Friday, May 23, 2025

ရွေးကောက်ပွဲကျင်းပပြီးပါက လွှတ်တော်များအထမြောက်စေရေးဆောင်ရွက်မည်

ရွေးကောက်ပွဲကျင်းပပြီးချိန်၌ လွှတ်တော်များအထမြောက်စေရေးအတွက်ဆောင်ရွက်ရမည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၃ ရက်မွန်းလွဲပိုင်းက တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ကျိုင်းတုံတပ်နယ်မှ အရာရှိ၊...

YBS ကားများပေါ်တွင်အုပ်စုဖွဲ့ခါးပိုက်နှိုက်သူ(၅)ဦးကိုဖမ်းမိ

ရန်ကုန်တိုင်းအတွင်းပြေးဆွဲလျက်ရှိသော ခရီးသည်တင် YBS ကားများပေါ်တွင် အုပ်စုဖွဲ့၍ခါးပိုက်နှိုက်မှုကျူးလွန်သူ(၅)ဦးကို ရဲတပ်ဖွဲ့ဝင်များမှ မေ ၂၁ ရက်ညနေပိုင်းကဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် မေ ၁၉ ရက်နံနက်...

မန္တလေးမြို့မှ လုယက်မှုကျူးလွန်သူ(၅)ဦးကိုဖမ်းမိ

မန္တလေးမြို့တွင် သွားလာနေသူများထံမှ ရွှေထည်ပစ္စည်းများအား ဆိုင်ကယ်ဖြင့်လိုက်လံလုယက်နေသူ(၅)ဦးကို လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ မန္တလေးမြို့တွင် လုယက်မှုကျူးလွန်မှုများမှ ပြစ်မှုကျူးလွန်သူများအားဖမ်းဆီးရမိရေးအတွက် လုံခြုံ ရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာမှ ပြစ်မှုကျူးလွန်သူများဖြစ်သည့်...

မိုးသက်လေပြင်းတိုက်ခတ်၍ ၂၃၀ ကေဗွီ မြောင်းတကာ-လှိုင်သာယာဓာတ်အားလိုင်း၏...

ယနေ့ မေ ၂၃ ရက်ညနေ ၄ နာရီ ၂၂ မိနစ်ခန့်က မိုးသက်လေပြင်းများတိုက်ခတ်၍ ၂၃၀ ကေဗွီ မြောင်းတကာ-လှိုင်သာယာဓာတ်အားလိုင်း၏ ထန်းတပင်မြို့နယ်၊...
HomeNewsLocal Newsအသက်(၁၆)နှစ်အရွယ်မိန်းကလေး အဆိပ်သောက်သေဆုံးရခြင်းမှာမိသားစုရန်ပွဲ​ကြောင့်ဖြစ်

အသက်(၁၆)နှစ်အရွယ်မိန်းကလေး အဆိပ်သောက်သေဆုံးရခြင်းမှာမိသားစုရန်ပွဲ​ကြောင့်ဖြစ်

ပဲခူးတိုင်း၊အုတ်တွင်းမြို့နယ်၊ကျွဲပွဲမြို့၊တောင်ညိုလေးကျေးရွာတွင် အသက်(၁၆)နှစ်အရွယ်ရှိ မိန်းက​လေးငယ်တစ်ဦးသည် ဖေဖော်ဝါရီ ၂၅ ရက်(ယနေ့) နေ့လည်ပိုင်းက အဆိပ်သောက်သေဆုံးခဲ့ကြောင်း ရင်ခုန်သံရှင်ရေးကူညီမှုအသင်းမှ သိရသည်။

ယနေ့နေ့လည် ၃ နာရီခွဲခန့်က ကျွဲပွဲမြို့၊တောင်ညိုလေးကျေးရွာနေ မရှိုင်းနဒီလှိုင်း(၁၆)နှစ်သည် အဆိပ်သောက်၍ သေကြောင်းကြံစည်ခဲ့ခြင်းဖြစ်သည်။

