Sunday, May 10, 2026

တီမောလက်စတီးက ၂၀၂၉ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ...

(၄၈) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၏ ထူးခြားချက်များ ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသည့် အာဆီယံ ထိပ်သီးအစည်းအဝေး၌ အာဆီယံခေါင်းဆောင်များသည် ၂၀၀၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အာဆီယံပဋိညာဉ် ပြင်ဆင်ချက်တစ်ရပ်ကို...

အာဆီယံနိုင်ငံအချို့၏ ခွဲခြားဆက်ဆံမှုများသည် မြန်မာပြည်သူများ၏ ဆန္ဒကို...

နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် အောက်ပါအချက်များကို အလေးထားဖော်ပြထားပါသည် - စိတ်ရှည်သည်းခံမှုလွန်ခဲ့သည့် (၅) နှစ်တာအတွင်း အာဆီယံနိုင်ငံအချို့က မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံမှုများ ပြုလုပ်ခဲ့သော်လည်း မြန်မာနိုင်ငံအနေဖြင့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏...

လာမည့် ၄၈ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်...

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် လာမည့် ၄၈ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ မေ၁၀ရက်ထုတ်ပြန်ချက်အရသိရသည်။ ထို့ပြင် မနက်ဖြန်မေ ၁၁ ရက်မွန်းတည့်ချိန်အထိ ရန်...

မြန်မာအစိုးရသစ်၏ ဦးစားပေးလုပ်ငန်းစဉ်များကို (၄၈)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၌...

မြန်မာအစိုးရသစ်၏ ဦးစားပေးလုပ်ငန်းစဉ်များကို နိုင် ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးဟောက်ခန့်ဆုမ်းက ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင်ကျင်းပသည့် (၄၈)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၌ ပြောကြားခဲ့သည်။ အမြဲတမ်းအတွင်းဝန်က မြန်မာအစိုးရသစ်၏ ဦးစား ပေးလုပ်ငန်းစဉ်များအပါအဝင်...
HomeArticlesအသံနည်းပညာ ADR

အသံနည်းပညာ ADR

adr

ရုပ်ရှင်တွင် ရုပ်/သံ အလွန် အရေးပါလာသည်။ အရည်အသွေး မြင့်တက်လာသည်။ တရုတ်ပြည် Beijing မြို့ကြီးတွင် 2016 Seminar for dubbing professionals from Asean Camtries သို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ဂီတမှူးကိုသက် (Oasis) အား တက်ရောက်ဆည်းပူးရန် စေလွှတ်ခဲ့သည်။

ကိုသက် (Oasis) သည် ရုပ်ရှင်တွင် အသံဖမ်းအင်ဂျင်နီယာလုပ်ခဲ့သူဆရာဦးကျော်၏သားဖြစ်ပြီး နောက်ခံတေးဂီတတီးသူ၊ တေးရေးသူလည်းဖြစ်ပေသည်။ နိုင်ငံတကာတွင် နောက်ခံတေးဂီတတွင် Film Scale ရေးသူသီးသန့်ရှိသည်။ Monitor system ဟုခေါ်သည်။ ထိုပညာရှင်က ရုပ်ရှင်ဇာတ်ကား တစ်ကားလုံးစာအတွက် music notes ကိုရေးရသည်။ ထို့နောက် instrument များ ခွဲပေးသည်။ တီးခတ်သူများသည် ၎င်းရေးပေးထားသည့်အတိုင်း မလွဲမသွေ တီးခတ် ကြရသည်။ ဤသည်ကို sound scale ဟုလည်းခေါ်သည်။

