(Unicode)
အဖေခေါ်စရာမရှိတော့ဘူးဆိုပြီး ဝမ်းနည်းကြေကွဲစရာစကားပြောလာခဲ့တဲ့အကယ်ဒမီ ဝါဝါဝင်းရွှေ
အကယ်ဒမီ ဝါဝါဝင်းရွှေက မိဘနဲ့တကိုင်းတည်းထားခဲ့သူဆရာသခင်ဘဘဗိုလ်ကလေးတင့်အောင် ကွယ်လွန်ခဲ့တာ နဲ့ပတ်သတ်ပြီးဝမ်းနည်းကြေကွဲရကြောင်းအခုလို ရေးသားခဲ့ပါတယ်။
“မိဘ နှင့်တကိုင်းထည်းထားခဲ့တဲ့ဆရာသခင် ကျေးဇူးရှင်ခုတော့ နေလည်းပျောက် ညအမှောင်ရောက်ခဲ့ရပါပြီ။ဆရာရေဖော်မပြနိုင်တဲ့ဝမ်းနည်း ကြေကွဲမှုတွေ ရင်မှာပိုက်ရပါပြီ။ဆရာ့အိမ်ရဲ့ ဧည့်ခန်းကြီးထဲက တခုထဲသော ပန်းချီကား ဆရာ အချစ်ဆုံး ဆိုတဲ့သမီးနောက်ထပ်ကန်တော့ရမဲ့ မွေးနေ့တွေမရှိတော့ပါဘူး။ဆရာချစ်တဲ့ မြတ်နိုးတဲ့ အနုပညာလောကကြီးကိုခုတော့ စွန့်သွားပြီလားဆရာရယ် အဖေခေါ်စရာမရှိတော့ပါဘူးဆရာရေ
ဆရာမြင့်မြတ်တဲ့ဘုံဘဝ ကနေသမီးငိုရှိုက်သံကိုကြားနိုင်ပါစေ” လို့ အကယ်ဒမီများရှင် ဝါဝါဝင်းရွှေက လက်ရှိအသုံးပြုနေတဲ့ လူမှုကွန်ယက်စာမျက်နှာမှာရေးသားခဲ့ပါတယ်။
ရုပ်ရှင်ဂီတပြဇာတ်မှာ နှစ်ပေါင်းများစွာအောင်မြင်လာခဲ့တဲ့ စွယ်စုံရအနုပညာရှင်ကြီးဖြစ်တဲ့ ဘဘစည်သူဘိုကလေးတင့်အောင်က ဗမာ့လွတ်လပ်ရေးတပ်မတော်တွင် ပါဝင်ခဲ့သူ တပ်မတော်သားတစ်ဦး ဖြစ်ခဲ့ပြီး မြန်မာ့ ရုပ်ရှင်တစ်သက်တာ ထူးချွန်ဆုရ ရုပ်ရှင်ဒါရိုက်တာ၊ ဂီတစာဆို၊ ဇာတ်ညွှန်းရေးဆရာတစ်ဦး ဖြစ်ပြီး အမျိုးသား စာပေဆုရ စာရေးဆရာတစ်ဦးလည်းဖြစ်ပါတယ်။
(Zawgyi)
အေဖေခၚစရာမရွိေတာ့ဘူးဆိုၿပီး ဝမ္းနည္းေၾကကြဲစရာစကားေျပာလာခဲ့တဲ့အကယ္ဒမီ ဝါဝါဝင္းေ႐ႊ
အကယ္ဒမီ ဝါဝါဝင္းေ႐ႊက မိဘနဲ႔တကိုင္းတည္းထားခဲ့သူဆရာသခင္ဘဘဗိုလ္ကေလးတင့္ေအာင္ ကြယ္လြန္ခဲ့တာ နဲ႔ပတ္သတ္ၿပီးဝမ္းနည္းေၾကကြဲရေၾကာင္းအခုလို ေရးသားခဲ့ပါတယ္။
“မိဘ ႏွင့္တကိုင္းထည္းထားခဲ့တဲ့ဆရာသခင္ ေက်းဇူးရွင္ခုေတာ့ ေနလည္းေပ်ာက္ ညအေမွာင္ေရာက္ခဲ့ရပါၿပီ။ဆရာေရေဖာ္မျပႏိုင္တဲ့ဝမ္းနည္း ေၾကကြဲမႈေတြ ရင္မွာပိုက္ရပါၿပီ။ဆရာ့အိမ္ရဲ႕ ဧည့္ခန္းႀကီးထဲက တခုထဲေသာ ပန္းခ်ီကား ဆရာ အခ်စ္ဆုံး ဆိုတဲ့သမီးေနာက္ထပ္ကန္ေတာ့ရမဲ့ ေမြးေန႔ေတြမရွိေတာ့ပါဘူး။ဆရာခ်စ္တဲ့ ျမတ္ႏိုးတဲ့ အႏုပညာေလာကႀကီးကိုခုေတာ့ စြန္႔သြားၿပီလားဆရာရယ္ အေဖေခၚစရာမရွိေတာ့ပါဘူးဆရာေရ
ဆရာျမင့္ျမတ္တဲ့ဘုံဘဝ ကေနသမီးငိုရႈိက္သံကိုၾကားႏိုင္ပါေစ” လို႔ အကယ္ဒမီမ်ားရွင္ ဝါဝါဝင္းေ႐ႊက လက္ရွိအသုံးျပဳေနတဲ့ လူမႈကြန္ယက္စာမ်က္ႏွာမွာေရးသားခဲ့ပါတယ္။
႐ုပ္ရွင္ဂီတျပဇာတ္မွာ ႏွစ္ေပါင္းမ်ားစြာေအာင္ျမင္လာခဲ့တဲ့ စြယ္စုံရအႏုပညာရွင္ႀကီးျဖစ္တဲ့ ဘဘစည္သူဘိုကေလးတင့္ေအာင္က ဗမာ့လြတ္လပ္ေရးတပ္မေတာ္တြင္ ပါဝင္ခဲ့သူ တပ္မေတာ္သားတစ္ဦး ျဖစ္ခဲ့ၿပီး ျမန္မာ့ ႐ုပ္ရွင္တစ္သက္တာ ထူးခြၽန္ဆုရ ႐ုပ္ရွင္ဒါ႐ိုက္တာ၊ ဂီတစာဆို၊ ဇာတ္ၫႊန္းေရးဆရာတစ္ဦး ျဖစ္ၿပီး အမ်ိဳးသား စာေပဆုရ စာေရးဆရာတစ္ဦးလည္းျဖစ္ပါတယ္။