Looking for something?

Explore the website

Looking for something?

Wednesday, June 11, 2025

ငလျင်ဒဏ်သင့်ခဲ့သည့် ကောင်းမှုတော်စေတီတော်မြတ်ကြီးအား မူလလက်ရာအတိုင်းပြန်လည်ပြင်ဆင်ရန် နစက...

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ကောင်းမှုတော်စေတီတော်မြတ်ကြီးအား မူလလက်ရာအတိုင်းပြန်လည်ပြင်ဆင်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇွန် ၁၀ ရက်က စစ်ကိုင်းမြို့ရှိ...

ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ကြားနိုင်ရေးအတွက်စည်းရုံးဆောင်ရွက်ရန် နစက ဥက္ကဋ္ဌမှာကြား

လူသားအရင်းအမြစ်ကောင်းများရရှိစေရေးနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ငလျင်ဒဏ်သင့်ခဲ့သည့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ အ.ထ.က(၁)အား ယနေ့ ဇွန် ၁၀ ရက်ကကြည့်ရှုစစ်ဆေးစဥ်...

ငလျင်ကြောင့် ပျ-က်စီးခဲ့သည့် အင်းဝ၊ ပင်းယဒေသရှိ...

မတ် (၂၈) ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ကြီးကြောင့် ပျ-က်စီးခဲ့သည့် အင်းဝ၊ ပင်းယဒေသရှိ ရှေးဟောင်းအဆောက်အအုံများအား ပြန်လည်ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။ ဆောင်ရွက်မှုသည်...

မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်အပါအဝင် ကုမ္ပဏီနှင့် အသင်း(၆)ခုတို့က ကျန်းမာရေးဝန်ကြီးဌာနထံ...

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သည့် ကျန်းမာရေးဝန်ကြီးဌာန၏ ဆေးရုံအ ဆောက်အဦးများနှင့် ဓာတ်ခွဲခန်းများပြုပြင်ရန် မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်အပါအဝင် ကုမ္ပဏီနှင့် အသင်း(၆)ခုတို့က ကျန်းမာရေးဝန် ကြီးဌာနထံသို့ အလှူငွေများကို ဇွန်...
HomeNewsLocal Newsအပစ်ရပ်ကာလကို (၁)လထပ်မံသက်တမ်းတိုးဟု ညီနောင်မဟာမိတ်(၃)ဖွဲ့ထုတ်ပြန်

အပစ်ရပ်ကာလကို (၁)လထပ်မံသက်တမ်းတိုးဟု ညီနောင်မဟာမိတ်(၃)ဖွဲ့ထုတ်ပြန်

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် တိုက်တာအဆောက်အအုံများရှင်းလင်းရန်နှင့် လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန်တို့အတွက် တစ်ဖက်သတ်အပစ်ရပ်ကာလအား (၁)လထပ်မံသက်တမ်းထပ်တိုးသည်ဟု ညီနောင်မဟာမိတ် (၃) ဖွဲ့မှ မေ ၁ ရက်ကထုတ်ပြန်ခဲ့သည်။

ညီနောင်မဟာမိတ်(၃)ဖွဲ့ဖြစ်သော MNTJP/ MNDAA , PSLF/TNLA , ULA/AA တို့မှ တိုက်တာအဆောက်အအုံများရှင်းလင်းရန်နှင့် လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန် အချိန်ထပ်မံလိုအပ်သဖြင့် တစ်ဖက်သတ် အပစ်ရက်ကာလအား မေ ၁ ရက်မှ ၃၁ ရက်အထိ သက်တမ်းတိုးခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ကြေညာချိန်မှစ၍ ညီနောင်မဟာမိတ်(၃) ဖွဲ့သည် တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာများတွင် မိမိကိုယ်မိမိ ခုခံကာကွယ်သော တုံ့ပြန်မှုမျိုးမှလွဲ၍ မိမိတို့ဘက်မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမျိုး ပြုလုပ်မည်မဟုတ်ကြောင်းလည်း ထုတ်ပြန်ချက်၌ ရေးသားထားသည်။

မန္တလေးငလျင်ကြီးလှုပ်ခတ်ပြီးချိန်တွင် ပျက်စီးသွားသည့် လူနေတိုက်တာအဆောက်အအုံများ၊ သာသနိကအဆောက်အအုံများနှင့် သမိုင်းဝင်အမွေအနှစ်များကိုရှင်းလင်းဖယ်ရှားရန်၊ ပျက်စီး အဆောက်အအုံများကြား အသက်ရှင်ကျန်ရစ်နေသော လူနှင့်အိမ်မွေးတိရစ္ဆာန်များကို ရှာဖွေကယ်ဆယ်ရေးလုပ်နိုင်ရန်တို့အတွက် ပထမအကြိမ်အဖြစ် တစ်ဖက်သတ် အပစ်ရပ်ကာလကို ဧပြီ ၁ ရက်မှ ၃၀ ရက်အထိအဖြစ်သတ်မှတ်ကြောင်း ထုတ်ပြန်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငလျင်ဒဏ်သင့်ခဲ့သည့် ကောင်းမှုတော်စေတီတော်မြတ်ကြီးအား မူလလက်ရာအတိုင်းပြန်လည်ပြင်ဆင်ရန် နစက ဥက္ကဋ္ဌမှာကြား

