Friday, March 21, 2025

ကျိုင်းတုံ စော်ဘွားဈေးနေ့ ကျင်းပ

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၌ ယနေ့ မတ်လ (၂၀)ရက် နံနက်ပိုင်းအချိန်တွင် ရှမ်းတိုင်းရင်းသားများက စော်ဘွားဈေးနေ့ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဈေးရောင်းချမှုသည် စော်ဘွားများကို အမှတ်ရခြင်း၊...

ပဲခူးတိုင်းအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ်သန်း (၁၅၀၀)ကျော်ဖြင့်တည်ဆောက်ပေးခဲ့သည့် အရှည်ပေ(၃၂၀)ရှိ...

ပဲခူးတိုင်း၊ ပဲခူးမြို့၊ ဇိုင်းဂနိုင်းမြောက်ပိုင်းရပ်ကွက်နှင့် ပဲခူးမြို့မဈေးသို့ဆက်သွယ်ထားသည့် ပဲခူးတိုင်းအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ်သန်း(၁၅၀၀) ကျော်ဖြင့်တည်ဆောက်ပေးခဲ့သော အရှည်ပေ (၃၂၀)ရှိ ပဲခူးမြစ်ကူးသံကူကွန်ကရစ်တံတားအား မတ် ၁၉ ရက်နံနက်ပိုင်းက...

မြန်မာ-ရုရှားနှစ်နိုင်ငံ ကာကွယ်ရေးပိုင်းဆိုင်ရာများနှင့် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ...

မြန်မာ-ရုရှားနှစ်နိုင်ငံ ကာကွယ်ရေးပိုင်းဆိုင်ရာများနှင့် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး H.E. Mr....

ပူတင်၊ ဇီလန်စကီတို့နှင့် ဖုန်းပြောဆိုမှုများ ‘အလွန်ကောင်းမွန်’...

အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က ရုရှားခေါင်းဆောင် ဗလာဒီမာ ပူတင်နှင့် ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီတို့နှင့် မကြာသေးမီက ဖုန်းပြောဆိုမှုများမှာ အလွန်ကောင်းမွန်သည်ဟုပြောကြားခဲ့သည်။ “ကျွန်တော်တို့...
HomeCelebrities' Newsအမှားတွေ များခဲ့သလို ဖြစ်တဲ့အတွက်...

အမှားတွေ များခဲ့သလို ဖြစ်တဲ့အတွက် ပရိသတ် အားလုံးကို တောင်းပန်ပါတယ် ထက်ထက်မိုးဦး

တစ်ခေတ် တစ်ခါတုန်းက ပရိသတ်အား ပေးမှု အများဆုံး ရရှိခဲ့ပြီး ကြော်ငြာခေတ်တစ် ခေတ် တည်လှစ်နိုင်ခဲ့သူဖြစ်တဲ့ ထက်ထက်မိုးဦး ကို သန်လျင်မှာ ရိုက်ကူးနေတဲ့ Bella  ကြော်ငြာ ရိုက်ကွင်းမှာ တွေ့ ဆုံခဲ့ပါတယ်။ အခုအချိန်မှာ ထက်ထက်မိုးဦး က ကြော်ငြာတွေ အများ ကြီး ရိုက်ကူးထားတာတွေ လည်းရှိပြီး မထုတ်လွှင့်ရ သေးတာလည်း ရှိကြောင်း ပြောပါတယ်။ ပရိ သတ်တွေကို နံပါတ်တစ် နေရာမှာ ထားတယ် လို့ ဆိုတဲ့ ထက်ထက်မိုးဦး က အခုအရွယ်မှာ သူ့ရဲ့ သရုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး အင်တာနက်မှာ ပရိသတ်တွေ ဝေဖန် ထားတဲ့ အပေါ် တဖြည်း ဖြည်း နဲ့ ပြောင်းလဲနိုင်ဖို့ ကြိုးစားနေပါတယ် လို့ ပြောပါတယ်။

