Monday, June 15, 2026

တရုတ်၏ အာကာသနည်းပညာ အောင်မြင်မှုများကို နိုင်ငံတော်သမ္မတ...

တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန်လ ၁၅ ရက်တွင် ပေကျင်းမြို့ရှိ...

အာကာသ၊ ရေနက်ပိုင်းနည်းပညာနှင့် AI တီထွင်မှုကဏ္ဍတို့၌...

ဝူဟန်၊ ဇွန်လ ၁၅ ရက် တရုတ်နိုင်ငံသည် သိပ္ပံနှင့် နည်းပညာဆိုင်ရာ ခေတ်မီဆန်းသစ်မှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေချိန်တွင် တရုတ်လူငယ်များသည် အာကာသနည်းပညာ၊ ရေနက်ပိုင်း စူးစမ်းလေ့လာရေးနှင့်...

ကမ္ဘာ့ဖလားပြိုင်ပွဲဆင်နွှဲရန် အီရန်အသင်း အမေရိကသို့ ရောက်ရှိလာ

        အီရန်ဘောလုံးအသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ပါဝင် ယှဉ်ပြိုင်ရန်အတွက် ပထမဆုံးအကြိမ်အဖြစ် တနင်္ဂနွေနေ့တွင် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိလာခဲ့ကာ လော့ဆန်းဂျလိစ်နိုင်ငံတကာလေဆိပ်တွင် ဆင်းသက်ခဲ့ပြီး နှစ်နိုင်ငံအကြား ငြိမ်းချမ်းရေးသဘောတူညီချက်ကို...

ရန်ကုန် Smart City စီမံကိန်း...

ရန်ကုန်မြို့အား Smart City စီမံကိန်းအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကဏ္ဍအလိုက် တိုးတက်မှုအဆင့် (Star Rating System) စနစ်သတ်မှတ်၍ ပြည်သူလူထုထံ ပွင့်လင်းမြင်သာစွာ...
HomeNewsLocal Newsအလုံဘိုးတော်ကြီး နတ်ပွဲ စတင်ကျင်းပနေပြီဖြစ်ပြီး...

အလုံဘိုးတော်ကြီး နတ်ပွဲ စတင်ကျင်းပနေပြီဖြစ်ပြီး ပွဲကျင်းပရာ နန်းကြီးပေါ်သို့ ဘိုးတော်ကြီးပုံတော် ပင့်ဆောင်

မုံရွာမြို့ အလုံဘိုးတော်ကြီးနတ်ပွဲ စတင်နေပြီဖြစ်ရာ တပေါင်းလပြည့်ကျော် (၅)ရက် (မတ်လ၂၉ ရက်) တွင် (၇)ရက် သားသမီးများ အပူဇော်ခံရန် နန်းထိမ်း(၂)ဦးက ကျွဲလှည်းစီးပြီး (၃)တောင် ၊ (၃) နန်းလှည့်လည်ကာ ပွဲတော်ကျင်းပသည့်နန်းကြီးပေါ်သို့ ဘိုးတော်ကြီးပုံတော်ပင့်ဆောင်ခဲ့ကြောင်း သိရသည်။

“နှစ်စဉ် လုပ်နေကျ ဓလေ့ထုံးစံတွေ အတိုင်းပူဇော်ပသကြတာပါ”ဟု ညီလာခံအနောက်ခန်း နန်းထိမ်းက ပြောသည်။

မုံရွာမြို့နယ်၊ အလုံဘိုးတော်ကြီးပွဲကို တပေါင်းလပြည့်နေ့မှစ၍ တပေါင်းလပြည့်ကျော် (၁၄)ရက် အထိ ဓလေ့ထုံးစံအတိုင်းအဆင့်ဆင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

