Tuesday, April 21, 2026

နိုင်ငံ၏ပညာရေးကဏ္ဍကိုမြှင့်တင်ပြီး နိုင်ငံသူ၊ နိုင်ငံသားများ၏ စိတ်နေစိတ်ထား(Mind...

နိုင်ငံ၏ပညာရေးကဏ္ဍမြှင့်တင်ရေးနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဧပြီ ၂၀ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ ပညာရေးအားနည်းမှုများကြောင့် အသိပညာအားနည်းမှုများဖြစ်ပေါ်လာရာမှတစ်ဆင့် နိုင်ငံရေးပြဿနာများ ဖြစ်ပေါ်လာကာ မြန်မာနိုင်ငံ၏...

အစိုးရအဖွဲ့၏ ရက်ပေါင်း(၁၀၀)အတွင်း ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များ

အစိုးရအဖွဲ့၏ ရက်ပေါင်း(၁၀၀)အတွင်း ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များနှင့်ပတ်သက်၍ ယနေ့ ဧပြီ ၂၀ ရက်တွင်ကျင်းပခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကပြောကြားခဲ့သည်။ ရက်ပေါင်း(၁၀၀)အတွင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ တောင်သူလယ်သမားများကို...

PDF များ ရက်ပေါင်း(၁၀၀)အတွင်း အလင်းဝင်ရန်ဖိတ်ခေါ်ခဲ့သည့်...

လာမည့် ဇူလိုင် ၃၁ ရက်တွင်ပြည့်မည့် အစိုးရအဖွဲ့ရက်ပေါင်း(၁၀၀)အတွင်း PDF များအလင်းဝင်ကြရန် နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဧပြီ ၂၀...

ပဲခူးတိုင်း၏ ဆဋ္ဌမအကြိမ်မြောက် မြန်မာ့နှစ်သစ်ကူးတရားအလှူတော်(တတိယည)တွင် ပဲခူးမြို့၊...

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲမှကြီးမှူးကျင်းပသည့် ဆဋ္ဌမအကြိမ်မြောက် မြန်မာနှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ပွဲ(တတိယည)ကို ဧပြီ ၁၉ ရက်က ဆင်ယင်ကျင်းပခဲ့သည်။ ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီး၊ တိုင်းလွှတ်တော်ဥက္ကဋ္ဌနှင့် ဇနီး၊ တာဝန်ရှိသူများနှင့် တရားနာပရိသတ်များအား...
HomeNewsLocal Newsအရာတော်မြို့နယ်ရှိ ငွေတွင်းကျေးရွာအတွင်းသို့ PDF...

အရာတော်မြို့နယ်ရှိ ငွေတွင်းကျေးရွာအတွင်းသို့ PDF အဖွဲ့ဝင်များက လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ် ၊ အရပ်သား (၁၅) ဦးသေဆုံး၊ သံဃာတော် (၃) ပါး အပါအဝင် (၇) ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာအတွင်းသို့ ဇူလိုင်လ ၅ ရက်၊ နံနက်ပိုင်းက PDF အဖွဲ့ဝင်များက လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်ခဲ့၍ ဒေသခံအရပ်သား (၁၅) ဦးသေဆုံးကာ သံဃာတော် (၃) ပါးအပါအဝင် (၇) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နစက၏သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။

PDF အဖွဲ့ဝင်များသည် ငွေတွင်းကျေးရွာအတွင်းသို့ ကျေးရွာ၏ အရှေ့တောင်ဘက်မှနေ၍ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။

ထိုသို့ပစ်ခတ်မှုကြောင့် ဒေသခံအရပ်သား ၁၅ ဦးမှာ လက်လုပ်စိန်ပြောင်းဗုံးစများထိမှန်၍ သေဆုံးသွားခဲ့ပြီး သံဃာတော် (၃) ပါးနှင့် ဒေသခံအရပ်သား (၄) ဦး(စုစုပေါင်း ၇ ဦး)တို့တွင် ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် လုံခြုံရေးအဖွဲ့ဝင်များက မုံရွာမြို့၊ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

လုံခြုံရေးအဖွဲ့ဝင်များက ငွေတွင်းကျေးရွာအတွင်းသို့ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်ခဲ့သူများအား ဖမ်းဆီးရမိရေးနှင့် ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေးအတွက် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံ၏ပညာရေးကဏ္ဍကိုမြှင့်တင်ပြီး နိုင်ငံသူ၊ နိုင်ငံသားများ၏ စိတ်နေစိတ်ထား(Mind Set)မြင့်မားလာအောင်ဆောင်ရွက်ရမည်ဟု နိုင်ငံတော်သမ္မတပြော

