Sunday, July 13, 2025

ငါးသယံဇာတတိုးပွားစေရန် ရေဆင်းဆည်ထဲကို ငါးမျိုး(၁)သိန်းစိုက်ထည့်

ငါးသယံဇာတများတိုးပွားစေရန် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများမှ ယနေ့ ဇူလိုင် ၁၂ ရက်ညနေပိုင်းက နေပြည်တော်၊ ဇေယျာသီရိမြို့ နယ်ရှိ ရေဆင်းဆည်အတွင်းသို့ ငါးမျိုး...

စင်ကာပူ တာတိုဖလား ကနူး /...

စင်ကာပူနိုင်ငံတွင် ယနေ့ ဇူလိုင် ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပ‌နေသော‌ စင်ကာပူ တာတိုဖလား ကနူး / ကယက်...

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးပါက ကူညီရန် မိတ်ဖွဲ့အဖွဲ့အစည်းများဖြင့်...

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးရေ လျှံဖြစ်ပွားပါက ကူညီကယ်ဆယ်နိုင်ရန် မိတ်ဖွဲ့ အဖွဲ့အစည်းများဖြင့် စုဖွဲ့ပြင်ဆင်ထားရှိကြောင်းနှင့် လိုအပ်မည့် ကယ် ဆယ်ရေးသုံးစက်လှေများကိုလည်း အဆင်သင့် ပြင်ဆင်ထားပြီဖြစ်ကြောင်း တောင်ငူအခြေစိုက်လူမှုကယ်ဆယ်ရေးတာဝန်ခံတစ်ဦးက...

ရလဒ်များကို သင်ခန်းစာယူ၍ လာမည့်ပြိုင်ပွဲများ၌ အကောင်းဆုံးကြိုးစားသွားရန်...

ပြီးခဲ့သည့် ပြိုင်ပွဲများတွင် ကြုံတွေ့ခဲ့သည့် ရလဒ်ဆိုးများကို သင်ခန်းစာယူ၍ လာမည့်ပြိုင်ပွဲများ၌ အကောင်းဆုံးယှဉ် ပြိုင်ကြိုးစားသွားရန် အမျိုးသမီးဘောလုံး ကော်မတီဥက္ကဌ ဒေါ် ခင်စံပယ်ကြည် က...
HomeDhammaDhamma Thoughtsအနန္တောအနန္တ (၅)ပါးနဲ့ ပရိသတ်ကိုကန်တော့ပြီးမှဇာတ်ကလေ့ရှိတဲ့ဝင်းနောင်

အနန္တောအနန္တ (၅)ပါးနဲ့ ပရိသတ်ကိုကန်တော့ပြီးမှဇာတ်ကလေ့ရှိတဲ့ဝင်းနောင်

win-naung-2-copy

ဘာသာရေးနဲ့ ပတ်သက်လို့ အနုပညာ ရှင်တွေ နေ့စဉ်လုပ်ဆောင်လေ့ရှိတဲ့ ဘာသာရေးအကြောင်းအရာများကို အပတ်စဉ်ဖော်ပြလေ့ရှိခဲ့ပါတယ်။ ဒါကြောင့် အခုတစ်ပတ်မှာလည်း အောင်မြင်ကျော်ကြားတဲ့ ဇာတ် မင်းသားတစ်ဦးဖြစ်တဲ့ ဝင်း နောင်ရဲ့ ဘာသာရေး သက် ဝင်ယုံကြည်မှုနဲ့ နေ့စဉ်ပြုလုပ် လေ့ရှိတဲ့ ဘာသာရေးလုပ် ဆောင်မှုများကို ပရိသတ် တွေသိရှိစေနိုင်ဖို့အတွက် မေးမြန်းဖော်ပြပေးလိုက် ရပါတယ်။

အနန္တောအနန္တ (၅) ပါးနဲ့ ပရိသတ်ကို ကန်တော့

ကျွန်တော်ပွဲသွားခါနီး ဆိုရင်အိမ် မှာ အနန္တောအနန္တ (၅) ပါးကို ကန်တော့ တယ်။ ပြီးရင် ပရိသတ်ကို ကန်တော့တယ်။ အဲဒီတော့ အနန္တောအနန္တ (၆) ပါးဖြစ် သွားတယ်။ ပြီးရင်မေမေ့ကိုကန်တော့တယ်။ မေမေ့ကိုကန် တော့ပြီး ကျွန်တော်ကားပေါ်တက်လိုက် တာနဲ့ ဇာတ်ခုံပေါ်မရောက်မချင်း သရဏဂုံ တည်တယ်။ ဇာတ်ကိုရာက်ရင် ဇာတ်ခုံပေါ် တက်ပြီဆိုတာနဲ့ သရဏဂုံထပ်တည်တယ်။ ပြီး တော့ ကျွန်တော့် အဝတ်လဲခန်းထဲ ရောက်တာနဲ့ နေ့စဉ်ပြု လုပ် နေကျဖြစ်တဲ့ မြတ် စွာဘုရားကို ရေလှူတယ်။ ရေလှူရတဲ့အကျိုးအားကြောင့် ကျွန်တော့် ဇာတ် ပွဲလာ ကြည့်သူတွေ၊ လာမကြည့်သူတွေ၊ အနန္တစကြဝဠာမှာရှိတဲ့ လူနတ်သတ္တဝါ အပေါင်း ဘေးအန္တရာယ်ကင်းရှင်းပြီးတော့ ထာဝရအေးချမ်းသာယာကြပါစေလို့ ဆုတောင်း တယ်။ ဒါကတော့ ကျွန်တော်နေ့စဉ် ပြုလုပ်တာ တွေပါ။