တပေါင်းလပြည့်နေ့ (မတ်လ၂၄ ရက်) နံနက်ပိုင်းက အလုံဘိုးတော်ကြီးနန်းထိမ်း (၂)ဦး၊ ဒိုးတော်ထိမ်း၊ အဆောင်တော်ကိုင်များက ချင်းတွင်းမြစ်အနောက်ဖက် ရွှေတောင်ဦးတောင်ပေါ် အလုံဘိုးတော်ကြီး တရားအားထုတ်ရာ လှိုဏ်ဂူတော်မှ (၇)ရက် သားသမီးများ အကြည်ညို၊ ကန်တော့ခံရန်သွားရောက်ပင့်ဆောင်ခဲ့ခြင်း ဖြစ်သည်။

တပေါင်းလပြည့်နေ့ ညနေပိုင်းတွင် အလုံပွဲတော်ကျင်းပမည့် အပြင်နန်းကြီးတွင် ဆီမီးထွန်းပူဇော်ခဲ့ကြပြီး တပေါင်းလပြည့်ကျော် (၁) ရက် နံနက်ပိုင်းတွင် အရှေ့ခန်းတောင်ထွက်ကန္နား၊ နေ့လယ်ပိုင်းတွင် ညီလာခံအနောက်ခန်းတောင်ထွက်ကန္နားပေးခဲ့သည်။

တပေါင်းလပြည့်ကျော် (၂)ရက်တွင် အလုံဘိုးတော်ကြီး၏ သမီးတော် တောင်ကန်ရှင်မကြီးကိုညီလာခံအနောက်ခန်းကသွားရောက် ပူဇော်ခဲ့ပြီး (၃)ရက်နေ့တွင် အရှေ့ခန်းက သွားရောက်ပူဇော်ပသခဲ့သည်။

တပေါင်းလပြည့်ကျော် (၆) ရက်(မတ်လ၃၀)တွင် သားလွန်းတောင်ပေါ်၌ နန်းထိမ်း (၂)ဦး ညီလာခံဝင်၍ အလုံဘိုးတော်ကြီးကို ပူဇော်ကန်တော့ကြကာ တပေါင်းလပြည့်ကျော် (၈) ရက် ဧပြီလ (၁)ရက်တွင် သားပြေးတောင်ပေါ်၌ နန်းထိမ်း (၂)ဦး ညီလာခံဝင်ကာ အလုံဘိုးတော်ကြီးကို ပူဇော်ကန်တော့ကြမည်ဖြစ်သည်။

တပေါင်းလပြည့်ကျော် (၉)ရက် ဧပြီလ (၂)ရက် နံနက်ပိုင်းတွင် ကျွဲလှည်းဝင်မည်ဖြစ်ရာ ထိုရက်သည် ပွဲတော်၏ အစည်ကားဆုံးရက်ဖြစ်သလို ထိုနေ့ညနေပိုင်း အလုံဘိုးတော်ကြီး ညီလာခံ အနောက်ခန်းတွင် နန်းထိမ်း (၂)ဦးညီလာခံဝင်မည်ဖြစ်ပြီး တပေါင်းလပြည့်ကျော် (၉)ရက်မှ (၁၃)ရက်ညနေအထိ ပွဲမပြီးမချင်း ညီလာခံဝင်မည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်၏ အာကာသနည်းပညာ အောင်မြင်မှုများကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကြည့်ရှုလေ့လာ

တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန်လ ၁၅ ရက်တွင် ပေကျင်းမြို့ရှိ Aerospace City သို့ သွားရောက်ကာ တရုတ်နိုင်ငံ၏ အာကာသနှင့် လေကြောင်းနည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကို ကြည့်ရှုလေ့လာခဲ့သည်။ Aerospace City သည် တရုတ်နိုင်ငံ၏ အာကာသသိပ္ပံ၊ ဂြိုဟ်တုနည်းပညာ၊ ဒုံးပျံစနစ်များနှင့် အဆင့်မြင့်လေကြောင်းနည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် သုတေသနနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ အချက်အချာနေရာတစ်ခုဖြစ်ပြီး ပေကျင်းအာကာသထိန်းချုပ်ရေးစင်တာ (BACC)၊ တရုတ်အာကာသနည်းပညာအကယ်ဒမီ (CAST) နှင့်...

