Friday, July 31, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ အီသီယိုပီးယားနိုင်ငံသံအမတ်ကြီး ဂါရဝပြုတွေ့ဆုံ

ပြည်တွင်းပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် ငြိမ်းချမ်းရေးအတွေ့အကြုံများ အပြန်အလှန်ဖလှယ်ရေး ဆွေးနွေး နေပြည်တော်၊ ဇူလိုင် ၃၀ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် တိုကျိုမြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အီသီယိုပီးယားနိုင်ငံသံအမတ်ကြီး...

နိုင်ငံတော်သမ္မတ၏ အစိုးရရက် (၁၀၀) ပြည့်...

နေပြည်တော်၊ ဇူလိုင် ၃၀ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ အစိုးရရက် (၁၀၀) ပြည့် နိုင်ငံတော်အခြေပြ မိန့်ခွန်းကို ၂၀၂၆ ခုနှစ်...

လျှပ်စစ်မီတာ အသစ်များကို website မှတဆင့်...

ရန်ကုန်၊ ဇူလိုင် ၃၀ လျှပ်စစ်ဓာတ်အား သုံးစွဲလိုသော်လည်း မီတာမရှိသေးသည့် မိဘပြည်သူများအတွက် လျှပ်စစ်မီတာအသစ်များကို လာမည့် ဩဂုတ် (၁၅) ရက်နေ့မှ စတင်၍ လျှောက်ထားနိုင်မည်ဖြစ်ကြောင်း...

မိမိယာဉ်နံပါတ်ကို အလွဲသုံးစားပြု၍ စက်သုံးဆီဝယ်ယူခံရသည့် ယာဉ်ပိုင်ရှင်များအတွက်...

နေပြည်တော်၊ ဇူလိုင် ၃၀ မိမိယာဉ်နံပါတ်ဖြင့် အခြားသူများက မသမာသောနည်းလမ်းများ အသုံးပြု၍ စက်သုံးဆီဝယ်ယူခြင်း ခံခဲ့ရသည့် ယာဉ်ပိုင်ရှင်များအတွက် စက်သုံးဆီဝယ်ယူခွင့် QR Code အသစ်ထုတ်ပေးရေး...
HomeInternationalအမေရိက၌အင်္ဂလိပ်စကားကို ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်

အမေရိက၌အင်္ဂလိပ်စကားကို ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်

အင်္ဂလိပ်ဘာသာစကားကို အမေရိကန်ပြည်ထောင်စု၏ ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်သည့် အမိန့်ကို သမ္မတ ဒေါ်နယ်ထရမ့်ပ်က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ကြောင်း အိမ်ဖြူတော်က စနေနေ့တွင် ပြောဆိုခဲ့သည်။

အဆိုပါ အမိန့်သည် ပြည်ထောင်စု အစီအစဉ်များအတွက် အပြောင်းအလဲတစ်စုံတရာ လိုအပ်မည်မဟုတ်ပါ။ သို့သော်လည်း ယင်းကြေညာချက်သည် နိုင်ငံ၏ ဘာသာစကားနှစ်မျိုးသုံးသော ပညာရေးနှင့် အမေရိကန်ပြည်ထောင်စုအတွင်းသို့ ရွှေ့ပြောင်းဝင်ရောက်မှုတို့ကို ကန့်သတ်ရန် ကြိုးပမ်းမှုများနှင့် ကာလကြာရှည် ဆက်စပ်နေသည့် အင်္ဂလိပ်ဘာသာတစ်ခုတည်း လှုပ်ရှားမှုအတွက် အကြီးမားဆုံး အောင်ပွဲတစ်ခုဖြစ်ခဲ့သည်။

အမေရိကတွင် ပြည်နယ် ၃၀ ကျော်သည် အင်္ဂလိပ်ဘာသာစကားကို ၎င်းတို့၏ ရုံးသုံးဘာသာစကားအဖြစ် ပြဌာန်းထားသည်။

“အင်္ဂလိပ်စာကို ရုံးသုံးဘာသာစကားအဖြစ် ပြဌာန်းခြင်းသည် ဆက်သွယ်မှုကို ချောမွေ့စေရုံသာမက အတူလိုက်နာစောင့်ထိန်းအပ်သော အမျိုးသားစံတန်ဖိုးများကို ခိုင်မြဲပေးပြီး ပိုမိုစည်းလုံးညီညွတ်၍ စွမ်းဆောင်ရည်ကောင်းသော လူ့အဖွဲ့အစည်းကို ဖန်တီးပေးလိမ့်မည်” ဟု အမိန့်ထုတ်ပြန်ချက်တွင် ဆိုထားသည်။

