Wednesday, April 15, 2026

အမေရိကန်၏ ပိတ်ဆို့အရေးယူမှု ခံထားရသော တရုတ်ကုန်တင်သင်္ဘောတစ်စီးအပါအဝင်...

အီရန်ဆိပ်ကမ်းများသို့ ဆိုက်ကပ်မည့် သင်္ဘောများကို အမေရိကန်က စတင်ပိတ်ဆို့သည့် ပထမဆုံးနေ့တွင်ပင် အမေရိကန်၏ အရေးယူမှုခံထားရသော တရုတ်ကုန်တင်သင်္ဘောတစ်စီးနှင့် အခြားသင်္ဘောတစ်စီးအပါအဝင် အနည်းဆုံး သင်္ဘောသုံးစီးသည် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့်...

ဟူသီတို့ရန်မှလွတ်ရန် အမေရိကန်လေယာဉ်တင်သင်္ဘောအုပ်စု အာဖရိကတိုက်ကိုပတ်၍ ခုတ်မောင်းနေရ

အမေရိကန်အစိုးရက ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့လိုက်ပြီးနောက် အာရပ်ပင်လယ်အတွင်း အင်အားတိုးချဲ့မည်ဆိုသည့် အမေရိကန်လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စုတစ်စုသည် ဟူသီတို့၏ တိုက်ခိုက်မှုမှလွတ်ရန် အာဖရိကတိုက်ကို တောင်ပိုင်းမှပတ်၍ ခုတ်မောင်းနေရကြောင်း တနင်္လာနေ့ထုတ်ပြန်ချက်အရ...

GPS မလိုသော သိုရီယမ်နာရီအတွက် တရုတ်ထုတ်...

ဧပြီလ ၁၁ ရက် ရှင်ကျန်း မှ သိပ္ပံပညာရှင်များသည် အနာဂတ်တွင် အသုံးပြုမည့် သိုရီယမ် နျူကလီးယားနာရီ များအတွက် လိုအပ်သည့် ခရမ်းလွန်ရောင်ခြည်ကို ထုတ်လွှတ်ပေးနိုင်သော...

ဂျပန်က အရေးပါသော စစ်ရေးလေ့ကျင့်မှုများတွင် ပါဝင်

ဧပြီလ ၁၁ ရက် အမေရိက-ဖိလစ်ပိုင် နှစ်ပတ်လည် စစ်ရေးလေ့ကျင့်မှုများတွင် ဂျပန်နိုင်ငံ ပါဝင်လာခြင်းသည် “အလွန်အရေးပါသော ကိစ္စရပ်” တစ်ခုဖြစ်ကြောင်း လေ့လာဆန်းစစ်သူများက ဆိုကြသည်။ အဘယ်ကြောင့်ဆိုသော်...
HomeNewsLocal Newsအမိနိုင်ငံတော်၏ အရိပ်အာဝါသအောက်တွင် အတူတကွပေါင်းစည်းနေထိုင်ကြသူများဖြစ်၍...

အမိနိုင်ငံတော်၏ အရိပ်အာဝါသအောက်တွင် အတူတကွပေါင်းစည်းနေထိုင်ကြသူများဖြစ်၍ နိုင်ငံ တော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်သွေးတစ် သားတည်းတစ်စိတ်တစ်ဝမ်းတည်းဖြင့် အတူတ ကွလက်တွဲ ကြိုးပမ်းဆောင်ရွက်ရမည်

အမိနိုင်ငံတော်၏ အရိပ်အာဝါသအောက်တွင် အတူတကွပေါင်းစည်းနေထိုင်ကြသူများဖြစ်၍ နိုင်ငံ တော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်သွေးတစ် သားတည်းတစ်စိတ်တစ်ဝမ်းတည်းဖြင့် အတူတ ကွလက်တွဲ ကြိုးပမ်းဆောင်ရွက်ရမည်

နစက ဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သြဂုတ် ၂၂ ရက်(ယနေ့) နံနက်ပိုင်းတွင် ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးအဖွဲ့ချုပ်(PNLO)၊လားဟူဒီမိုကရက်တစ်အ စည်းအရုံး(LDU)နှင့်ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)တို့မှ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့များအား နေပြည်တော်၌လက်ခံတွေ့ဆုံစဥ် ဆွေး နွေးပြောကြားခဲ့ခြင်းဖြစ်သည်။

