Saturday, July 25, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရွှေကြာသင်္ကန်းတော်...

နေပြည်တော်၊ ဇူလိုင် ၂၄ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇူလိုင် ၂၄ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ လက်တော်အရောက် ရွှေကြာသင်္ကန်းတော်ကို ကပ်လှူပူဇော်ခဲ့ကြောင်း...

အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် (AICHR) အထူးအစည်းအဝေးသို့...

လူ့အခွင့်အရေးနှင့် နယ်စပ်ဖြတ်ကျော်မှုခင်း ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး မနီလာ၊ ဇူလိုင် ၂၄ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ဇူလိုင်...

ဗဟိုဘဏ်က စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများသို့ အမေရိကန်ဒေါ်လာ ၂.၇၂...

ရန်ကုန်၊ ဇူလိုင် ၂၄ မြန်မာနိုင်ငံဗဟိုဘဏ်သည် CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၂,၇၂၁,၆၀၀ ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများထံ ရောင်းချပေးခဲ့ကြောင်း ...

တီးတိန်မြို့၌ မိုးသည်းထန်စွာရွာသွန်း၍ မြေထိန်းနံရံပြိုကျ

ချင်းပြည်နယ်၊ တီးတိန်မြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့ ဇူလိုင် ၂၄ ရက်နံနက် ၈ နာရီခွဲခန့်တွင် မြေထိန်းနံရံပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တီးတိန်မြို့၊ စကောလမ်းရပ်ကွက်၊...
HomeMoviesအရှေ့အလယ်ပိုင်း ပဋိပက္ခအရှိန်မြင့်လာမှုအပေါ် အလွန်စိုးရိမ်ကြောင်း...

အရှေ့အလယ်ပိုင်း ပဋိပက္ခအရှိန်မြင့်လာမှုအပေါ် အလွန်စိုးရိမ်ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ပြောကြား

စွမ်းအင်ထောက်ပံ့မှုနှင့် ကမ္ဘာ့စီးပွားရေးအပေါ် သက်ရောက်မှုများကို သတိပေး

မနီလာ၊ ဇူလိုင် ၂၂

အရှေ့အလယ်ပိုင်းဒေသတွင် ပဋိပက္ခများ ပိုမိုပြင်းထန်လာခြင်းအပေါ် အလွန်စိုးရိမ်ကြောင်းနှင့် ယင်းအခြေအနေသည် စွမ်းအင်ထောက်ပံ့မှု၊ ကမ္ဘာ့စီးပွားရေးနှင့် ဒေသတွင်းတည်ငြိမ်ရေးတို့အပေါ် ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက ထုတ်ဖော်ပြောကြားခဲ့သည်။

အာဆီယံအဖွဲ့ဝင် ၁၁ နိုင်ငံနှင့် အဓိကမိတ်ဖက်နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများသည် မနီလာမြို့တွင် ယခုသီတင်းပတ်အတွင်း ကျင်းပလျက်ရှိသည့် အစည်းအဝေးများတွင် အမေရိကန်နှင့် အီရန်အကြား တင်းမာမှုများ ပြန်လည်မြင့်တက်လာခြင်း၊ ဟော်မုဇ်ရေလက်ကြားမှ စွမ်းအင်တင်ပို့မှုအခြေအနေနှင့် ကမ္ဘာလုံးဆိုင်ရာ ငွေကြေးဖောင်းပွမှု၊ စီးပွားရေးတိုးတက်မှုတို့အပေါ် သက်ရောက်နိုင်သည့် အကျိုးဆက်များကို အဓိကဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယီမင်နိုင်ငံရှိ အီရန်မဟာမိတ် ဟူသီအဖွဲ့က ဆော်ဒီအာရေဗျအပေါ် ရေတပ်ပိတ်ဆို့မှု ပြုလုပ်မည်ဟု ကြေညာခဲ့ခြင်းသည် ပဋိပက္ခကို ပိုမိုကျယ်ပြန့်စေမည့် အခြေအနေတစ်ရပ်ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ထောက်ပံ့မှုနှင့် ကုန်သွယ်ရေးအပေါ် ခြိမ်းခြောက်မှုများ မြင့်တက်လာစေကြောင်းလည်း ဝန်ကြီးများက သုံးသပ်ခဲ့ကြသည်။

“ယခုဖြစ်ပေါ်တိုးတက်မှုများသည် ကြားဝင်စေ့စပ်ရေး ကြိုးပမ်းမှုများကို ပြင်းထန်စွာ ထိခိုက်စေပြီး ဆွေးနွေးညှိနှိုင်းမှုနှင့် သံတမန်နည်းလမ်းဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေး အလားအလာကို လျော့ပါးစေသည်ကို ကျွန်ုပ်တို့ အလွန်စိုးရိမ်မိပါသည်” ဟု တံခါးပိတ်အစည်းအဝေးအပြီး ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