သမ္မတ အမိန့်သည် အင်္ဂလိပ်စကားပြော မဟုတ်သူများကို ဌာနဆိုင်ရာများနှင့် ပြည်ထောင်စု ရန်ပုံငွေလက်ခံဌာနများက ဘာသာစကား အကူအညီပေးရမည်ဆိုသော ကလင်တန်လက်ထက် အုပ်ချုပ်ရေးအမိန့်ကို ဖျက်သိမ်းလိုက်သော်လည်း ဌာနဆိုင်ရာများအနေဖြင့် လက်ရှိမူဝါဒများကို ဆက်ထိန်းသိမ်းရန်နှင့် အခြားဘာသာစကားပြောသူများကို စာရွက်စာတမ်းပံ့ပိုးမှုများနှင့် ဝန်ဆောင်မှုများပေးရန် ခွင့်ပြုသည်။

ပြည်တွင်း၌ အင်္ဂလိပ်စကားပြော အမေရိကန်နိုင်ငံသား လေးပုံသုံးပုံကျော် ရှိသော်လည်း နိုင်ငံတွင် စပိန်စကားပြော နိုင်ငံသား ၄၂ သန်းခန့်နှင့် တရုတ်စကားပြောသူ ၃ သန်းခန့်ရှိကြောင်း သိရသည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ အီသီယိုပီးယားနိုင်ငံသံအမတ်ကြီး ဂါရဝပြုတွေ့ဆုံ

ပြည်တွင်းပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် ငြိမ်းချမ်းရေးအတွေ့အကြုံများ အပြန်အလှန်ဖလှယ်ရေး ဆွေးနွေး နေပြည်တော်၊ ဇူလိုင် ၃၀ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် တိုကျိုမြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အီသီယိုပီးယားနိုင်ငံသံအမတ်ကြီး H.E. Mr. Daba Debele Hunde က ဇူလိုင် ၃၀ ရက် နံနက်ပိုင်းတွင် နေပြည်တော်၌ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့သည်။ တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးတက်ခိုင်မာရေး၊ အဆင့်မြင့်အရာရှိများ အပြန်အလှန်ချစ်ကြည်ရေးခရီးစဉ်များ တိုးမြှင့်ဆောင်ရွက်ရေး၊ လွှတ်တော်များအချင်းချင်း ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ပြည်တွင်းပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက်...

နိုင်ငံတော်သမ္မတ၏ အစိုးရရက် (၁၀၀) ပြည့် နိုင်ငံတော်အခြေပြ မိန့်ခွန်းကို ဇူလိုင် ၃၁ ရက်တွင် တိုက်ရိုက်ထုတ်လွှင့်မည်

နေပြည်တော်၊ ဇူလိုင် ၃၀ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ အစိုးရရက် (၁၀၀) ပြည့် နိုင်ငံတော်အခြေပြ မိန့်ခွန်းကို ၂၀၂၆ ခုနှစ် ဇူလိုင် ၃၁ ရက် နံနက် ၁၀ နာရီတွင် တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်သည်။ အဆိုပါ နိုင်ငံတော်အခြေပြ မိန့်ခွန်းကို MRTV-HD၊ MRTV-News၊ MRTV-Parliament၊ MRTV-Farmers'၊ MWD-HD၊ MWD-Variety ရုပ်သံလိုင်းများနှင့် FM ရေဒီယိုမှ တစ်နိုင်ငံလုံးရှိ ပြည်သူများထံ တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတ၏ ယခုမိန့်ခွန်းသည် အစိုးရတာဝန်ထမ်းဆောင်သည့် ရက် (၁၀၀)...

လျှပ်စစ်မီတာ အသစ်များကို website မှတဆင့် ဩဂုတ် (၁၅) ရက်တွင် စတင်လျှောက်ထားနိုင်မည်

ရန်ကုန်၊ ဇူလိုင် ၃၀ လျှပ်စစ်ဓာတ်အား သုံးစွဲလိုသော်လည်း မီတာမရှိသေးသည့် မိဘပြည်သူများအတွက် လျှပ်စစ်မီတာအသစ်များကို လာမည့် ဩဂုတ် (၁၅) ရက်နေ့မှ စတင်၍ လျှောက်ထားနိုင်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ အိမ်သုံးမီတာများအပြင် စီးပွားရေးနှင့် စက်မှုလုပ်ငန်းသုံး လျှပ်စစ်မီတာအသစ်များကိုပါ လျှောက်ထားနိုင်မည်ဖြစ်သည်။ နိုင်ငံတော်ထံမှ ငှားရမ်းအသုံးပြုရာတွင် မီတာများ လျှင်မြန်စွာ ရရှိနိုင်ရေး၊ ပွဲစားများနှင့် ဝန်ထမ်းများ၏ ပါဝင်ပတ်သက်မှုမရှိဘဲ အချိန်နှင့် စရိတ်စက သက်သာစေရန်အတွက် Website မှတစ်ဆင့် ရုံးချုပ်သို့ တိုက်ရိုက်လျှောက်ထားနိုင်မည် ဖြစ်သည်။ ထို့ပြင် လျှပ်စစ်ဓာတ်အားဆိုင်ရာ အခြေခံအဆောက်အအုံများအား စဉ်ဆက်မပြတ် ထိန်းသိမ်းခြင်းနှင့် အဆင့်မြှင့်တင်ခြင်းတို့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071