Saturday, June 27, 2026

တရုတ်နိုင်ငံ နိုင်ငံတကာပိုက်ကျော်ခြင်းဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာ့အမျိုးသမီးအသင်း ရွှေတံဆိပ်တစ်ခုနှင့်...

တရုတ်နိုင်ငံ၌ ကျင်းပခဲ့သည့် 2026 China International Sepaktakraw Open နိုင်ငံတကာပိုက်ကျော်ခြင်းဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးပိုက်ကျော်ခြင်းအသင်းက ရွှေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်တစ်ခု ဆွတ်ခူးရရှိခဲ့ကြောင်း မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်က...

ဒေါ်လာသန်းရာချီသည့် ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်နိုင်ရန် မြန်မာနိုင်ငံက...

အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့၌ ဇွန်လ ၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် "မြန်မာ-အိန္ဒိယ စီးပွားရေးဆွေးနွေးပွဲ" (Myanmar-India Business Dialogue) သို့ တက်ရောက်လာကြသည့်...

၂၀၂၆ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို မြန်မာ့အသံမှ...

ဝေးလံဒေသကျောင်းသားများ အလွယ်တကူ သိရှိနိုင်ရေး စီစဉ် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ဝေးလံဒေသများရှိ ကျောင်းသား၊ ကျောင်းသူများ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ...

ဓာတ်အားဖြန့်ဖြူးမှု တည်ငြိမ်ရေးအတွက် ဓာတ်အားလိုင်းပြုပြင်မည်… ဒေသအချို့...

မိုးရာသီကာလအတွင်း လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး၊ ဓာတ်အားဖြန့်ဖြူးမှု ပိုမိုတည်ငြိမ်ကောင်းမွန်စေရေးနှင့် ဓာတ်အားလိုင်းများ ကြံ့ခိုင်မှုမြှင့်တင်နိုင်ရေးအတွက် နေရာအချို့ရှိ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများကို ထိန်းသိမ်းပြုပြင်မည်ဖြစ်ရာ ဒေသအချို့တွင် ယာယီဓာတ်အားပိတ်မှုများနှင့် ဓာတ်အားပြ-တ်တေ-ာက်မှုများ...
HomeNewsLocal Newsအရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့်...

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ဂျုဒိုအားကစားသမားများ နောက်ဆုံးဆန်ခါတင်လက်ရည်ဆန်းစစ်

(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဂျူဒို အားကစားသမားများအား နောက်ဆုံးဆန်ခါတင် လက်ရည်ဆန်းစစ်ခြင်းနှင့် ၂၀၂၅ ခုနှစ် ကမ္ဘာ့ဂျူဒိုနေ့ အထိမ်းအမှတ် ဂျူဒိုပြိုင်ပွဲကို ယမန်နေ့က နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

လက်ရည်ဆန်းစစ် ဂျူဒိုပြိုင်ပွဲပွဲစဉ်များအဖြစ် အမျိုးသား/အမျိုးသမီး တစ်ဦးချင်းဝိတ်တန်းအလိုက် အတိုက်ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များ၊ ဗိုလ်လုပွဲ ပွဲစဉ်များကို ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

အမျိုးသမီး (-၅၂)ကီလိုတန်းပြိုင်ပွဲ ၊ အမျိုးသမီး (-၅၇)ကီ လို တန်းပြိုင်ပွဲ ၊ အမျိုးသမီး(-၇၀)ကီလိုတန်းပြိုင်ပွဲ၊ အမျိုး သား (-၇၃)ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသား(-၈၁)ကီလိုတန်းပြိုင်ပွဲစသည့် ပြိုင်ပွဲများကျင်းပခဲ့ပြီး ဆုချီးမြှင့်မှုများလည်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် အမျိုးသမီး (+၇၀) ကီလိုတန်း ပြိုင်ပွဲတွင် ပထမအေးအေးအောင် (GC) ၊ ဒုတိယ ဖြိုးရွှေစင်ကျော်(GC) ၊ တ တိယ နန်းသဲနုနုစံ(YC)နှင့် အမျိုးသား(-၉၀)ကီလိုတန်းပြိုင်ပွဲတွင် ပထမ ကျော်ခန့်စိုး(GC) ၊ ဒုတိယ ဇော်လင်းဖြိုး၊ ပူးတွဲတတိယ စထက်ဝေဖြိုး (YC) နှင့် အောင်ပိုင်ခန့်(YC) တို့ကို မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ဆုချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုများရရှိစေရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားလေ့ကျင့်သွားကြရန်လိုကြောင်း၊ ပြိုင်ပွဲ နီးကပ်လာပြီဖြစ်၍ ကျန်းမာရေးအထူးဂရုစိုက်ကြရန်နှင့်‌ လေ့ကျင့်မှုပြုလုပ်ရာတွင် ထိခိုက်ဒ-ဏ်ရာ မရရှိအောင် ဂရုစိုက်လေ့ကျင့်သွားရန်လည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်နိုင်ငံ နိုင်ငံတကာပိုက်ကျော်ခြင်းဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာ့အမျိုးသမီးအသင်း ရွှေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်တစ်ခု ဆွတ်ခူး