ပြည်တွင်းထုတ်ကုန်စုစုပေါင်း (GDP) အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ ထရီလီယံ ခန့်ရှိသည့် အရှေ့တောင်အာရှဒေသသည် အဓိကရေနံတင်သွင်းသည့် ဒေသဖြစ်သဖြင့် စွမ်းအင်ထောက်ပံ့မှု အနှောင့်အယှက်များ ဖြစ်ပေါ်လာပါက ထိခိုက်မှု ကြီးမားနိုင်ကြောင်းနှင့် ယင်းသက်ရောက်မှုကို လျှော့ချနိုင်ရန် အာဆီယံ၏ ရေနံမျှဝေရေးယန္တရားကို အရှိန်မြှင့်ဆောင်ရွက်ရန်လည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် မြန်မာ့အရေးနှင့် ပတ်သက်သည့် အလွတ်သဘော တိုင်ပင်ဆွေးနွေးပွဲကိုလည်း ကျင်းပမည်ဖြစ်ပြီး၊ တောင်တရုတ်ပင်လယ်အတွင်း တင်းမာမှုများနှင့် ပတ်သက်၍လည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

အာဆီယံနှင့် တရုတ်နိုင်ငံတို့သည် တောင်တရုတ်ပင်လယ်အတွင်း ပဋိပက္ခများ ပိုမိုမပြင်းထန်လာစေရန် ရည်ရွယ်သည့် အပြုအမူဆိုင်ရာ ကျင့်ဝတ် (Code of Conduct) ရေးဆွဲရေးကို ဆယ်နှစ်နီးပါးကြာ ဆက်လက်ညှိနှိုင်းနေဆဲဖြစ်ကြောင်းလည်း သိရသည်။

Ref: Reuters

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရွှေကြာသင်္ကန်းတော် ကပ်လှူပူဇော်

နေပြည်တော်၊ ဇူလိုင် ၂၄ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇူလိုင် ၂၄ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ လက်တော်အရောက် ရွှေကြာသင်္ကန်းတော်ကို ကပ်လှူပူဇော်ခဲ့ကြောင်း သိရသည်။ အဆိုပါ ရွှေကြာသင်္ကန်းတော်ကို မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဒုတိယအကြိမ် လုံးတော်ပြည့် ရောင်တော်ဖွင့်ဆေးသင်္ကန်း ကပ်လှူပြီးစီးအောင်မြင်ခြင်း နှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် အောင်ပွဲ (၃) နှစ်ပြည့် အထိမ်းအမှတ် အဖြစ် ကပ်လှူပူဇော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ရွှေကြာသင်္ကန်းတော် ကပ်လှူပူဇော်ခြင်းမင်္ဂလာအခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်၍ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကာ ရွှေကြာသင်္ကန်းတော်ကို...

အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် (AICHR) အထူးအစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်၊

လူ့အခွင့်အရေးနှင့် နယ်စပ်ဖြတ်ကျော်မှုခင်း ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး မနီလာ၊ ဇူလိုင် ၂၄ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ဇူလိုင် ၁၇ ရက်မှ ၂၁ ရက်အထိ ကျင်းပခဲ့သည့် အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် (AICHR) အထူးအစည်းအဝေး (၁/၂၀၂၆) သို့ တက်ရောက်ခဲ့သည်။ အဆိုပါအစည်းအဝေးတွင် အာဆီယံနိုင်ငံများမှ AICHR ကိုယ်စားလှယ်များနှင့် ခေတ္တကိုယ်စားလှယ်များ၊ လက်ထောက်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ပြီး လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်၊ မသန်စွမ်းသူများပါဝင်မှု၊ စီးပွားရေးနှင့် လူ့အခွင့်အရေး၊ ဒစ်ဂျစ်တယ်အသွင်ပြောင်းရေး၊...

ဗဟိုဘဏ်က စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများသို့ အမေရိကန်ဒေါ်လာ ၂.၇၂ သန်းကျော် ထုတ်ရောင်း

ရန်ကုန်၊ ဇူလိုင် ၂၄ မြန်မာနိုင်ငံဗဟိုဘဏ်သည် CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၂,၇၂၁,၆၀၀ ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများထံ ရောင်းချပေးခဲ့ကြောင်း  ထုတ်ပြန်ထားသည်။ ထို့ပြင် အမေရိကန်ဒေါ်လာ ၁၇,၄၅၀ ကိုလည်း CMP ကုမ္ပဏီများထံသို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။ ယင်းအပြင် FX Trading တွင် နိုင်ငံခြားငွေ ဝယ်ယူရရှိမှုအရ စားသုံးဆီကဏ္ဍမှ ၂၆ ရာခိုင်နှုန်းနှင့် စက်သုံးဆီကဏ္ဍမှ ၂၆ ရာခိုင်နှုန်း ဖြင့် အများဆုံးပါဝင်ခဲ့သည်။ ယင်းနောက် Non Trade Transaction များနှင့်အခြားကုန်ပစ္စည်းများက (၁၃...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071