“အင်တာနက်မှာ ရေးထားတာက သူများ တွေ ပြန်ပြောပြတာပေါ့။ ထက်ကတော့ မသုံး ဘူး။ သူငယ်ချင်း က သူ့အကောင့်ကနေ ကြည့် ပြီး ဘေးကနေ ဖတ်ပြနေတာ၊ ထက် ရိုက်ထားတဲ့ Bella  ကြော်ငြာကို အများကြီးပဲ Share ကြ တယ်။ သူလည်း Share ထားတယ်တဲ့။ သူငယ် ချင်းက အမြဲကြိုးစားနေတဲ့သူပဲ၊ ဆက်ပြီးတော့ လည်း ဟိုအရင်ကလိုပဲ အလုပ်တွေက အောင် မြင်ဦးမှာပါပဲတဲ့။ ထက်က သူ့ကို သူငယ်ချင်းမို့လို့ ဘေးကနေ ဒီလိုပြောတယ်ပေါ့ ဆိုပြီး ပြောတော့ သူက သူငယ်ချင်းမို့ လို့ပြောတာ မဟုတ်ဘူး လေတဲ့။ သူငယ်ချင်း ဆိုတာ ထက်ကို ကိုယ့် ညီအစ်မတွေ လိုပဲ ဖြစ်နေပြီမို့လို့ မကောင်း တာဆိုလည်း အမြင်အတိုင်း ပဲ ဝေဖန်ပေးမှာ ပဲ ထောက်ပြပေး မှာပဲ။ ကောင်းတယ် ဆိုလည်း ဒါ လေးကတော့ ကောင်းတယ် ဆိုပြီး အမှန်အ တိုင်းပဲ ပြောမှာပါပဲတဲ့။ သူက ပြောပြနေတာ။ နား ထောင် ကြည့်နော် သူဖတ်ပြမယ်တဲ့။ ပရိ သတ်တွေကလည်း ပြောနေတယ်တဲ့ လက်ရှိ အသက် အရွယ်၊ အိုက်တင်လေးလည်း လုပ်ပေး ပါနော်တဲ့။  ဒါပေမဲ့ လက်ရှိ အသက် အရွယ်ကို တော့ လက်ခံပါတယ်။ ကိုယ်လည်း တဖြည်း ဖြည်း သားသမီးလည်း ရလာပြီ။ လူတိုင်းလူ တိုင်းက တဖြည်းဖြည်း အသက်ကြီး လာပြီ ဆို တော့ အသက်ကြီးတာကိုလည်း လက်ခံပါတယ်။

ဒါပေမဲ့ အခု ကိုယ်ရိုက်ရတဲ့ ပစ္စည်း နဲ့၊ ရိုက်ရတဲ့ အနေအထား နဲ့ ဒါရိုက်တာ ဖြစ်စေချင်တဲ့ ပုံစံ အတိုင်း ဘာမဆို ကြီးရင်လည်း ကြီး၊ ငယ်ရင် လည်းငယ်၊ အပျော်ဆိုလည်း အပျော်၊ အငိုင် လေးဆိုလည်း အငိုင်၊ အဲဒီလို ကျတဲ့ ဇာတ်ရုပ်နေရာ ကနေ မင်းသမီးဆို တာကတော့ အစုံ လုပ်ရတယ်။ ဒါပေမဲ့ ပရိသတ်တွေ ကတော့ ကိုယ်နဲ့ရွယ်တူတွေ အကုန်လုံး က လူကြီးတွေ လိုမျိုးပဲ ဝတ် ဆင်ကြတယ်၊ ရိုက်ကူးကြ တယ်ဆိုတော့ ကိုယ့်ကို လည်း ဒီလိုမျိုးပဲ တည်တည်တံ့တံ့ မြင်စေချင်တာလည်း ဖြစ်မှာပဲ  လေ။ အဲဒီလိုပဲ ကိုယ်လည်း နေ ချင်ပါတယ်။ တဖြည်းဖြည်းတော့ ပြောင်းယူနေပါတယ်။ ပရိသတ် ဖြစ်စေချင်တဲ့ အတိုင်း နေနိုင်အောင်လို့ လုပ်နိုင်အောင်လို့ ကြိုးစားနေ ပါတယ်။ ပရိသတ် တွေကို အမြဲတမ်း လေးစားတယ်။ ထက် ဘဝမှာ နံပါတ်တစ် ကနေ တစ်ရာ ထိရေရင် ပရိသတ်က အရေးအကြီးဆုံးပဲ။ ပရိသတ်ကို အချစ်ဆုံးပဲ”လို့ ပြောပါတယ်။