စစ်မှန်သည့် ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေး၊ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်အား အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို နိုင်ငံရေးမျှော် မှန်းချက်အဖြစ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ဒေသနှင့်တိုင်းရင်းသားအကျိုးကို တရားဥပဒေနှင့်အညီ တောင်းဆိုဆွေးနွေးနိုင်ရန် တိုင်းရင်း သားကိုယ်စားလှယ်များအနေဖြင့် နိုင်ငံရေးစင် မြင့်၌ ယခုထက် ပိုမိုပါဝင်လာရန်လိုအပ်သည်ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် အနာဂတ်၌ တိုင်းရင်းသားများ နိုင်ငံရေးစင်မြင့်ပေါ်သို့ရောက်ရှိလာစေရန် ကြိုတင်ပြင် ဆင်ဆောင်ရွက်သင့်သည်များနှင့်အစိုးရအနေ ဖြင့် ကူညီဆောင်ရွက်ပေးနိုင်မည့် အခြေအနေများအပြင် လွှတ်တော်အတွင်း တိုင်းရင်းသားများနှင့်လူထုလူတန်းစားအလွှာများကို ကိုယ်စားပြုသူ များ ကျယ်ပြန့်စွာပါဝင်လာရန် ဆောင်ရွက်ရာ၌ နိုင်ငံရေးပါတီအမျိုးအစားအလိုက် ဆောင်ရွက်နိုင်မည့် အခြေအနေများကိုလည်း ဆွေးနွေးပြောကြားခဲ့သည်။

“အမိနိုင်ငံတော်တည်းဟူတဲ့ အရိပ်အာဝါသ အောက်မှာ အတူတကွပေါင်းစည်းနေထိုင်ကြသူတွေဖြစ်တာကြောင့် ပြည်ထောင်စုဖွား တိုင်းရင်းသားတွေအနေနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆိုရက် တစ်သွေး တစ်သားတည်း တစ်စိတ်တစ်ဝမ်းတည်းနဲ့ စိတ်တူကိုယ်တူ သဘောထားတူညီစွာနဲ့ အတူတကွလက်တွဲ ကြိုးပမ်းဆောင်ရွက်သွားဖို့လိုအပ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

အလားတူ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) နှင့်တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သ ဘောတူစာချုပ်(NCA)တို့အားအခြေခံ၍ ငြိမ်း ချမ်းရေးလမ်းကြောင်းအား ဆက်လက်ဖော်ဆောင်သွားမည်ဟု နစက ဥက္ကဋ္ဌကဆွေးနွေးပြောကြားခဲ့သည်။

ထို့ပြင် နစက အနေဖြင့် နိုင်ငံတော်တာဝန်များထမ်းဆောင်နေချိန်တွင် တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး တိုင်းရင်းသားဒေသ များအနေဖြင့်လည်း ယင်းအခွင့်အရေးအား အမိအရ ရယူ၍အပြည့်အဝအသုံးချကာ ဒေသဖွံ့ဖြိုးတိုးတက်ရေးအား ကြိုးပမ်းဆောင်ရွက်စေလိုသည်ဟု နစက ဥက္ကဋ္ဌကပြောသည်။

“တူညီတဲ့ သဘောထားအမြင်တွေ ရရှိစေဖို့ကို ဆွေးနွေးအဖြေရှာပြီး ဒေသကတဆင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအထိ ညီညီညွတ်ညွတ်နဲ့ ကြိုး ပမ်းဆောင်ရွက်သွားဖို့ လိုအပ်ပါတယ် တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စွာနဲ့ကြိုးပမ်းဆောင်ရွက်သွားရင် ဖွံ့ဖြိုးတိုးတက်တဲ့ အနာဂတ်ပြည်ထောင်စုနိုင်ငံတော်ကြီးကို ဖော်ဆောင်သွားနိုင်မှာပါ”ဟု နစက ဥက္ကဋ္ဌကပြောသည်။

 

ထို့ကြောင့် ယခု ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးမှုပြီးလျှင် ရရှိလာသည့် သဘောထားဆန္ဒများအလပေါ် မူတည်၍ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများ၊ရှေ့ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်သွားနိုင်မည့် နိုင်ငံရေးလမ်း ကြောင်းပုံစံအတွက် ကြိုတင်သဘောတူညီမှုများ ရယူခြင်း၊ညှိနှိုင်းခြင်းများအား အချိန်ယူ၍ အသေးစိတ်ဆောင်ရွက်သွားရမည်ဟု ပြောသည်။

 

အလားတူ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)ဥက္ကဋ္ဌခွန်သူရိန်၊ လားဟူဒီမိုက ရက်တစ်အစည်းအရုံး(LDU)ဥက္ကဋ္ဌကျာဆော်လမွန်၊ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ဒု-ဥက္ကဋ္ဌဒေါ်စောမြရာဇာလင်းနှင့်အဖွဲ့ဝင်များကလည်း ပြန်လည်ဆွေးနွေးတင်ပြခဲ့ကြသည်။

 

ဆွေးနွေးပွဲသို့ နစက ဥက္ကဋ္ဌနှင့်အတူ နစက ဒု-ဥက္ကဋ္ဌ၊ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ နစက အဖွဲ့ဝင်များဖြစ်သည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ဒု-ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ဒု-ဗိုလ်ချုပ်ကြီးရာပြည့် တို့တက်ရောက်ခဲ့ကြသည်။

 

အလားတူ PNLO ဥက္ကဋ္ဌ ခွန်သူရိန်၊ဒု-ဥက္ကဋ္ဌ ခွန်ထွန်းတင်၊ LDU ဥက္ကဋ္ဌကျာဆော်လမွန်၊အထွေ ထွေအတွင်းရေးမှူးကျာယာကုတ်၊ ALP ဒု-ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်ခိုင်စိုးမြ တို့လည်းတက်ရောက်ဆွေးနွေးခဲ့ကြသည်။