မြန်မာအခေါ်အဝေါ်တွင် ယနေ့တိုင်နောက်ခံတီးလုံး၊ Back Ground Music, Dubbing ဟု ခေါ်ကြသည်။ နိုင်ငံတကာအသုံးအနှုန်းတွင် Sound Scale သို့မဟုတ် Film Scale ဟု ခေါ်ကြသည်။ ကျွန်တော်တို့ မြန်မာ့ရုပ်ရှင်သည် နိုင်ငံတကာ ရုပ်ရှင်ကို မျက်ခြည်ပြတ်၍မရပေ။ Sound Post Production သည် တည်းဖြတ် Editter ထံမှ Project ကို OMF နဲ့ပေးရန် တောင်းဆိုသည်။ Open Media Frame Work ဟုဆိုသည်။ မူကကတည်းက ဖမ်းထားသော အသံလိုင်းအားလုံးကို ထည့်ပေးစေလိုသည်။ သို့မှသာ အသံများကို လိုအပ်သလို မွှေနှောက်အသုံးပြုနိုင်မည်။ သို့မဟုတ် အသံလိုင်းကိုအတောင့် လိုက်ပေးလိုက်ပါက မည်သို့မျှ ပြင်ဆင်မရဘဲ ဖြစ်နေတော့သည်။

Sound Post Production မှ ပညာရှင်များက 1. Lip synchron- ization 2. Editing Noise. 3. Level Balance. 4. Space. 5. Sound Design. 6. Sound Foley 7. Sound Final Mixing တို့ကို အဆင့်ဆင့်ပြုလုပ်ရပါသည်။ Lip synchronization လုပ်ရာတွင် ADR ကိုအသုံးပြုသည်။ Automatic Dialogue Replacement ဟုဆိုသည်။ Protools ကို ချိတ်ဆက်ပြီး ပါးစပ်ပေါက်ကိုက်အောင် ထိပ်စအသံနှင့် အဆုံးကိုမှတ်ပြီး ADR Software ပေါ်တင်လိုက်ပါက Automatic အလိုအလျောက် ကိုက်သွားသည်။ နိုင်ငံခြားဇာတ်ကားများ ပါးစပ်လွဲခြင်းမရှိပါ။ ကျွန်တော်တို့စီမှာ တစ်လုံးချင်းလိုက်တိုက်နေရသည်။ အကယ်၍ ဆင်ဆာဖြတ်လို့ အသံလိုင်းများ ရွေ့လျားခြင်းအတွက် ပြန်တိုက်ရန် အချိန်မကုန်တော့ပါ။

Music Film Scale ကို track များခွဲ၍ပေးပို့ရန်၊ mixer ပညာရှင်က တောင်းဆိုသည်။ အကြောင်းမှာ Instrument များကို လိုသလို အတိုးအလျော့လုပ်ပြီး ၂.၁-၅.၁- ၇.၁ တို့ကိုပြုလုပ်သည်။ ၂.၁မှာ Stereo ဖြစ်ပြီး ၅.၁၊ ၇.၁မှာ Surround လုပ်ပေးခြင်းဖြစ်သည်။ music မှအထူးပြုလုပ်လိုသော အသံကို Woofer သို့ ပို့ရသည်။

ကျွန်တော်တို့ မြန်မာ့ရုပ်ရှင်သည် ယခုမှပင် အရုပ်အသံစနစ် ပြုပြင်ပြောင်းလဲတိုးတက်လာကာစ ဖြစ်သည်။ ကျွန်တော်တို့တွင် ရုပ်ရှင် နည်းပညာတက္ကသိုလ် ဟူ၍မရှိပါ။ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် လေ့လာ ဆည်းပူးရယူကျက်မှတ်လုပ်ကိုင် နေရသည်။ နိုင်ငံတကာတွင် ရုပ်ရှင် နည်းပညာတက္ကသိုလ်ရှိသည်။ ၄နှစ်အချိန်တက်ရောက်ရသည်။ ဘွဲ့ဒီဂရီယူခြင်း၊ ဒီပလိုမာယူခြင်း၊ ပညာရှင်များမွေးထုတ်ပေးလျက်ရှိသည်။ ဘွဲ့လက်မှတ်ကိုင်၍ နိုင်ငံတကာတွင် သွားရောက်လုပ်ကိုင်လျက်ရှိသည်။