တရုတ်နိုင်ငံ၌ ကျင်းပခဲ့သည့် 2026 China International Sepaktakraw Open နိုင်ငံတကာပိုက်ကျော်ခြင်းဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးပိုက်ကျော်ခြင်းအသင်းက ရွှေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်တစ်ခု ဆွတ်ခူးရရှိခဲ့ကြောင်း မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်က ထုတ်ပြန်သည်။ အဆိုပါပြိုင်ပွဲကို တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ်တွင် ဇွန် ၂၁ ရက်မှ ၂၃ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာအသင်းသည် အမျိုးသမီးလေးယောက်တွဲ (Women Quadrant Event) ပြိုင်ပွဲ၌ ရွှေတံဆိပ်ဆုနှင့် အမျိုးသမီးသုံးယောက်တွဲ (Women Regu Event) ပြိုင်ပွဲ၌ ကြေးတံဆိပ်ဆုတို့ကို ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။ အမျိုးသမီးလေးယောက်တွဲပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း ငါးသင်းဖြင့် အုပ်စုပတ်လည်ယှဉ်ပြိုင်ခဲ့ရာ...

ဒေါ်လာသန်းရာချီသည့် ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်နိုင်ရန် မြန်မာနိုင်ငံက ပြင်ဆင်ထားရမည့် အချက်များ

အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့၌ ဇွန်လ ၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် "မြန်မာ-အိန္ဒိယ စီးပွားရေးဆွေးနွေးပွဲ" (Myanmar-India Business Dialogue) သို့ တက်ရောက်လာကြသည့် အိန္ဒိယထိပ်သီး စီးပွားရေးလုပ်ငန်းရှင်များက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် အထူးစိတ်ဝင်စားလျက်ရှိပြီး လုပ်ငန်းဆောင်ရွက်ရန် အခြေအနေကောင်းများရှိပါက အမေရိကန်ဒေါ်လာ သန်းရာချီ ရင်းနှီးမြှုပ်နှံသွားရန် အသင့်ရှိကြောင်း ပြောကြားခဲ့ကြသည်။ အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှနိုက်ငံ​တော်သမ္မတ ၊နိုင်ငံတော်အဆင့် ကိုယ်စားလှယ်အဖွဲ့များနှင့်အတူ UMFCCI မှ တာဝန်ရှိသူများ၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီး၊ အိန္ဒိယနိုင်ငံ၏ ကုန်သွယ်ရေးနှင့် စက်မှုလက်မှုကဏ္ဍမှ ထိပ်သီးခေါင်းဆောင်များနှင့် ရင်းနှီးပွင့်လင်းစွာ...

၂၀၂၆ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို မြန်မာ့အသံမှ ထုတ်လွှင့်မည်

ဝေးလံဒေသကျောင်းသားများ အလွယ်တကူ သိရှိနိုင်ရေး စီစဉ် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ဝေးလံဒေသများရှိ ကျောင်းသား၊ ကျောင်းသူများ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို အချိန်မီ အလွယ်တကူ သိရှိနိုင်စေရန် ဇွန် ၂၈ ရက် နံနက် ၆ နာရီမှစတင်၍ မြန်မာ့အသံ (ရေဒီယို) တိုင်းရင်းသားအစီအစဉ်များမှ ထုတ်လွှင့်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ အောင်စာရင်းများကို တစ်ပြည်လုံးအတွက် တစ်ပြိုင်တည်း တစ်ရက်တည်း ထုတ်ပြန်ကြေညာမည်ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ သတ်မှတ်စာစစ်ဌာနများ၏ အောင်စာရင်းများကို မြန်မာ့အသံမှ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071