Saturday, May 16, 2026

မြန်မာ-အီသီယိုပီးယား နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာသဘောတူညီချက်များ လက်မှတ်ရေးထိုးရန်ဆွေးနွေး

အီသီယိုပီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးအောင်မင်းဦးနှင့် အီသီယိုပီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အလယ်ပိုင်း၊ အာရှနှင့် ပစိဖိတ်ရေးရာဌာန ညွှန်ကြားရေးမှူးချုပ် Ambassador Dawano Kedirm တို့ မေ...

မြန်မာသံအမတ်က စင်ကာပူနိုင်ငံခြားရေးဝန်ကြီး အရှေ့‌တောင်အာရှဌာန ညွှန်ကြားရေးမှုးချုပ်ကို...

အာဆီယံအတွင်း ပူးပေါင်းဆောင်ရွက်သွားရေး ကိစ္စရပ်များ ဆွေးနွေး မြန်မာသံရုံး၊ စင်ကာပူမြို့ သံရုံးယာယီတာဝန်ခံ/ သံအမတ်သည်  စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့တောင်အာရှဌာန ညွှန်ကြားရေးမှူးချုပ်အား ယမန်နေ့က  သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။ မြန်မာသံရုံး၊...

ရန်ကုန်တက္ကသိုလ်တွင် Certificate in Food...

ရန်ကုန်တက္ကသိုလ်၊ ကုန်ထုတ်ဓာတုဗေဒဌာနတွင် စားသောက်ကုန်လုပ်ငန်းအတတ်ပညာ (Certificate in Food Technology) သင်တန်းကို ၂၀၂၆ ခုနှစ် ဇွန်လ ၂ ရက်နေ့မှ...

စစ်ကိုင်းတွင် ငလျင်ဘေးပြန်လည် ထူထောင်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ...

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့ရသည့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြန်လည်ထူထောင်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းထံက သိရသည်။ ယမန်နေ့ မေလ (၁၅) ရက်က မြန်မာနိုင်ငံ...
HomeNewsLocal Newsအမျိုးသားဘောလုံးအကယ်ဒမီ (မန္တလေးဇုန်) အတွက်...

အမျိုးသားဘောလုံးအကယ်ဒမီ (မန္တလေးဇုန်) အတွက် သင်တန်းသားသစ်ရွေးချယ်ပွဲ၏ လက်တွေ့စစ်ဆေးမှု ယနေ့စတင်

အမျိုးသားဘောလုံးအကယ်ဒမီ (မန္တလေးဇုန်) အတွက် သင်တန်းသားသစ်ရွေးချယ်ပွဲ၏ အပြီးသတ်လက်တွေ့စစ်ဆေးရွေးချယ်မှုကို ယနေ့ မေ ၁၆ ရက်နံနက်ပိုင်းက အမျိုးသားဘောလုံးအကယ်ဒမီ (မန္တလေး) ၌ ပြုလုပ်ခဲ့သည်။

အဆိုပါ ရွေးချယ်မှုကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) က ကြီးမှူး၍ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက်ပြုလုပ်ခြင်းဖြစ်ကာ မန္တလေး၊ နေပြည်တော်၊ တောင်ကြီးနှင့် ကလောမြို့များမှ ပဏာမရွေးချယ်ခံထားရသည့် မျိုးဆက်သစ် လူငယ်ကစားသမားများ လာရောက်ရွေးချယ်ခံခဲ့ကြသည်။

မနက်ဖြန် မေ ၁၇ ရက်တွင်လည်း သင်တန်းသားသစ်ရွေးချယ်ပွဲကိုဆက်လက်ပြုလုပ်သွားမည်ဖြစ်ကာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ဒါရို-က်တာ မစ္စတာ မိတနှင့် နည်းပြအဖွဲ့ဝင်များက လူငယ်များ၏ ဘောလုံးကျွမ်းကျင်မှု၊ ကြံ့ခိုင်မှုနှင့် နည်းဗျူဟာနားလည်မှုတို့ကို သေချာစွာစိစစ်အကဲဖြတ်ရွေးချယ်လျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ-အီသီယိုပီးယား နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာသဘောတူညီချက်များ လက်မှတ်ရေးထိုးရန်ဆွေးနွေး

အီသီယိုပီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးအောင်မင်းဦးနှင့် အီသီယိုပီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အလယ်ပိုင်း၊ အာရှနှင့် ပစိဖိတ်ရေးရာဌာန ညွှန်ကြားရေးမှူးချုပ် Ambassador Dawano Kedirm တို့ မေ ၁၅ ရက်ကတွေ့ဆုံခဲ့ကြသည်။ တွေ့ဆုံစဥ် မြန်မာ-အီသီယိုပီးယား နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာသဘောတူညီချက်များလက်မှတ်ရေးထိုးနိုင်ရေး၊ နှစ်နိုင်ငံကြားဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာအောင်ဆောင်ရွက်ရေး၊ နှစ်ဖက်အကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍများတွင်ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် မြန်မာသံအမတ်ကြီးက မြန်မာနိုင်ငံ၏လက်ရှိဖြစ်ပေါ်တိုးတက်မှုများ၊ မြန်မာအစိုးရ၏ ရည်မှန်းချက်များနှင့် မူဝါဒများ၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့အတူ ညွှန်ကြားရေးမှူးချုပ်ကလည်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်လုပ်ဆောင်သွားရန် အီသီယိုပီးယားနိုင်ငံ၏ ကတိကဝတ်ကိုထပ်လောင်းအတည်ပြုပြောကြားခဲ့သည်။

မြန်မာသံအမတ်က စင်ကာပူနိုင်ငံခြားရေးဝန်ကြီး အရှေ့‌တောင်အာရှဌာန ညွှန်ကြားရေးမှုးချုပ်ကို သွားရောက်တွေ့ဆုံ

အာဆီယံအတွင်း ပူးပေါင်းဆောင်ရွက်သွားရေး ကိစ္စရပ်များ ဆွေးနွေး မြန်မာသံရုံး၊ စင်ကာပူမြို့ သံရုံးယာယီတာဝန်ခံ/ သံအမတ်သည်  စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့တောင်အာရှဌာန ညွှန်ကြားရေးမှူးချုပ်အား ယမန်နေ့က  သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။ မြန်မာသံရုံး၊ စင်ကာပူမြို့မှ သံရုံးယာယီတာဝန်ခံ/သံအမတ် ဒေါက်တာဇော်မင်းအောင် သည်  iLGiardino, Botanic Gardens ၌ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့တောင်အာရှဌာန၊ ညွှန်ကြားရေးမှူးချုပ် Ms. ZHOU Suli မှ တည်ခင်းဧည့်ခံသော အလုပ်သဘော နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ခြင်းလည်း ဖြစ်သည်။ မြန်မာ-စင်ကာပူ နှစ်နိုင်ငံဆက်ဆံရေး၊ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မြန်မာသံရုံး၊ စင်ကာပူမြို့အကြား ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် အလားအလာများ၊...

ရန်ကုန်တက္ကသိုလ်တွင် Certificate in Food Technology သင်တန်း (၃) လကြာ ဖွင့်လှစ်မည်

ရန်ကုန်တက္ကသိုလ်၊ ကုန်ထုတ်ဓာတုဗေဒဌာနတွင် စားသောက်ကုန်လုပ်ငန်းအတတ်ပညာ (Certificate in Food Technology) သင်တန်းကို ၂၀၂၆ ခုနှစ် ဇွန်လ ၂ ရက်နေ့မှ စတင်၍ (၃) လကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါသင်တန်းကို တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများမှစ၍ လျှောက်ထားနိုင်ပြီး ရန်ကုန်တက္ကသိုလ် ကျောင်းသားရေးရာဌာနတွင် သတ်မှတ်ထားသည့် လျှောက်လွှာပုံစံဖြင့် မေလ ၂၅ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ လျှောက်ထားနိုင်ကြောင်း သိရသည်။ သင်တန်းကို အင်္ဂါ၊ ကြာသပတေးနှင့် သောကြာနေ့များတွင် မနက် ၇ နာရီမှ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071