ဒီဇင်ဘာလ ကတော့ အဆိုတော်တွေ အတွက် ရန်ကုန်ရော၊ နယ်မှာပါ ခရီးတွေ ထွက်ရင်း ပရိသတ် နဲ့တွေ့ဆုံဖျော်ဖြေလို့ အကောင်းဆုံး ရာသီ ဖြစ်ပါတယ်။ တေးသံရှင် ချမ်းချမ်း တစ်ယောက် လည်း နယ်ထွက်လိုက်၊ ရန်ကုန်မှာပဲ ဆိုလိုက်နဲ့ မအားမလပ် ဖြစ်နေပေမယ့် တစ်ဖက် ကလည်း သူမရဲ့ လှုပ်ရှားမှုတွေ အကြောင်း ပရိသတ် သိစေဖို့ အင်တာဗျူး ဖြစ်တဲ့အခါ သူမက ကျေကျေနပ်နပ် နဲ့ပဲ ဖြေ ကြားပေး ခဲ့ပါတယ်။
“၂ဝ၁၇ ခုနှစ် မှာ ကတော့ ၂ လပိုင်း ဒါမှမဟုတ် ၃ လပိုင်းလောက် မှာ အစ်မရဲ့ Mini Album လေး ထွက်ရှိဖို့ ရှိပါမယ်။ အစ်မ စိတ်တိုင်း အကျဆုံး သီချင်း ၆ ပုဒ်၊ ၇ပုဒ် လောက် ထွက်ရှိဖြစ်မှာပေါ့။ အစ်မခရီးတွေ ထွက်တဲ့အခါ လူငယ် ပရိသတ်တွေ ရှိတယ်။ သူတို့အတွက် လည်း စဉ်းစားရ တာပေါ့။ အစ်မ ဆိုနေကျ ပုံစံက လူလတ်ပိုင်းနဲ့ လူကြီးပိုင်း ပရိသတ်တွေ ကတော့ အဆင်ပြေ တယ်။ အငယ်ပိုင်းတွေ ကျတော့ နည်းနည်း မြူးမြူးကြွကြွ နဲ့ Rock ဆန်ဆန်၊ ဒါမှမဟုတ်လည်း EDM ပေါ့။ အဲဒီလို မြူးဇစ်တွေကို အစ်မနဲ့ လိုက်ဖက်အောင် လုပ်ပြီးတော့ ဒီ Mini Album ထဲမှာ ထည့်ထားတယ်” လို့ ၂ဝ၁၇ ခုနှစ်မှာ သူမရဲ့ စတုတ္ထ မြောက် စီးရီးခွေ ထွက်ဖို့ရှိတဲ့ အကြောင်း ချမ်းချမ်း က ပြောပါတယ်။ ခဏခဏ မေးဖြစ်နေတဲ့ One Lady Show ကကော့ ၂ဝ၁၇ ခုနှစ်ထဲမှာ ဖြစ်မှာလားလို့ ဆိုတော့..
“၂ဝ၁၇ ခုနှစ် ထဲမှာတော့ အစ်မ ရဲ့ One Lady Show ရှိတယ်။ ဒါပေမဲ့ ၉ လပိုင်း၊ ၁ဝ လပိုင်းလောက် မှ လုပ်ဖြစ်မယ်။ ကြားထဲမှာ အမေရိက သွားဖို့ ပြင်ဆင်ထား သေးတယ်။ အဲဒီ အတွက်ကြောင့်ပါ” လို့ သူမက ဆိုပါတယ်။ အမေ ရိက ခရီးစဉ်ကတော့ ရှိုးဆိုဖို့ ပဲဖြစ်ပြီး မြို့၁၁ မြို့မှာ သွားရောက် သီဆိုမှာဖြစ်ကြောင်းလည်း သိရပါတယ်။ တစ်ဆက်တည်း ချမ်းချမ်း နဲ့ ဘုဏ်းသိုက် တို့ရဲ့ သမီးလေး မြမိုးဂင်္ဂါ အကြောင်းကိုလည်း မေးဖြစ် ပြန်တော့..
“သမီးလေးက အခုဆို ၂ နှစ်နဲ့ ၁၁ လ ရှိပြီ။ ကျောင်း မတက်ခင်တော့ သူ့ကိုကြော်ငြာ ပေးရိုက်ဖို့ရှိတယ်။ နို့မှုန့်တို့၊ ကလေးသုံး ပစ္စည်း တို့ကို သူနဲ့ ကြော်ငြာ ရိုက်ဖို့ ပြောထားတာတော့ ရှိတယ်” လို့ ပြောပြခဲ့ပါတယ်။
မျိုးမောင်