မိတ်ကပ်မေဦးမောင် က မကြာသေးခင်ကမှ စစ်ကောင်စီက ထိန်းသိမ်းထားရာကနေ ထောင်ကနေပြန်လည် လွတ်မြောက်လာတာ ပဲဖြစ်ပါတယ်။ လွတ်မြောက်လာတဲ့ အချိန်မှာ သူမကို မူတည်နေတဲ့ ဝန်ထမ်းတွေအတွက် အလုပ်အကိုင်တွေပြန်လည် လုပ်ကိုင်ရတာဖြစ်တဲ့အကြောင်း ကို သူမရဲ့ ဖေ့ဘုတ်စ်စာမျက်နှာမှာ အခုလိုပဲပြောပြထားပါတယ်။
“ ကျွန်မ အခုလိုသားသမီးတွေနဲ့ အတူအလုပ်နဲ့ ခရီးတိုလေးတွေ သွားခွင့်မရတော့မှာ အချိန်တစ်ခုမှာ စိုးရိမ်ပူပန်ခဲ့ရတယ်။ ကျွန်မရိုးသားစွာဝန်ခံရရင် ခံဝန်ထိုးဖို့ကျွန်မဘက်က ကြိုးစားမိတယ်’ ဘာလို့လဲဆိုတော့ အနုပညာရှင်ခြင်း တူပေမဲ့ အသက်မွေးဝမ်းကြောင်းပုံစံခြင် းမတူဘူး! ကျွန်မတို့ မိတ်ကပ်သမားတွေဟာ အသေးစား လုပ်ငန်းရှင်တွေဖြစ်တယ်။ ကျွန်မကိုမှီခိုနေရတဲ့ အမြဲတမ်းဝန်းထမ်း၂၀ ကျော်နဲ့ အချိန်ပိုင် းဝန်ထမ်း ၁၀အထက်မှာရှိတယ်’ဒီတော့ကျွန်မဟာ တစ်ယောက်တည်း အတွက် စဉ်းစားလို့မရပဲ အများအတွက် အမြဲစဉ်းစားရတယ်။ ပြီးတော့အရွှယ်တစ်ခုမှာ ရှိနေပြီဖြစ်တဲ့မိဘ’ တစ်ဦးတည်းသောသား ဖြစ်တော့တာဝန်တွေ အားလုံးဟာ ကျွန်မအပေါ်မှာ အားလုံးရှိနေတယ်! ကျွန်မ အသက်အရွှယ်ကလည်း ၄၀ကျော်ဆိုတော့ ဘဝအသစ်တွေ စလို့ကောင်းတဲ့အရွှယ် မဟုတ်ပြန်ဘူး။ လူတိုင်းဟာဘဝတွေဖြစ်တည်မှုတွေ မတူတော့အတွေးတွေ လုပ်နည်းကိုင်နည်းတွေ မတူလို့ ကျွန်မဟာဘယ်တော့မှာ အမြင်မတူရင် အတွေးမတူရင် ဘယ်သူကိုမှာမဝေဖန်ပဲ စောင့်ကြည့်လေ့လာ အမြဲအကဲခတ်လေ့ရှိတယ်။ နောက်ပိုင်းအားလုံး တည်ငြိမ်တဲ့အခါ ကျွန်မဖြစ်ခဲ့တဲ့ ၅၀၅(က)ထုတ်ပြန်ပြီးနောက်ပိုင်း လူတွေရဲ့ဆက်ဆံမှု၊ ဓါတ်ပုံကိုရအောင် ရိုက်ပြီးရည်ရွှယ်ချက်ရှိရှိ ပြန့်နှံအောင် လုပ်ခဲ့တဲ့ ကျွန်မတို့လောကက လူတစ်ဦးနဲ့အမျိုးသမီးတစ်ယောက် ရဲ့လုပ်ရပ်၊ ဖြစ်ပျက်လာတဲ့ပြသာနာ အပေါ်ကျွန်မရဲ့စိတ်ခံစားမှုကို တည်ငြိမ်အောင်ထားပြီး သွေးအေးအေးနဲ့ဆုံးဖြတ် အဖမ်းခံခဲ့ပုံ၊ ထောင်တွင်း အတွေ့အကြံုတွေကိုအလျှင်းသင့်သလို ရေးသားမယ်လို့ စိတ်ကူးထားတယ်တချိန်ပေါ့။ အခုအချိန်ကတော့အထိအခိုက်မခံတဲ့ အချိန်မို့ဆင်ခြင်သင့်တယ်ထင်လို့ ခဏလောက်တော့စောင့်အုံးမယ်။ ကျွန်မအပေါ် နားလည်နိုင်ကျမယ်လို့မျော်လင့်မိပါတယ်။” လို့ပြောပါတယ်။