အဆိပ်သောက်၍ သေကြောင်းကြံစည်ခဲ့သည့် မိန်းကလေးအား အခင်းဖြစ်နေရာမှတဆင့် အုတ်တွင်းမြို့ပြည်သူ့ဆေးရုံသို့ သယ်ဆောင်လာခဲ့ရာ ဆေးရုံအရောက်တွင် သေဆုံးနေကြောင်း စစ်ဆေးသိရှိရသဖြင့် ရင်ခုန်သံရှင်ရေးကူညီမှုအသင်းမှ ရုပ်အလောင်းအား ကျွဲပွဲတိုက်နယ်ဆေးရုံ ရေခဲတိုက်သို့ပြန်လည်ပို့ဆောင်ပေးခဲ့ကြရသည်။

“အကြမ်းဖျဥ်းသိရသလောက်ဆိုရင် ကလေးမလေးရဲ့မိဘနှစ်ပါးက မနေ့ညတုန်းကရန်ဖြစ်ကြတယ်။ ဒီနေ့မနက်ကြတော့ ကလေးမလေးကို ပဲနှုတ်မလိုက်ခိုင်းဘူးတဲ့။ အဲဒါကြောင့် ကလေးမက အဆိပ်သောက်ပြီးသေကြောင်းကြံစည်ခဲ့တာလို့ သိထားပါတယ်”ဟု ရင်ခုန်သံရှင်ရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဖိစီးမှုများသည့်အချိန်တွင် လူငယ်အများစုသည် ခံနိုင်ရည်နည်းကြပြီးထွက်​ပေါက်ကို သတ်​သေသည့်နည်း​ရွေး​နေကြခြင်းအ​ပေါ် ​​ဆွေး​နွေးအကြံပြုခြင်းများ တွင်ကျယ်စွာလုပ်​ဆောင်လုပ်သင့်သလို အနီး​နေမိသားစု အသိုင်းအဝိုင်းများသည်လည်း စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်ဖို့အပြန်အလှန်​ဖေးမနိုင်​အောင်သတိထားကြရမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရွေးကောက်ပွဲကျင်းပပြီးပါက လွှတ်တော်များအထမြောက်စေရေးဆောင်ရွက်မည်

ရွေးကောက်ပွဲကျင်းပပြီးချိန်၌ လွှတ်တော်များအထမြောက်စေရေးအတွက်ဆောင်ရွက်ရမည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၃ ရက်မွန်းလွဲပိုင်းက တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ကျိုင်းတုံတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအားတွေ့ဆုံအမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကို အမြန်ဆုံးပြုလုပ်နိုင်ရန် ကြိုတင်ပြင်ဆင်ခြင်းများကိုဆောင်ရွက်လျက်ရှိပြီး သန်းခေါင်စာရင်းကောက်ယူပြီးသည့်အတွက် ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပပြုလုပ်သွားမည်ဟု နစကဥက္ကဌက ထည့်သွင်းပြောကြားသည်။ ထို့ပြင် သန့်ရှင်းသောရွေးကောက်ပွဲဖြစ်စေရေးအတွက် ဆန္ဒမဲပေးရာ၌ Electronic Voting Machine ဖြင့် မဲပေးနိုင်ရေးကိုဆောင်ရွက်လျက်ရှိကာ ယင်း Electronic Voting Machine ဖြင့်မဲပေးခြင်းသည် မဲစာရင်းမှားယွင်းမှုများကို အနည်းဆုံးဖြစ်စေနိုင်သည်ဟု...