အဆိုပါ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၊အမျိုး သားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီတို့နှင့်ငြိမ်းချမ်းရေးဆွေးနွေးမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမေရိကန်၏ ပိတ်ဆို့အရေးယူမှု ခံထားရသော တရုတ်ကုန်တင်သင်္ဘောတစ်စီးအပါအဝင် အနည်းဆုံး သင်္ဘောသုံးစီး ဟော်မုဇ်ရေလက်ကြားမှ ဖြတ်သန်းသွား

အီရန်ဆိပ်ကမ်းများသို့ ဆိုက်ကပ်မည့် သင်္ဘောများကို အမေရိကန်က စတင်ပိတ်ဆို့သည့် ပထမဆုံးနေ့တွင်ပင် အမေရိကန်၏ အရေးယူမှုခံထားရသော တရုတ်ကုန်တင်သင်္ဘောတစ်စီးနှင့် အခြားသင်္ဘောတစ်စီးအပါအဝင် အနည်းဆုံး သင်္ဘောသုံးစီးသည် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ပင်လယ်ကွေ့အတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း သိရသည်။ Rich Starry ဟု အမည်ရသော တရုတ်သင်္ဘောသည် အမေရိကန်၏ ပိတ်ဆို့မှုစတင်ပြီးကတည်းက ရေလက်ကြားကို ပထမဆုံးအကြိမ် ဖြတ်ကျော်ကာ ပင်လယ်ကွေ့အတွင်းမှ ထွက်ခွာနိုင်ခဲ့သည့် သင်္ဘောဖြစ်ကြောင်း LSEG၊ MarineTraffic နှင့် Kpler တို့၏ အချက်အလက်များတွင် ဖော်ပြထားသည်။ အဆိုပါသင်္ဘောနှင့် ၎င်း၏ပိုင်ရှင်ဖြစ်သော Shanghai Xuanrun Shipping...

ဟူသီတို့ရန်မှလွတ်ရန် အမေရိကန်လေယာဉ်တင်သင်္ဘောအုပ်စု အာဖရိကတိုက်ကိုပတ်၍ ခုတ်မောင်းနေရ

အမေရိကန်အစိုးရက ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့လိုက်ပြီးနောက် အာရပ်ပင်လယ်အတွင်း အင်အားတိုးချဲ့မည်ဆိုသည့် အမေရိကန်လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စုတစ်စုသည် ဟူသီတို့၏ တိုက်ခိုက်မှုမှလွတ်ရန် အာဖရိကတိုက်ကို တောင်ပိုင်းမှပတ်၍ ခုတ်မောင်းနေရကြောင်း တနင်္လာနေ့ထုတ်ပြန်ချက်အရ သိရသည်။ လေယာဉ်တင်သင်္ဘော USS George H.W. Bush နှင့် ၎င်း၏ အရန်စစ်သင်္ဘောများဖြစ်ကြသော USS Donald Cook (DDG-75)၊ USS Mason (DDG-87) နှင့် USS Ross (DDG-71) တို့ ပါဝင်သော စစ်သင်္ဘောအုပ်စုသည် မြေထဲပင်လယ်လမ်းကြောင်းကို ရှောင်ရှား၍ အာဖရိကတိုက်ကို တစ်ပတ်ပတ်ကာ...

GPS မလိုသော သိုရီယမ်နာရီအတွက် တရုတ်ထုတ် ‘ခရစ်စတယ်’ က လမ်းသစ်စထွင်

ဧပြီလ ၁၁ ရက် ရှင်ကျန်း မှ သိပ္ပံပညာရှင်များသည် အနာဂတ်တွင် အသုံးပြုမည့် သိုရီယမ် နျူကလီးယားနာရီ များအတွက် လိုအပ်သည့် ခရမ်းလွန်ရောင်ခြည်ကို ထုတ်လွှတ်ပေးနိုင်သော ကမ္ဘာ့ပထမဆုံး ခရစ်စတယ်ကို ဖန်တီးနိုင်ခဲ့ပြီ ဖြစ်သည်။ အဆိုပါနည်းပညာသည် နောင်တစ်ချိန်တွင် ရေငုပ်သင်္ဘောများနှင့် အာကာသအနက်ပိုင်း စူးစမ်းရှာဖွေရေးယာဉ်များကို GPS မပါဘဲ လမ်းညွှန်ပေးနိုင်မည် ဖြစ်သည်။ ဖလိုရင်းပါဝင်သော ဘိုရိတ်ဒြပ်ပေါင်းသည် လေဆာရောင်ခြည်၏ လှိုင်းအလျားကို စံချိန်တင်အဆင့်ဖြစ်သော ၁၄၅.၂ နာနိုမီတာ အထိ ရောက်ရှိစေနိုင်ကြောင်း ဇန်နဝါရီလထုတ် Advanced Materials ဂျာနယ်တွင် အဖွဲ့က...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071