Monday, December 15, 2025

သံတမန်ကြီးများအနေဖြင့် မိမိနိုင်ငံသားများကို အမြန်ဆုံး‌ပြန်လည်ခေါ်ယူရန် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ...

ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေအတွင်း တရားမဝင် ဝင်ရောက်လုပ်ကိုင်နေကြသည့် နိုင်ငံခြားသားများကို မြန်မာနိုင်ငံအနေဖြင့် ကယ်ဆယ်ထိန်းသိမ်းထားပြီး သံတမန်ကြီးများအနေဖြင့် မိမိနိုင်ငံသားများကို အမြန်ဆုံး‌ပြန်လည်ခေါ်ယူရန် မေတ္တာရပ်ခံထားသည်။...

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း မည်သည့်နေရာဒေသမဆို အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို...

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း မည်သည့်နေရာဒေသမဆို အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို ပြင်းပြင်းထန်ထန်ချေမှုန်းသွားမည်ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ ယနေ့ ဒီဇင်ဘာ ၁၄ ရက်...

မင်းလက်ပံဖြစ်စဥ်သည် KNU ၏ အွန်လိုင်းလိမ်လည်လောင်းကစားမှုများကျူးလွန်ပြီး...

မင်းလက်ပံ၌ဖြစ်ပွားခဲ့သော ပြည်ပနိုင်ငံသားများကို KNU မှ ပ-စ်ခတ်ခဲ့မှုနှင့်ပတ်သက်ကာ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ယနေ့ ဒီဇင်ဘာ ၁၄ ရက်နံနက် ၁၀...

မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာသည့် အွန်လိုင်းလောင်းကစားမှုများ၊ လိမ်လည်မှုများကို...

ပြည်သူများအနေဖြင့် သက်ဆိုင်ရာကို သတင်းပေးကာ ပူးပေါင်းပါဝင်ပေးရန် တိုက်တွန်း မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာသည့် အွန်လိုင်းလောင်းကစားမှုများ၊ လိမ်လည်မှုများကို ပြတ်ပြတ်သားသားနှိမ်နင်းသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၄ ရက်က ကျင်းပသည့်...
HomeNewsLocal Newsအသင်းအ‌နေနဲ့အကောင်းဆုံးရလဒ်ကို ယူပြီး အောင်မြင်မှုရယူနိုင်မယ်ဟု...

အသင်းအ‌နေနဲ့အကောင်းဆုံးရလဒ်ကို ယူပြီး အောင်မြင်မှုရယူနိုင်မယ်ဟု ယုံကြည်ကြောင်း မြန်မာအမျိုးအသင်းနည်းပြချုပ် ဒေါ်သက်သက်ဝင်းပြော

မြန်မာအမျိုးသမီး ယူ-၂၀ အသင်းအနေဖြင့် အကောင်းဆုံးရလဒ်ကိုယူပြီး အောင်မြင်မှုရယူနိုင်မယ်ဟု ယုံကြည်ကြောင်း မြန်မာအမျိုးအသင်းနည်းပြချုပ် ဒေါ်သက်သက်ဝင်းက ပြောကြားသည်။

ယနေ့ ဩဂုတ်(၅)ရက်က ကျင်းပပြုလုပ်သည့် 2026 AFC U-20 Women’s Asian Cup ခြေစစ်ပွဲအုပ်စု (D)၏ပွဲကြိုသတင်း စာရှင်းလင်းပွဲအတွင်းပြောကြားခဲ့ခြင်းလည်းဖြစ်သည်။

“ကျွန်တော့်ကို အခွင့်အရေးထပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါကြောင့်လည်း ကလေးတွေရော၊ ကျွန်တော်တို့ရော စိတ်ပိုင်းဆိုင်ရာ အကောင်းဆုံးပြု ပြင်တည်ဆောက်ပြီးတော့ ပြိုင်ပွဲဝင်သွားမှာပါ။ ယုံကြည်မှုလည်း ရှိပါတယ်။ ကျွန်တော်တို့အသင်းက အကောင်းဆုံးရလဒ်ကို ရယူပြီးတော့ အောင်မြင်မှုရယူနိုင်မယ်လို့ ယုံကြည်ပါတယ်။ ပရိသတ်တွေကိုလည်း တောင်းပန်ပါတယ်။ ဒီပွဲကိုလည်း လာရောက်အားပေးပါဦးလို့ ဖိတ်ခေါ်ပါတယ်။”ဟု ဆိုသည်။

