Tuesday, August 18, 2026

​ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် ကြေညာမယ့်အကြံကို သဘောကျကြောင်း...

​ပြီးခဲ့တဲ့အပတ်က သူထုတ်ပြောခဲ့တဲ့ ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် ကြေညာမယ့် အကြံအစည်ကို သူပိုပြီး သဘောကျလာပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောလိုက်ပါတယ်။ ​ဟော်မုဇ်ရေလက်ကြားကို မကြာခင်မှာ "အမေရိကန်ပိုင်နက်"...

စစ်ကိုင်းမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ရေဝင်ရောက်ခဲ့သော ရေတွင်း၊ ရေကန်၊...

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်း၌ ရေကြီးရေလျှံမှုဖြစ်စဥ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်ခဲ့သော ရေတွင်း၊ ရေကန်၊ လက်နှိပ်တွင်းများအား ကလိုရင်းခတ်ပေးခဲ့ကြကြောင်း သိရသည်။ စစ်ကိုင်းခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ကျန်းမာရေးဝန်ထမ်းများက သြဂုတ် ၁၇ ရက်တွင်...

ပျ-က်စီးခဲ့သောမိုးသီးနှံစိုက်ဧကများပြန်လည်ဖြစ်ထွန်းအောင်မြင်ရန် တိုင်းအစိုးရအဖွဲ့က ပူးပေါင်းဆောင်ရွက်ပေးမည်ဟု စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ပြော

စစ်ကိုင်းတိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ မိုးသီးနှံစိုက်ဧကအ များအပြားပျ-က်စီးခဲ့သဖြင့် ယင်း ထိခိုက်မှုများအပေါ် လိုအပ်ချက်များပြန်လည်ဖြည့်ဆည်းဆောင်ရွက်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တိုင်းဝန်ကြီးချုပ် ဦးကိုလေး ဦးဆောင်ကာ သြဂုတ် ၁၇...

ထိုင်းနိုင်ငံတွင် လုပ်ငန်းခွင်မတော်တဆမှုကြောင့်သေ ဆုံးခဲ့သည့် မြန်မာနိုင်ငံသားအတွက်...

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်ရှိ ဆောက် လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်လုပ် ကိုင်နေသည့် မြန်မာနိုင်ငံသား ဦးနေဇာကျော်သည် ဇူလိုင် ၁၅ ရက်က လုပ် ငန်းခွင်၌မတော်တဆမှုဖြစ်ပွားကာသေ...
HomeInternationalအလုပ်သမားရှားပါးမှုဖြေရှင်းရန် ရွှေ့ပြောင်းလုပ်သားများ ပိုမိုခေါ်ယူရေး...

အလုပ်သမားရှားပါးမှုဖြေရှင်းရန် ရွှေ့ပြောင်းလုပ်သားများ ပိုမိုခေါ်ယူရေး ထိုင်းစီးပွားရေးအဖွဲ့များ တိုက်တွန်း

ထိုင်းနိုင်ငံရှိ အလုပ်သမားအင်အား အများအပြားလိုအပ်သည့် လုပ်ငန်းကဏ္ဍများတွင် ကြုံတွေ့နေရသည့် အလုပ်သမားရှားပါးမှုပြဿနာကို အမြန်ဆုံးဖြေရှင်းပေးရန် ကူးသန်းရောင်းဝယ်ရေး၊ စက်မှုလက်မှုလုပ်ငန်းနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ပူးတွဲအမြဲတမ်းကော်မတီ (JSCCIB) က ထိုင်းအစိုးရကို တိုက်တွန်းခဲ့ကြောင်း သိရသည်။

အိမ်နီးချင်းနိုင်ငံများမှ ရွှေ့ပြောင်းလုပ်သားများ ဝင်ရောက်လုပ်ကိုင်နိုင်ရေးအတွက် ဥပဒေဆိုင်ရာ အတားအဆီးများကို ဖြေလျှော့ပေးရန်နှင့် အလုပ်လုပ်ခွင့်ပါမစ်များကို သက်တမ်းတိုးပေးရန် လိုအပ်ကြောင်း JSCCIB က ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ဆောင်ရွက်ပေးခြင်းသည် ထိုင်းနိုင်ငံ၏ ယှဉ်ပြိုင်နိုင်စွမ်း၊ စီးပွားရေးတိုးတက်မှုနှင့် ပို့ကုန်ကဏ္ဍတည်ငြိမ်ရေးအတွက် အရေးကြီးကြောင်းလည်း ကော်မတီက ဆိုသည်။

မေ ၂၀ ရက်က ကျင်းပသည့် JSCCIB အစည်းအဝေးတွင် သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည့် ထိုင်းစက်မှုလက်မှုလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌသစ် ပင်မ်ဂျေး လီရစ်ဆာရာနူကူလ်က ကုန်ထုတ်လုပ်ရေးနှင့် ပို့ကုန်ကဏ္ဍများတွင် အနှောင့်အယှက်မဖြစ်ပေါ်စေရန် အလုပ်ခန့်အပ်မှုလုပ်ငန်းစဉ်များကို ပိုမိုချောမွေ့စေရေးနှင့် အလုပ်လုပ်ခွင့်ပါမစ်များ တိုးချဲ့ပေးရေးအတွက် အာဏာပိုင်များကို တောင်းဆိုထားကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် အရေးပါသည့် စက်မှုလုပ်ငန်းများ တည်ငြိမ်စေရန်၊ သင့်လျော်သော စည်းမျဉ်းစည်းကမ်းများ ထားရှိနိုင်ရန်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပြင် လူမှုရေးစနစ်များကိုပါ အထောက်အကူပြုနိုင်ရန် ရွှေ့ပြောင်းလုပ်သားခေါ်ယူမှုဆိုင်ရာ မဟာဗျူဟာမြောက် မူဘောင်တစ်ရပ် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။