အနုပညာ အလုပ်ဆိုတာ ပိုက်ဆံ ရှိတိုင်း လည်း ရိုက်ကူးယူလို့ မရဘူးလို့ ဆိုတဲ့ ထက်ထက် မိုးဦးက “ဇာတ်ကား ရိုက်ကူးဖို့က ကိုယ်နဲ့ မဆုံ ဖြစ်သေးတာ။ အနုပညာ အလုပ်ဆိုတာ ပိုက် ဆံ ရှိတိုင်းလည်း ရိုက်ကူး လို့မရဘူး။ အိမ်မှာ ရိုက်ချင် လှချည်ရဲ့လို့ ထိုင် အော်နေလို့ လည်း မရဘူး။ သူ့ စန်းနဲ့ သူ့အချိန်အခါနဲ့ ကိုယ် တာဝန်ကျလာတဲ့ ဇာတ်ရုပ်ပေါ်မှာ မူ တည်ပြီး အကောင်းဆုံး ကြိုးစားပြမယ် ဆို တဲ့စိတ်နဲ့ နေရတာပေါ့။ ထက်လည်း အခု ပိုက်ဆံနဲ့ ထုတ်ရိုက်မယ် ဆိုရင်ရ တယ်။ ဒါပေမဲ့ အဲဒီလိုမျိုးကြီး လည်း မလုပ်ချင်ဘူး။ ပြီးတော့ ကိုယ့်သမီးလေး ကိုလည်း ဒီအ တိုင်းကြီး လွှတ်ထားရမှာ စိတ် မချဘူး။ ကိုယ်ကပဲ လောဘကြီး တာလားမသိဘူး။ မွေးကတည်း က အခုထိ အထိန်းနဲ့ မထား ဖူးဘူး။ ကိုယ့် ဘာသာကိုယ်ပဲ ထိန်းတယ်။ ဒီနေ့ ရှုတင် လာတော့လည်း ခေါ်ခဲ့တယ်။ ကျောင်းမပို့ဘူး။ ပညာရေးက အရေးကြီးမှန်း တော့သိပါတယ်။ အစောကြီး ရှုတင်ကို ၈ နာရီ လာရမယ် ဆိုတော့ ထား ခဲ့လို့လည်း မရဘူး။ ကျောင်း ပို့ တော့လည်း မမီတော့ဘူး။ ကားတွေ က ကျပ်တယ် ဆိုတော့။ အလုပ်ကိုလည်း လာချင်တယ် ဆိုတော့ ပရိသတ်တွေကပဲ နံပါတ် တစ်လား၊ အလုပ် ကပဲ နံပါတ်တစ်လား ဘာလဲတော့ မပြော တတ်ဘူး။ ဒါပေမဲ့  ပရိသတ်ကို နံပါတ် တစ် ထားပါတယ်။ တစ်ကနေ တစ်ရာ ထိ အရေးကြီးဆုံးက သူတို့ပါပဲ။ ဘာပဲဖြစ် ဖြစ် ကိုယ်မှားခဲ့တာတွေ၊ အနေ မတတ်ခဲ့တာ တွေလည်း ရှိခဲ့ တာပေါ့။ လူတိုင်း လူတိုင်း က အမှား နည်းတာနဲ့ များတာပဲ ကွာတယ်။ သိအောင် လုပ်ကြတာ၊ မသိအောင် လုပ်ကြတာပဲ ကွာတယ်။ ကိုယ်က ဟန်မဆောင် တတ်တော့ သိအောင် လုပ်သလို ဖြစ်နေတယ်။ အမှားတွေ များခဲ့သလို ဖြစ်တယ်။ အဲဒီအတွက် လည်း အားလုံး ကို တောင်းပန်တယ်။ ရှေ့ဆက်ပြီးတော့ ကိုယ့်မှာ သားသမီးရှိ လာပြီ ဆိုတော့ သားသမီး အတွက် ရော၊ ပရိသတ်တွေ ဖြစ်စေချင်တဲ့ ပုံစံရော အစစအရာရာ အမြဲတမ်း အနုပညာ နဲ့ ပတ်သက်ပြီး  ကြိုးစားနေ ပါတယ်” လို့ ပြောပါတယ်။