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ကောင်းမှုတော်စေတီတော်မြတ်ကြီးအား မူလလက်ရာအတိုင်းပြန်လည်ပြင်ဆင်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇွန် ၁၀ ရက်က စစ်ကိုင်းမြို့ရှိ ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးမှုများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ပေးနေမှုများကိုကြည့်ရှုစစ်ဆေးစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။ နစက ဥက္ကဋ္ဌနှင့် ဇနီးတို့မှ ကောင်းမှုတော်စေတီတော်မြတ်ကြီးအား ဖူးမြှော်ကြည်ညိုပြီးနောက် ငလျင်ဒဏ်ကြောင့် ကောင်းမှုတော်စေတီတော်မြတ်ကြီးအတွင်းပိုင်း၊ အပြင်ပိုင်းနှင့် စောင်းတန်းများ၊ သာသနိကအဆောက်အဦများ၌ ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့မှု၊ အပျက်အစီးများဖယ်ရှားရှင်းလင်းထားမှု၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုတို့ကိုကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် နစက ဥက္ကဋ္ဌမှ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများကို မူလလက်ရာအတိုင်းပြန်လည်ပြင်ဆင်ရန်၊ မေတ္တာကန်ပတ်လည်၌ အရိပ်ရပင်များကို အတန်းလိုက်၊ အကန့်လိုက် စိုက်ပျိုးရန်၊ ဘုရားစေတီများရှိစောင်းတန်းများတွင်...

ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ကြားနိုင်ရေးအတွက်စည်းရုံးဆောင်ရွက်ရန် နစက ဥက္ကဋ္ဌမှာကြား

လူသားအရင်းအမြစ်ကောင်းများရရှိစေရေးနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ငလျင်ဒဏ်သင့်ခဲ့သည့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ အ.ထ.က(၁)အား ယနေ့ ဇွန် ၁၀ ရက်ကကြည့်ရှုစစ်ဆေးစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်အနေဖြင့် ပညာရည်မြင့်မားရေးအတွက် KG + 9 အထိ အခမဲ့ပညာရေးစနစ်ဖြင့် သင်ကြားပေးလျက်ရှိကာ ပညာတတ်များဖြစ်မှသာလျင် အကောင်းအဆိုး၊ အကြောင်းအကျိုးကို ဝေဖန်ပိုင်းခြားနိုင်သည့် လူသားအရင်းအမြစ်ကောင်းများရရှိနိုင်မည်ဖြစ်ကာ ဒေသနှင့် နိုင်ငံ၏အကျိုးကိုလည်းပိုမိုဖော်ဆောင်နိုင်မည်ဟု ပြောသည်။ ထို့ကြောင့် ပညာရေးဝန်ထမ်းများအနေဖြင့် မိမိတို့တာဝန်ယူထားရသည့် သင်ကြားရေးလုပ်ငန်းတာဝန်များကိုကျေပွန်စွာထမ်းဆောင်ကြရန်၊ စာပေပညာ၊ လူမှုဆက်ဆံရေးအသိပညာများရရှိစေရေး သင်ကြားပေးရန် “အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက”ဟူသည့်အတိုင်း ကလေးငယ်များအနေဖြင့် ငယ်စဉ်ကလေးဘဝကပင်...

ငလျင်ကြောင့် ပျ-က်စီးခဲ့သည့် အင်းဝ၊ ပင်းယဒေသရှိ ရှေးဟောင်းအဆောက်အအုံများအား ပြန်လည်ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေ

မတ် (၂၈) ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ကြီးကြောင့် ပျ-က်စီးခဲ့သည့် အင်းဝ၊ ပင်းယဒေသရှိ ရှေးဟောင်းအဆောက်အအုံများအား ပြန်လည်ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။ ဆောင်ရွက်မှုသည် တောင်ပေါ်သာ ဘုရားဝင်းရှိ (ဘုရားအမှ တ်- 310၊ 312) နှစ်ဆူ၊ စန္ဒာမုနိဘုရားကြီး ၊ဒေါ်ဂျမ်းစုဘုရားဝင်း၊ သစ္စာတိုက်ဘုရား၊ ဆုထူးပန်ဘုရား၊ ခဲသင်ဘုရားဝင်း၊ လောကထိပ်ဦးဘုရား၊ ရွှေစည်းခုံဘုရား၊ သက်တော်ရသက်တော်ရှည်အနီး ဘုရားငယ်များ၊ ကျောက်တော်ကြီး ဘုရားသုံးဆူ၊ တောင်တွင်းဘုရား၊ ပင်းယဂူကြီး(၃)လုံး တို့ဖြစ်ကြသည်။ လက်ရှိတွင် အင်းဝဒေသရှိ ငလျင်ဒဏ်ကြောင့် ထိခို-က်ပျ-က် စီးခဲ့သော ထိခို-က်ပျ-က်စီးခဲ့သော...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071