အလုပ်သမားပြဿနာကို ဖြေရှင်းနိုင်ရေးအတွက် ကာလတို၊ ကာလလတ်နှင့် ကာလရှည်အစီအမံများ ချမှတ်နိုင်ရန် JSCCIB သည် မကြာမီကာလအတွင်း အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

Ref: Bangkok Post

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

​ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် ကြေညာမယ့်အကြံကို သဘောကျကြောင်း ထရမ့်ပြော

​ပြီးခဲ့တဲ့အပတ်က သူထုတ်ပြောခဲ့တဲ့ ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် ကြေညာမယ့် အကြံအစည်ကို သူပိုပြီး သဘောကျလာပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောလိုက်ပါတယ်။ ​ဟော်မုဇ်ရေလက်ကြားကို မကြာခင်မှာ "အမေရိကန်ပိုင်နက်" အဖြစ် ကြေညာမယ်ဆိုတဲ့ သူ့ရဲ့မှတ်ချက်နဲ့ပတ်သက်ပြီး ရှင်းပြပေးဖို့ သတင်းထောက်တွေက တောင်းဆိုတဲ့အခါမှာတော့ "ဒါက တကယ့်ကို ကောင်းတဲ့အကြံပဲလို့ ကျွန်တော်ထင်တယ်" လို့ သူက ပြန်ဖြေခဲ့ပါတယ်။ "ကျွန်တော်တို့က ပိတ်ဆို့မှုတွေနဲ့ အဲဒီနေရာကို ထိန်းချုပ်ထားတာလေ။ အဲဒါကို ကိုယ့်ပိုင်နက်အဖြစ် ကြေညာမယ့်အကြံကို ကျွန်တော်သဘောကျတယ်။ ရေလက်ကြားတစ်ခုလုံးက ကျွန်တော်တို့ရဲ့ အပြည့်အဝ ထိန်းချုပ်မှုအောက်မှာ ရှိနေတာပါ"...

စစ်ကိုင်းမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ရေဝင်ရောက်ခဲ့သော ရေတွင်း၊ ရေကန်၊ လက်နှိပ်တွင်းများအား ကလိုရင်းခတ်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်း၌ ရေကြီးရေလျှံမှုဖြစ်စဥ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်ခဲ့သော ရေတွင်း၊ ရေကန်၊ လက်နှိပ်တွင်းများအား ကလိုရင်းခတ်ပေးခဲ့ကြကြောင်း သိရသည်။ စစ်ကိုင်းခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ကျန်းမာရေးဝန်ထမ်းများက သြဂုတ် ၁၇ ရက်တွင် စစ်ကိုင်းမြို့ နယ်အတွင်း ရေကြီးရေလျှံစဥ် အိမ်ခြေ(၁၈၄)အိမ်ရှိ ဧရာဝတီမြစ်ရေဝင်ရောက်ခဲ့သော ရေတွင်း၊ ရေကန်၊ လက်နှိပ်တွင်း(၄၈)တွင်းအား ရေမှတစ်ဆင့်ကူးစက်တတ်သောရောဂါများဖြစ်ပွားမှုကို ကာကွယ်တားဆီးနိုင်ရေးနှင့် သောက်သုံးရေသန့်ရှင်းစိတ်ချရမှုရှိစေရေးအတွက် ကလိုရင်းခတ်ပေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် ရေသန့်ဆေးပြားများဝေခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ကူးစက်ရောဂါနှင့် မြွေအန္တရာယ်အကြောင်းတို့ကိုလည်း ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ကြကြောင်း သိရသည်။

ပျ-က်စီးခဲ့သောမိုးသီးနှံစိုက်ဧကများပြန်လည်ဖြစ်ထွန်းအောင်မြင်ရန် တိုင်းအစိုးရအဖွဲ့က ပူးပေါင်းဆောင်ရွက်ပေးမည်ဟု စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ပြော

စစ်ကိုင်းတိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ မိုးသီးနှံစိုက်ဧကအ များအပြားပျ-က်စီးခဲ့သဖြင့် ယင်း ထိခိုက်မှုများအပေါ် လိုအပ်ချက်များပြန်လည်ဖြည့်ဆည်းဆောင်ရွက်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တိုင်းဝန်ကြီးချုပ် ဦးကိုလေး ဦးဆောင်ကာ သြဂုတ် ၁၇ ရက်ကပြုလုပ်စဥ် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ စစ်ကိုင်းတိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ခရိုင်/မြို့နယ်များရှိ ကျေးရွာများ၌ စိုက်ပျိုးလျက်ရှိသည့် စပါး၊ ပဲစဉ်းငုံ၊ ပြောင်း၊ ဆီထွက်သီးနှံ၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုးနှင့် စက်မှုကုန်ကြမ်းသီးနှံဖြစ်သည့် ဝါစိုက်ခင်းများထိခို-က်ခဲ့သည်ဟု ပြောသည်။ ထို့ကြောင့် ရေကြီးနစ်မြုပ်ခဲ့သည့် မိုးသီးနှံများအချိန်မီပြန်လည်အစားထိုးစိုက်ပျိုးရေး၊ စိုက်ပျိုးမြေများ ပြန်လည်သမန်းနိုးခြင်းများဆောင်ရွက်ရေးနှင့် ဒေသခံတောင်သူများလိုအပ်သည့် မျိုးများ၊ လယ်ယာသုံးစက် မောင်းဆီများ၊ သွင်းအားစုဓါတ်မြဩဇာများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071