YBS ကားများပေါ်တွင်အုပ်စုဖွဲ့ခါးပိုက်နှိုက်သူ(၅)ဦးကိုဖမ်းမိ

ရန်ကုန်တိုင်းအတွင်းပြေးဆွဲလျက်ရှိသော ခရီးသည်တင် YBS ကားများပေါ်တွင် အုပ်စုဖွဲ့၍ခါးပိုက်နှိုက်မှုကျူးလွန်သူ(၅)ဦးကို ရဲတပ်ဖွဲ့ဝင်များမှ မေ ၂၁ ရက်ညနေပိုင်းကဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် မေ ၁၉ ရက်နံနက် ၈ နာရီခန့်က ရန်ကုန် တိုင်း၊ အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ်ကွက်နေ ဦးစောလယ်ထူးကျော်(၄၅)နှစ်နှင့် သားဖြစ်သူ မောင်ခန့်ထယ်ရိုးစေးထူး(၁၉)နှစ်တို့သည် လမ်းမတော်မြို့နယ်၊ ဝါးတန်းလမ်းမှတ်တိုင်မှ YBS-58 ဖြင့်လိုက်ပါလာစဥ် ပန်းဘဲတန်းမြို့နယ်၊ လမ်း(၃၀) အရောက် ဦးစောလယ်ထူးကျော်၏ ရင်ဘက်၌ထားကာလွယ်ထားသည့် ကျောပိုးအိတ်အတွင်းသို့အမျိုး သားတစ်ဦးကခါးပိုက်နှိုက်နေသဖြင့် ဦးစောလယ်ထူးကျော်ကတွန်းလိုက်ရာမှအချင်းများခဲ့ကြကြောင်း သိရသည်။ ထို့ကြောင့် ခါးပိုက်နှိုက်သူအပါအဝင် ၎င်း၏ အ ပေါင်းအပါ(၅)ဦးခန့်က...

မန္တလေးမြို့မှ လုယက်မှုကျူးလွန်သူ(၅)ဦးကိုဖမ်းမိ

မန္တလေးမြို့တွင် သွားလာနေသူများထံမှ ရွှေထည်ပစ္စည်းများအား ဆိုင်ကယ်ဖြင့်လိုက်လံလုယက်နေသူ(၅)ဦးကို လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ မန္တလေးမြို့တွင် လုယက်မှုကျူးလွန်မှုများမှ ပြစ်မှုကျူးလွန်သူများအားဖမ်းဆီးရမိရေးအတွက် လုံခြုံ ရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာမှ ပြစ်မှုကျူးလွန်သူများဖြစ်သည့် မျိုးထွန်းနိုင်(ခ) အရှည်ကြီး(၄၆)နှစ်၊ ကျော်မျိုးသူ(ခ)အောင်ပု (၄၁)နှစ်၊ လုယက်မှုကျူးလွန်ရာမှရရှိသည့် ရွှေထည်ပစ္စည်းများကိုရောင်းချပေးသူ ဒေါ်ထွေးတင် (၅၃)နှစ်၊ လုယက်မှုကျူးလွန်ရာ၌ပူးပေါင်းပါဝင်သူ များဖြစ်သည့် ဇေယျာထွန်း(ခ)ဖိုးဆယ်(၂၉)နှစ်နှင့် အောင်ထွန်းလင်း(ခ)ကျော်ကြီး(ခ)အောင်ထွန်း (၂၉)နှစ်တို့အား မေ ၂၁ ရက်ကဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖမ်းဆီးရမိသူများအား စစ်ဆေးချက်အရ လုယက်မှုကျူးလွန်ခဲ့ကြသည့် ဖြစ်စဥ်များနှင့် ရရှိလာသည့်ရွှေထည်ပစ္စည်းများကို နဝလီရွှေဆိုင်များတွင်ရောင်းချပြီး ငွေကြေးများအားခွဲဝေသုံးစွဲခဲ့ကြောင်းတို့ကို ဖော်ထုတ်သိရှိခဲ့ရကြောင်း သိရသည်။ ထို့ကြောင့် ဖြစ်စဉ်များတွင်လုယက်ယူဆောင်သွားခဲ့သည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071