နိုင်ငံ၏ပညာရေးကဏ္ဍမြှင့်တင်ရေးနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဧပြီ ၂၀ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ ပညာရေးအားနည်းမှုများကြောင့် အသိပညာအားနည်းမှုများဖြစ်ပေါ်လာရာမှတစ်ဆင့် နိုင်ငံရေးပြဿနာများ ဖြစ်ပေါ်လာကာ မြန်မာနိုင်ငံ၏ ပညာရေးအားနည်း ချက်ကိုအသုံးချ၍ ပြည်တွင်း၊ ပြည်ပမှ နိုင်ငံရေးသမားများက ၎င်းတို့အကျိုးအတွက် သွေးထိုးလှုံ့ဆော်အသုံးချလုပ်ဆောင်ခဲ့သဖြင့် နိုင်ငံ၏ပညာရေးကဏ္ဍကိုမြှင့်တင်ပြီး နိုင်ငံသူ၊ နိုင်ငံသားများ၏ စိတ်နေစိတ်ထား (Mind Set)မြင့်မားလာအောင်ဆောင်ရွက်ရမည်ဟု ပြောသည်။ ထို့ပြင် မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍသည် လွတ်လပ် ရေးမရမှီနှင့် လွတ်လပ်ရေးရပြီးချိန်တို့၌ ပညာရေးအား နည်းချက်များရှိခဲ့၍ "အ"သုံးလုံးလှုပ်ရှားမှုများဆောင် ရွက်ခဲ့ရမှု၊ ကျောင်းပညာသင်ကြားရေးမှာ လူများစုပညာရေးဖြစ်ခဲ့သော်လည်းကောင်းမွန်ခဲ့မှု၊ နိုင်ငံတကာအဆင့်မီ...

အစိုးရအဖွဲ့၏ ရက်ပေါင်း(၁၀၀)အတွင်း ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များ

အစိုးရအဖွဲ့၏ ရက်ပေါင်း(၁၀၀)အတွင်း ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များနှင့်ပတ်သက်၍ ယနေ့ ဧပြီ ၂၀ ရက်တွင်ကျင်းပခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကပြောကြားခဲ့သည်။ ရက်ပေါင်း(၁၀၀)အတွင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ တောင်သူလယ်သမားများကို ချေးငွေနှုန်းထားတိုးမြှင့်ရေးစီမံချက်အနေဖြင့် ချေးငွေများတိုးမြှင့်ထုတ် ပေးမည်ဖြစ်ကာ စပါး၊ ဂျုံ၊ ချည်မျှင်ရှည်ဝါတို့အား (၃) သိန်းကျပ်အထိ၊ အခြားသီးနှံ (၁၈)မျိုးကို (၂)သိန်းခွဲကျပ်အထိ၊ ပန်းနှမ်း၊ ဆီ မုန်ညှင်း၊ ဂုံလျှော် တို့အား (၁) သိန်းခွဲကျပ်အထိတိုးမြှင့်ချေးပေးမည်ဖြစ်ပြီး လယ်ယာသုံးစက်ကိရိယာချေးငွေအား ကျပ်သိန်း (၃,၀၀၀)အထိတစ်ကဏ္ဍ၊ ကျပ်သိန်း(၃,၀၀၀)အထက်ဖြစ်ပါက တစ်ကဏ္ဍပေးမည်ဖြစ်သည်။  လမ်းပန်းဆက်သွယ်ရေးတွင် အနီးစခန်းလေဆိပ်အ ဆင့်မြှင့်တင်ခြင်းကို ပြီးပြတ်အောင်ဆောင်ရွက်ခြင်း၊...

PDF များ ရက်ပေါင်း(၁၀၀)အတွင်း အလင်းဝင်ရန်ဖိတ်ခေါ်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် 

လာမည့် ဇူလိုင် ၃၁ ရက်တွင်ပြည့်မည့် အစိုးရအဖွဲ့ရက်ပေါင်း(၁၀၀)အတွင်း PDF များအလင်းဝင်ကြရန် နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဧပြီ ၂၀ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအ ဝေး၌ ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။ PDF များနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးခြင်းနှင့် ငြိမ်း ချမ်းရေးအတွက်အလင်းဝင်ရန်ပြောထားကာ လက်ရှိအချိန်တွင်လည်း အလင်းဝင်လာသူအများအပြားရှိပြီး အလင်းဝင်ရန်တောင်းဆိုခြင်းများရှိရာ မိမိတို့အနေဖြင့်ကြိုဆိုသည်ဟု ပြောသည်။ " PDF နဲ့ပတ်သက်ပြီး ရက်ပေါင်း ၁၀၀ အတွင်းမှာလာပြီးငြိမ်းချမ်းရေးအတွက်လာကြပါ။ ဒီကာလအတွင်းမှာ ဥပဒေဘောင်အတွင်းဝင်လာကြဖို့ဖိတ်ခေါ်ပါတယ်။ နိုင် ငံရေးအရလည်း ဘာမှခိုင်လုံတဲ့အကြောင်းပြချက်မဟုတ်ပါဘူး။ PDF တွေအနေနဲ့ အသုံးချမခံရအောင်နေကြဖို့ပြောလိုပါတယ်"ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071