြုရန် အစီအစဉ်ရှိ/မရှိ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ဗိုလ်မှူးကြီး ဝင်းတင့်က ဒေသန္တရလုပ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071