ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ ဇွန် ၆ ရက် ည ၉ နာရီခွဲခန့်က အဝေးပြေးခရီးသည်တင်ကားများမှစ၍ ကား (၆) စီးဆင့် တို-က်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အမြန်လမ်းမကြီးအတိုင်းမောင်းနှင်လာသည့် “ကောင်းမြတ်မန်း” အဝေးပြေးခရီးသည်တင်ကားသည် မိုင်တိုင်အမှတ် ၂၂၁/၇ အရောက် အရှိမထိန်းနိုင်ဘဲ Guard Rail တန်းအားဝင်တို-က်မိပြီးနောက် အမြန်လမ်းမကြီးပေါ်တွင် ကန့်လန့်ဖြတ်ရပ်တန့်သွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်ကြောင့် အမြန်ယာဉ်ကြောတွင် ရပ်တန့်ထားသော Toyota Alphart ကား၊ အနှေးယာဉ်ကြောတွင် ရပ်တန့်ထားသော Toyota Harrier ကားနှင့် Isuzu ကားအား လားရာတူနောက်မှမောင်းနှင်လာသော “သိန်းသန်းကုဋေ”အဝေးပြေးခရီးသည်တင်ကားနှင့် “ဇေယျာမြိုင်ကြီး”အဝေးပြေးခရီးသည်တင်ကားတို့က ထပ်ဆင့်ထပ်မံတို-က်မိခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်ကြောင့် “ဇေယျာမြိုင်ကြီး” အဝေးပြေးခရီးသည်တင်ကားနှင့် “သိန်းသန်းကုဋေ” အဝေးပြေးခရီးသည်တင်ကားတို့ပေါ်မှ လိုက်ပါလာသူ (၉) ဦးတွင် ထိခိုက်ဒ-ဏ်ရာများ (မစိုးရိမ်ရ) ရရှိခဲ့သဖြင့် နေပြည်တော်ကုတင် (၁၀၀၀) ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
ဖြစ်စဥ်တွင်ပါဝင်ခဲ့သော “ကောင်းမြတ်မန်း” အဝေးပြေးခရီးသည်တင်ကား၊ Toyota Alphart ကား၊ Toyota Harrier ကားနှင့် Isuzu ကားတို့ပေါ်မှလိုက်ပါလာသူများ၌ ထိခိုက်ဒ-ဏ်ရာရရှိသူမရှိခဲ့ကြောင်း သိရသည်။