ထက်ထက်မိုးဦးရဲ့ သမီးဖြစ်သူ စစ်လွန်းဝတီထက်က မိခင်လိုပဲ အနုပညာကို ချစ်မြတ်နိုးပြီး ဝါသနာပါသူ တစ်ဦးလည်း ဖြစ်ပါတယ်။ အနုပညာ အလုပ်တွေက ပင်ပန်းတဲ့ အတွက် သမီး ဖြစ်သူ ကိုတော့  ဝါသနာ မပါစေချင်ဘဲ ပညာတတ် တစ်ယောက် ပဲ ဖြစ်စေချင် တယ်လို့ ထက်ထက်မိုးဦးက ပြောပါတယ်။

“သူက ဝါသနာပါတယ်။ ထက်က ဝါသနာ မပါစေချင်ဘူး။ ပင်ပန်းတယ်လေ။ တစ်ရက်ဆိုလည်း သူများ တစ်လလောက် အလုပ်လုပ်ရသလိုပဲ ချွေးတွေ ညှစ်ထုတ်သလိုပဲ။ ပေါ့ပေါ့လေး လုပ်လိုက်ရင်တော့လည်း ရရင်ရမှာပေါ့။ ဒါပေမဲ့ ကိုယ်က အဲဒီ လိုစိတ်မထားတတ်တာ။ အသေးသေးလေး ကအစ အကြီးကြီး အထိ အကုန်ခေါင်းထဲ ထည့်တာလေ။ မိတ်ကပ်ပြင်ရင် လည်း စိတ် က တအားစိုးရိမ်တယ်။ ဆံပင်၊ အဝတ်အစားတွေ ဆိုလည်း အဲဒီ လိုပဲ။ ဘယ်နေရာမှာမဆို ကိုယ်က တစ်ချိန်လုံး ကောင်းပဲကောင်း ချင်နေတာ အရာရာတိုင်းကိုလေ။ စိတ်က အလုပ်နဲ့ ပတ်သက်ရင် လောဘကြီးတော့ မောတယ်။ သူ့ကိုတော့ မဖြစ်စေချင်ဘူး။ ကိုယ့်လိုဖြစ်မှာစိုးလို့။ ပညာရေးက အရေးကြီးဆုံးပဲ။ ပညာပဲ တတ်စေချင်တယ်။ ပညာတတ်ရင် သူအသက်ကြီးတဲ့ အထိ ကောင်း သွားမယ်လေ။ ထက်ထက် တို့ဆို ပညာမတတ်တော့ သူများထက် ကျန်တဲ့ နေရာကျော်ကြားရင် ကျော်ကြားမယ်။ ပိုက်ဆံရှိရင် ရှိမယ်။ တခြား နေရာတွေအကုန်လုံးက ပညာမတတ် ရင် အလကားပဲ။ အတွေးအခေါ် လည်း နောက်ကျမယ်။ အတွေး အခေါ်တွေမှားမယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်မှားခဲ့တာပဲ။ ကိုယ့်မှာ အသိုင်းအဝိုင်း မရှိတော့ ပိုဆိုးတယ်။ ဘယ်လောက်ချမ်းသာ ချမ်း သာ တစ်ကောင် ကြွက်က ကောင်းမလား။ မိဘ၊ မောင်နှမ ဘာဆို ဘာတစ်ခုမှ ဘေးမှာမရှိဘူး။ ပိုက်ဆံအထုပ် ဘယ်သူက လိုက် သိမ်းပေးမှာလဲ။ ဘယ်သူက ဘဏ်သွားအပ်ပေးမှာလဲ။ ဘယ် သူက အိမ်မှာ စောင့်ရှောက်ပေး မှာလဲ။ ဘယ်သူက ကိုယ့် အိမ်ကို လာပြီး အစ အဆုံး သူများအဒေါ်တွေ အန်တီတွေ၊ ကြီးကြီးတွေလို၊ ကိုယ့်ရဲ့ အဘွားလေးတွေလို လုပ်ပေးမှာလဲ။ အဲဒီလို အဒေါ်တွေ ၊ မောင်နှမတွေ အများကြီး ကောင်းကြတဲ့သူတွေ ရှိပါတယ်။ တခြား မင်းသမီးတွေ ကြည့်ပြီး