အာကာသ၊ ရေနက်ပိုင်းနည်းပညာနှင့် AI တီထွင်မှုကဏ္ဍတို့၌ တရုတ်လူငယ်များအရေးပါနေ

ဝူဟန်၊ ဇွန်လ ၁၅ ရက် တရုတ်နိုင်ငံသည် သိပ္ပံနှင့် နည်းပညာဆိုင်ရာ ခေတ်မီဆန်းသစ်မှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေချိန်တွင် တရုတ်လူငယ်များသည် အာကာသနည်းပညာ၊ ရေနက်ပိုင်း စူးစမ်းလေ့လာရေးနှင့် ဉာဏ်ရည်တု (AI) ကဲ့သို့သော နောက်ဆုံးပေါ် နည်းပညာ နယ်ပယ်များတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားနေကြကြောင်း တနင်္လာနေ့တွင် ထွက်ပေါ်လာသည့် ဉာဏ်ကြီးရှင်အဖွဲ့ ၏ အစီရင်ခံစာအသစ်တစ်ခုတွင် ဖော်ပြထားသည်။ ရှင်းဟွာသုတေသနအဖွဲ့က ထုတ်ပြန်သည့် “ခေတ်သစ်အတွင်းရှိ တရုတ်လူငယ်များ--ကြိုးပမ်းအားထုတ်သူများနှင့် ကမ္ဘာလုံးဆိုင်ရာ ပံ့ပိုးကူညီသူများ” ဟူသော အစီရင်ခံစာအရ သိပ္ပံနှင့် နည်းပညာဆိုင်ရာ ခေတ်မီဆန်းသစ်မှုသည် တရုတ်နိုင်ငံ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၏...

ကမ္ဘာ့ဖလားပြိုင်ပွဲဆင်နွှဲရန် အီရန်အသင်း အမေရိကသို့ ရောက်ရှိလာ

        အီရန်ဘောလုံးအသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ပါဝင် ယှဉ်ပြိုင်ရန်အတွက် ပထမဆုံးအကြိမ်အဖြစ် တနင်္ဂနွေနေ့တွင် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိလာခဲ့ကာ လော့ဆန်းဂျလိစ်နိုင်ငံတကာလေဆိပ်တွင် ဆင်းသက်ခဲ့ပြီး နှစ်နိုင်ငံအကြား ငြိမ်းချမ်းရေးသဘောတူညီချက်ကို ကြေညာခဲ့သည့် နေ့မှာပင် ပွဲကြိုသတင်းစာရှင်းလင်းပွဲ ကို ကျင်းပပြုလုပ်ခဲ့သည်။        အီရန်အသင်းသည် မက္ကဆီကိုနိုင်ငံ တီဟွာနာမြို့ရှိ ၎င်းတို့၏ လေ့ကျင့်ရေးစခန်းမှ လေယာဉ်ဖြင့်ထွက်ခွာလာခြင်းဖြစ်ပြီး တနင်္လာနေ့တွင် လော့ဆန်းဂျလိစ်ကွင်း၌ နူးဇီလန်အသင်းနှင့် ပွဲဦးထွက်ကစားသွားရမည်ဖြစ်သည်။       “ကြီးကျယ်ဂုဏ်ယူဖွယ်ကောင်းပြီး ခိုင်မာတဲ့ အီရန်နိုင်ငံကို ကိုယ်စားပြုခွင့်ရတဲ့အတွက် အလွန်ပျော်ရွှင်ရပါတယ်” ဟု အီရန်နည်းပြ အမီယာ ဂါလီနိုအီက အားကစားကွင်းတွင် ပြုလုပ်ခဲ့သော...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071