ယနေ့ ပွဲကြိုသတင်းစားရှင်းလင်းပွဲအတွင်း အုပ်စု(D)တွင်ပါဝင်ယှဉ်ပြိုင်မည့် အိန္ဒိယအသင်း၊ အင်ဒိုနီးရှားအသင်းနီင့် တာ့ခ်မင့်နစ္စတန်အသင်းတို့၏ နည်းပြချုပ်များက ပွဲကြိုသတင်းစကားပြောကြားခဲ့ကြသည်။

အိန္ဒိယအမျိုးသမီး ယူ-၂၀ အသင်း နည်းပြချုပ် Mr. Joakim Alexandersson က” ကျွန်တော်တို့ အနေနဲ့ ဒီပွဲအတွက် နှစ်လလောက် အချိန်ယူပြင်ဆင်ခဲ့ပါတယ်။ ခြေစစ်ပွဲ အောင်မြင်မယ်လို့လည်း မျှော်လင့်ပါတယ်။ ခက်ခဲမယ်ဆိုတာတော့ သိပါတယ်။ အဲ့ဒီအတွက်လည်း အကောင်းဆုံး ကြိုးစားပြင်ဆင် ထားပါတယ်။”ဟုဆိုသည်။

ထို့အတူ အင်ဒိုနီးရှား အမျိုးသမီး ယူ-၂၀ အသင်းနည်းပြချုပ် Mr. Akira Higashiyama က “အသင်းတိုင်းက ခြေစစ်ပွဲအောင်ဖို့ အခွင့်အရေးရှိပါတယ်။ အိမ်ရှင်မြန်မာအသင်းနဲ့ ကျွန်တော်တို့ ပြီးခဲ့တဲ့ အာဆီယံပွဲမှာ ဆုံခဲ့ပြီးပြီဖြစ်လို့ မြန်မာအသင်းအကြောင်းလည်း သိထားပါတယ်။ ပြိုင်ဘက်တိုင်းကို အလေးထားယှဉ်ပြိုင်သွားမှာဖြစ်ပြီး လက်ရှိအချိန်မှာတော့ မနက်ဖြန်မှာ ရင်ဆိုင်ရမဲ့ အိန္ဒိယနဲ့ပွဲအတွက်ပဲ အာရုံစိုက်ထားပါတယ်။”ဟု ဆိုသည်။

ထို့အပြင် တက်ခ်မင်နစ္စတန် အမျိုးသမီး ယူ-၂၀ အသင်း နည်းပြချုပ် Mr. Boris Borovik က “ဒါက ကျွန်တော်တို့အတွက် ဒုတိယအကြိမ်အဖြစ် လာရောက်ယှဉ်ပြိုင်ရတာဖြစ်တဲ့အတွက် မြန်မာနိုင်ငံက ကျွန်တော်တို့နဲ့ မစိမ်းပါဘူး။ ကျွန်တော်တို့မှာ ပြီးခဲ့တဲ့ စီနီယာ လက်ရွေးစင်အသင်း ခြေစစ်ပွဲတုန်းက ကစားသမားအများစုက အခု ယူ-၂၀ အသင်းမှာ ပြန်လည်ပါဝင်နေပါတယ်။ မြန်မာ့လက်ရွေးစင် အသင်းကြီးနဲ့ လူငယ်အသင်းက ခြေစွမ်းတောင့်တင်းမှုပိုင်းနဲ့ ကစားပုံ သိပ်မကွာဘူးလို့ ယူဆပါတယ်။ ကျွန်တော်တို့အနေနဲ့ စီနီယာအသင်းနဲ့ ရင်ဆိုင်ဖူးတဲ့ အတွေ့အကြုံရှိတာကြောင့် ဒီပွဲမှာ ခံစစ်ပိုင်းကို သေချာပြင်ဆင်ပြီး အာရုံစိုက်ကစားရင် ရလဒ်ကောင်းရယူနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။”ဟု ဆို သည်။

ပွဲကိုသတင်းစာရှင်းလင်းပွဲအပြီး ညနေ ၄ နာရီအချိန်၌ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း၊ တာ့ခ်မင်နစ္စတန်၊ အိန္ဒိယနှင့် အင်ဒိုနီးရှား အမျိုးသမီး ယူ-၂၀ အသင်းတို့ official training များ အသီးသီးပြုလုပ်ခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သံတမန်ကြီးများအနေဖြင့် မိမိနိုင်ငံသားများကို အမြန်ဆုံး‌ပြန်လည်ခေါ်ယူရန် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ မေတ္တာရပ်ခံ

ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေအတွင်း တရားမဝင် ဝင်ရောက်လုပ်ကိုင်နေကြသည့် နိုင်ငံခြားသားများကို မြန်မာနိုင်ငံအနေဖြင့် ကယ်ဆယ်ထိန်းသိမ်းထားပြီး သံတမန်ကြီးများအနေဖြင့် မိမိနိုင်ငံသားများကို အမြန်ဆုံး‌ပြန်လည်ခေါ်ယူရန် မေတ္တာရပ်ခံထားသည်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့‌ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ပြုလုပ်သည့်ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှု အမြစ်ဖြတ်နှိမ်နင်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ "ကျွန်တော်တို့ မြန်မာနိုင်ငံအစိုးအရအနေနဲ့ကတော့ နိုင်ငံခြားသားတွေကို သူတို့နိုင်ငံတွေရဲ့အစိုးရတွေက လာမခေါ်မချင်း လူသားချင်းစာနာထောက်ထားမှုအပြည့်နဲ့ ထိန်းသိမ်းထားတာဖြစ်ပါတယ်။ ဒီတာဝန်ဟာ တော်တော်ကြီးလေးတဲ့တာဝန်ဖြစ်ပါတယ်။ သူတို့အတွက်တနေ့တာ လိုအပ်တဲ့အစားအစာအပြင် သောက်ရေ၊ သုံးရေ၊ ဝတ်စရာ၊...

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း မည်သည့်နေရာဒေသမဆို အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို ပြင်းပြင်းထန်ထန်ချေမှုန်းသွားမည်

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း မည်သည့်နေရာဒေသမဆို အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို ပြင်းပြင်းထန်ထန်ချေမှုန်းသွားမည်ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ ယနေ့ ဒီဇင်ဘာ ၁၄ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့၌ ကျင်းပသည့် နိုင်ငံတော်အစိုးရ၏ အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှု အမြစ်ပြတ်နှိမ်နင်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။ "အွန်လိုင်းလိမ်လည်လောင်းကစားမှုတွေကို အမြစ်ပြတ်ချေမှုန်းသွားမှာပါ။ မြဝတီဒေသမှာမှမဟုတ်ဘူး မြန်မာနိုင်ငံရဲ့ ဘယ်နေရာဒေသမှာမဆို အွန်လိုင်းလိမ်လည်လောင်းကစားမှုတွေကို ပြင်းပြင်းထန်ထန် အမြစ်ပြတ်ချေမှုန်းသွားမယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ ထို့ပြင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများဖြစ်၍ နှစ်နိုင်ငံဆက်သွယ်ဆက်ဆံရေးမှာ ရှေးနှစ်ပေါင်းများစွာကပင်ရှိခဲ့သဖြင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့်...

မင်းလက်ပံဖြစ်စဥ်သည် KNU ၏ အွန်လိုင်းလိမ်လည်လောင်းကစားမှုများကျူးလွန်ပြီး ၎င်းတို့နှင့်ပတ်သက်မှုမရှိကြောင်းကိုပြသလိုသောလုပ်ကွက်ဖြစ်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

မင်းလက်ပံ၌ဖြစ်ပွားခဲ့သော ပြည်ပနိုင်ငံသားများကို KNU မှ ပ-စ်ခတ်ခဲ့မှုနှင့်ပတ်သက်ကာ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ယနေ့ ဒီဇင်ဘာ ၁၄ ရက်နံနက် ၁၀ နာရီက ရန်ကုန်မြို့၌ကျင်းပသည့် နိုင်ငံတော်အစိုးရ၏ အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှု အမြစ်ပြတ်နှိမ်နင်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။ "မင်းလက်ပံကိစ္စက KNU အနေနဲ့ အွန်လိုင်းလိမ်လည်မှုတွေကို သူတို့ကျူးလွန်ပြီးနောက်ပိုင်းမှာ အွန်လိုင်းလိမ်လည်မှုနဲ့ သူတို့မပတ်သက်ပါဘူးဆိုတာကို ပြချင်တဲ့လုပ်ကွက်တစ်ခုပဲဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွေကို အမြစ်ပြတ်အောင်ချေမှုန်းနေတဲ့အပေါ်မှာ အာရုံပြောင်းဖို့အတွက်ဖြစ်ပါတယ်။ သူတို့တွေဟာ တစ်ချို့နေရာတွေမှာ ဟန်ပြသိမ်းပိုက်ပြီး သူတို့ထဲထဲဝင်ဝင်ပါဝင်ပတ်သက်နေတဲ့အကြောင်းကို လူမသိအောင်လုပ်ဖို့ ဆောင်ရွက်တာဖြစ်ပါတယ်" ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071