သူတို့အားကျ လိုက်တာလို့။ ပြော မယ် ဆိုရင်တော့ အများကြီးပဲပေါ့နော်။ ဒါပေမဲ့ ဒါတွေမပြော တော့ပါဘူး။ အသက်လည်း ဒီအရွယ် ရလာပြီ။ ကျော်ဖြတ်ခဲ့ ရတာတွေလည်း သိပ်များနေပြီ။ ခံစားခဲ့ ရတာတွေလည်း သိပ်များနေပြီ။ ဘယ်အရာ ကိုမှ ခံစားချက်လို့ မထည့်တော့ဘူး။ ဘာဖြစ်လို့ လဲဆို အသက် ၄ဝ ဝန်းကျင်မှာတော့ အသက်အပိုင်း အခြားအရ အရာရာ အကုန်လုံးတွေ့ဖူး သွားပြီ။ ကြုံဖူးသွားပြီ။ ခံစားပြီးသွားပြီ ဆိုတော့ ကိုယ့်ဘက်က စိတ်လျှော့ပြီး သေရင်ဖြောင့် ဖြောင့်တန်းတန်း သေဖို့ အတွက်ကိုပဲ အေးအေးချမ်း ချမ်းနေ တတ်အောင် လေ့ကျင့် ရမယ့် အချိန်ရောက်သွားပြီပေါ့။ ဒါပေမဲ့ လည်း ကိုယ်က နောက်ခံ background တောင့်ပြီးတော့မှ မွေးရာပါ ချမ်းသာတဲ့ လူမဟုတ်တဲ့ အတွက် ကိုယ့်သားသမီး ရှေ့ရေး၊ ကိုယ့်အိုစာမင်းစာ အတွက် ထပ်ပြီးလျှောက် လှမ်းနေရ ဦးမှာပဲလေ။ ရုန်းကန်နေ ရဦးမှာပဲပေါ့။ တစ်ခါ တလေ ကျရင် တော့ ဝမ်းနည်းတာပေါ့။ ငါက ဆွေမျိုးအသိုင်း အဝိုင်းမရှိတော့ သူများထက် ကို စိတ်ရော လူရောပင်ပန်းတာပေါ့။ ကားမောင်း ရင်လည်း ကိုယ်၊ အိမ်ကိစ္စလည်း ကိုယ်၊ ဈေးလိုက် ရတာလည်း ကိုယ်၊ မီတာဆောင် တာကအစ ကိုယ့်ခေါင်းထဲ ထည့်ရ တယ်။ ရှိရှိသမျှ ကိစ္စ သေးသေးလေး ကနေ အကြီးကြီး အထိ ကိုယ်တစ်ယောက်တည်းဆိုတော့ တစ်ခါတလေကျရင် စိတ်မောတယ်။ တစ်ခါ တလေ ကျရင် သူများထက် ပိုပြီး ဒေါသ ထွက်မြန်တယ်”လို့ ပြောပါတယ်။ ပရိသတ်တွေ အပေါ် အမြဲမေတ္တာပို့ ဆုတောင်းပေးနေ ပါတယ် ဆိုတဲ့ ထက်ထက်မိုး ဦးက..

“ထက် ပရိသတ်နဲ့ စပြီးထိတွေ့ကာစ သိနားလည်တဲ့ အချိန် ဒီလိုမျိုးသိလာရတဲ့ အချိန်ကစပြီး မေတ္တာ ပို့သပေးနေပါတယ်။ ကိုယ်က အလှူ အတန်း ဆိုလည်း တတ်နိုင်သလောက် လုပ်ခဲ့ တယ်။ လုပ်နေတယ်။ မေတ္တာ ကတော့ လူတိုင်း လူတိုင်းအပေါ်မှာ အကုန်လုံး အပေါ် မှာ ညစဉ်မပျက် မေတ္တာပို့ ဆုတောင်းပေးပါ တယ်” လို့ ပြောပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ- အောင်ဇော်မင်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071