ဝါရှင်တန်၊ဇန်နဝါရီ ၃၀
ခရီးသည်တင်လေယာဉ်နဲ့ စစ်ရဟတ်ယာဉ်တို-က်မိသည့် အမေရိကလေယာဉ်မတော်တဆမှု၏ ေ-သဆုံးသူများထဲတွင် တရုတ်နိုင်ငံသားနှစ်ဦးပါဝင်ခဲ့သည်ဟု အမေရိကန်ပြည်ထောင်စုရှိ တရုတ်သံရုံးကပြောကြားခဲ့သည်။
ေ-သဆုံးသူများ၏ မိသားစုဝင်များနှင့်ထပ်တူ ဝမ်းနည်းစိတ်မကောင်းဖြစ်ရပါကြောင်းလည်း တရုတ်သံရုံးအာဏာပိုင်များက သတင်းထုတ်ပြန်ကြေငြာခဲ့သည်။
ယင်းနောက် တရုတ်သံရုံးက အမေရိကအနေဖြင့် ဖြစ်စဥ်အသေးစိတ်အချက်အလက်များကို အတည်ပြုပြီး တရုတ်ဘက်သို့ တရားဝင်အကြောင်းကြားပေးရန်နှင့် နောက်ဆက်တွဲကိစ္စများကို ဖြေရှင်းရာတွင် ေ-သဆုံးသူများ၏မိသားစုများကို အကူအညီပေးရန်လည်းတောင်းဆိုထားသည်။
ယခုအခါ အမေရိကခရီးသည်တင်လေယာဉ်၏ black box များကိုပြန်လည်တွေ့ရှိပြီဖြစ်သဖြင့် ဖြစ်စဉ်အသေးစိတ်ကို သတင်းထုတ်ပြန်နိုင်တော့မည်ဖြစ်သည်။
အဆိုပါလေယာဉ်မတော်တဆမှုသည် ခရီးသည် ၆၀ ဦးနှင့်အမှုထမ်း ၄ ဦးပါဝင်သည့် အမေရိကခရီးသည်တင်လေယာဉ်နှင့် အမေရိ ကန်တပ်သား ၃ ဦးတို့ပါဝင်သည့် အမေရိကန်စစ်တပ်ရဟတ်ယာဉ်တစ်စီးတို့တို-က်မိခဲ့ခြင်းလည်းဖြစ်သည်။
ကြာသပတေးနေ့က အိမ်ဖြူတော်မှာ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပ်က အဆိုပါလေယာဉ်မတော်တဆမှုတွင် အသက်ရှင်ကျန်ရစ်သူမရှိကြောင်းအတည်ပြုခဲ့သည်။
Source : ရှင်းဟွာ