ယခုအခါ မြန်မာ့ရုပ်ရှင်သို့ ယင်းဘွဲ့ရ ပညာရှင်များ ဝင်ရောက်လာနေပြီဖြစ်သည်။ သူတို့လုပ်အားခကို Dollar နှင့်ယူသည်။ ကျွန်တော်တို့ လုပ်အားခနှင့်ခုနှစ်ဆ တစ်ဆကွာသည်။ အထူးသဖြင့် မလေးနှင့် အိန္ဒိယနိုင်ငံမှ ပို၍နေရာယူ ဝင်ရောက်လာပြီဖြစ်သည်။ ထုတ်လုပ်သူများကလည်း မြန်မာ့ရုပ်ရှင်အဆင့် မြှင့်လိုခြင်း၊ ဈေးကွက်ချဲ့နိုင်ရန် နိုင်ငံခြားပညာရှင်များကို ခေါ်ယူ အသုံးပြုနေကြပြီဖြစ်သည်။ ကျွန်တော်တို့ လက်ပိုက်ထိုင်ကြည့်နေ ၍ မဖြစ်ပါ။ ရသမျှကို ခြစ်ကုတ်ရယူ၊ ပြင်းထန်စွာကြိုးစားရမည်။ ကျွန်တော် it ကမ္ဘာထဲ ဝင်မွှေမှ ရမည်ဖြစ်သည်။ ICT ကို ရင်ဝယ်သားကဲ့သို့ ထားရှိအသုံးပြုရမည်။

ယခုအခါ အာရှတွင် တရုတ်၊ ကိုရီးယား၊ အိန္ဒိယ၊ ထိုင်းရုပ်ရှင်သည် လွန်စွာမှ တိုးတက်လျက်ရှိပြီး ကမ္ဘာကို ရင်ပေါင်တန်းနေကြပြီဖြစ်သည်။ ထိုနိုင်ငံများတွင် online service အလွန်အားကောင်းပြီးနေရာတိုင်းတွင် Wifi free ပေးထားသည်။ နည်းပညာကို လွယ်ကူစွာရှာဖွေ နိုင်ကြသည်။ နည်းပညာများသည် Up to Date အဖြစ် မြန်လွန်း၍ ကျွန်တော်တို့ လိုက်မီဖို့မလွယ်ကူလှပေ။ အသံနှင့်ပတ်သက်၍ Studio ကြီးငယ်လတ်များစွာ ရှိနေခြင်း၊ meni recording များစွာ ရှိနေခြင်း ကလည်း လူငယ်များအတွက် လေ့ကျင့်သင်ယူစရာ၊ လုပ်ကိုင်နိုင်စွမ်း ရှိနေသည်။ ထိုနေရာများတွင် magic software ကို သုံးကြသည်။ Bollywood နာမည်ကြီး အဆိုတော် Somu Nagamasa (ဆိုနူးနဂန်)၏သားသည် အသက်၁ဝနှစ် ဝန်းကျင်မျှသာရှိသေးသည်။ ယင်းကလေးမှာ music program ကို computer တွင် ရေးသားနိုင်ပြီး software များကို အသုံးပြုနေပြီ ဖြစ်သည်။ ကျွန်တော်တို့ မြန်မာ့ရုပ်ရှင် လူငယ်များသိသည်ထက်ပို၍ သိအောင်၊ တတ်အောင် ICT ကို လက်ကိုင်ထား၍ software များကို အလွန်ရင်းနှီးခွင့်ရရန် လိုနေပါပြီ။ ကျွန်တော်တို့ မြန်မာ့ရုပ်ရှင်လှေကား တစ်ထစ်ကျော်တက်လာပါပြီ။ နောက်ထပ်နှစ်ထစ်တက်ရန် ကြိုးစား ရပါဦးမည်။

စဉ်ဆက်မပြတ် ကြိုးစားနေသော
ဒါရိုက်တာမောင်ဗေဒါ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071