ခင်ပွန်းကြီး (၁ဝ) ပါး မပြစ်မှား ဖို့ပဲ အရေး ကြီး တယ်

ကျွန်တော် ခရီးသွားတိုင်း နမောတဿ ၃ ကြိမ်ရွတ် တယ်။ ပြီးရင်သရဏဂုံတည်တယ်။ သမ္မုဒ္ဓေ အမြဲရွတ်တယ်။ ဒါကတော့ ဇာတ်ပွဲ မစခင်တစ်ကြိမ်၊ ဇာတ်ပွဲပြီးရင် တစ်ကြိမ် ရွတ်တယ်။ ကျွန်တော်နဲ့ အတူ ကျွန်တော့်အဖွဲ့သားတွေ လည်း ရွတ်တယ်။ ကျွန်တော်ကတဲ့ ဇာတ်ထုပ်တွေကအစ ဘာသာရေး အော်ပရာေ တွ ဖြစ် တယ်။ ကျွန်တော်က သမိုင်း တွေဘာတွေ မကဘူး။ ဘုရားဟော ဒေသနာတော်တွေပဲ ကတာများတယ်။ တခြားအနုပညာရှင်တွေကပဲ ကျွန်တော့် ဇာတ်ထဲကို   ပြောင်းလာပြောင်း လာ၊ ကျွန်တော့် အထဲကပဲ တခြားအနုပညာအဖွဲ့ကိုပြောင်းသွားပြောင်းသွား ကျွန်တော် တို့ နေ့စဉ်လုပ်နေတဲ့ ဘာသာရေးကတော့   ပြောင်းမသွားပါဘူး။ ဘုရားကန်တော့ရမယ်၊ ကြီးသူကိုရိုသေ၊ ငယ်သူကိုလေးစားရမယ်။ ကျွန်တော့် ဇာတ်ထဲမှာ စည်းကမ်းရယ်လို့ သတ်မှတ်မထားဘူး။ ဘာသာရေးနဲ့ပဲ ကျွန်တော်ထိန်းချုပ်ထားတယ်။ ခင်ပွန်းကြီး(၁ဝ)ပါး မပြစ်မှားဖို့ပဲ အရေးကြီးတယ်။

ယုံယုံကြည်ကြည်နဲ့ ဘာသာရေးကို လုပ်ရမယ်

ကျွန်တော်တို့ သဘင်သမား တွေအတွက် ကတော့အနန္တောအနန္တ(၅)ပါးပြီးရင် ပရိသတ် ပါပဲ။ အဲဒီတော့ အနန္တောအနန္တ (၆)ပါးပေါ့။ အဲဒါကတော့ ကျွန်တော်တို့ ယုံကြည်တယ်။ ယုံကြည်မှုဟာ စွမ်းအား တစ်ခုဖြစ်ပါတယ်။ ပရိသတ်အပေါ်မှာ ယုံယုံကြည်ကြည်နဲ့ ကပြဖျော်ဖြေနေရင်း ကိုယ့်လုပ်ငန်းကို လုပ်နေမယ်ဆိုရင် ဘယ် တော့မှ မတိမ်ကောဘူး။ ဘဝမှာ ဂုဏ်သိက္ခာရှိရှိနဲ့ ရပ်တည်နေနိုင်တယ်။ အတိတ်က ပြုလုပ်တဲ့ ကံကတော့ ကိုယ်လည်း မသိဘူးလေ။ ကောင်းတာတွေ လုပ်နေရမှာ တော့ ကိုယ့်တာဝန်ပဲ။ ငါတို့ လည်း ကြိုးစားတာပဲ။ ဒါပေမဲ့ မောင်ဖြူလောက် တော့ နာမည်မကြီးဘူး ကွာဆိုပြီး စိတ် ဓာတ် ကျစရာမလိုဘူး။ ကံကံ၏အကျိုးကို ယုံကြည်ထားရင် ဒါကိုလက်ခံရမယ်။ အောင် မြင်တာ၊ မအောင်မြင်တာ ကျွန်တော်တို့ အပိုင်း မဟုတ်ပါ ဘူး။

  ဗုဒ္ဓဘာသာဖြစ်တဲ့ အတွက် အလုပ် လုပ်ရမှာ က ကျွန်တော် တို့အပိုင်းပဲ။ ဘာမျှော်လင့်ချက်မှမပါဘဲ ယုံယုံကြည်ကြည်နဲ့ ဘာသာ ရေးကို လုပ်ရမှာပါ။ “ငါတို့ဘာ သာရေးလည်း လုပ်တယ်၊ အလုပ် လည်း ကြိုးစားပေမယ့် အဆင်မ ပြေဘူးလို့” ညည်းကြတယ်။ အဲဒါ အတိတ်က ဘာတွေ လုပ်ခဲ့မှန်းမှ မသိတာ။ မျှော်လင့်ချက်နဲ့ ဘာသာ ရေးကို မလုပ်သင့်ပါဘူး။ တကယ့်ကို ယုံယုံကြည်ကြည်နဲ့လုပ်ရမှာပါ။

လင်းအက္ခရာ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071