Friday, November 7, 2025

မြန်မာနိုင်ငံနှင့် UNOPS ကြားလက်ရှိပူးပေါင်းဆောင်ရွက်နေမှုများကိုဆွေးနွေး

မြန်မာနိုင်ငံနှင့် UNOPS ကြားလက်ရှိပူးပေါင်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် ဗန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး(UNOPS) ၏ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာရုံး၊ ညွှန်ကြားရေးမှူး Mr. Sanjay Mathur...

ဝန်ကြီးဌာန(၃)ခုအတွက် ဒု-ဝန်ကြီးများခန့်အပ်တာဝန်ပေး

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံးမှ ယ နေ့ နိုဝင်ဘာ ၆ ရက်က အမိန့်အမှတ် ၄၈ /၂၀၂၅ ဖြင့် ဝန်ကြီးဌာန(၃)ခုအတွက် ဒု-ဝန်ကြီးများကို ခန့်အပ်တာဝန်ပေးခဲ့ကြောင်း...

ပဲခူးတန်ဆောင်တိုင်ပွဲတော် ပထမနေ့တွင် နေ့အရုပ်မီးပုံးပျံ (၇)...

ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ရွှေမော်ဓောဘုရား၏ ယာဥ်ရပ်နားဝင်းအတွင်း၌ ယနေ့ နိုဝင်ဘာ ၆ ရက်မှစတင်ကျင်းပသည့် တန်ဆောင်တိုင်ပွဲတော် (ပထမနေ့) ညနေ ၄ နာရီတွင်...

ကံတလူတိုးဂိတ်အနီးတွင် ယာဥ်တို-က်မှုဖြစ် (၁)ဦးဒ-ဏ်ရာရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ ကံတလူတိုးဂိတ်အနီးတွင် ယနေ့ နိုဝင်ဘာ ၆ ရက်နေ့လည် ၃ နာရီကျော်ခန့်က ယာဥ်တို-က်မှုဖြစ်ပွားခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့ထံမှ သိရသည်။ စစ်ကိုင်းမြို့နယ်၊ မုံရွာ-မန္တလေးသွားကားလမ်းမကြီး၏...
HomeNewsLocal Newsအနာဂတ်မျိုးဆက်သစ်လူငယ်များအတွက် အခြေခံကောင်း၊ အမွေခံကောင်းများထားခဲ့နိုင်ရန်...

အနာဂတ်မျိုးဆက်သစ်လူငယ်များအတွက် အခြေခံကောင်း၊ အမွေခံကောင်းများထားခဲ့နိုင်ရန် ကြိုးစားရမည်

အနာဂတ်မျိုးဆက်သစ်လူငယ်များအတွက် အခြေခံကောင်း၊ အမွေခံကောင်းများထားခဲ့နိုင်ရန် ကြိုးစားရမည်ဟု မြန်မာနိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

မြန်မာနိုင်ငံတော် ယာယီသမ္မတမှ ယနေ့ အောက်တိုဘာ ၁၃ ရက်နံနက်ပိုင်းကကျင်းပသည့် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၏ ဆုချီးမြှင့်ပွဲသို့တက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာလူမျိုးများသည် ကိုယ်ပိုင်အမျိုးသားရေးစရို-က်လက္ခဏာများ၊ အဆင့်အတန်းမြင့်မားသည့် ကိုယ်ပိုင်အမျိုးသားယဥ်ကျေးမှုများ၊ နက်ရှိုင်းသိမ်မွေ့သည့် ယဥ်ကျေးမှုဓလေ့စရိုက်နှင့် အတွေးအခေါ်အယူအဆများ၊ လူမှုကျင့်ဝတ်စည်းကမ်းများ၏ ဂုဏ်ကျေးဇူးများကြောင့် သမိုင်းအစဥ်အဆက်တွင် ကျက်သရေရှိရှိ ရပ်တည်ထွန်းပြောင်နိုင်ခဲ့သည့် အစဥ်အလာကောင်းများရှိထားပြီးဖြစ်သည်ဟု ပြောသည်။

” မိမိတို့အနေနဲ့ ကောင်းမွန်တဲ့အတိတ်အစဥ်အလာကောင်းတွေ၊ ကောင်းမွေတွေကို တည်တံ့တိုးပွားအောင်ထိန်းသိမ်းမြှင့်တင်ရင်း ပစ္စပ္ပာန်ကာလရဲ့ အခွင့်အလမ်းကောင်းတွေနဲ့ပေါင်းစပ်ပြီး အနာဂတ်မျိုးဆက်သစ်လူငယ်တွေအတွက် အခြေခံကောင်း အမွေခံကောင်းတွေထားခဲ့နိုင်ဖို့ကြိုးစားကြရပါမယ်။ ဒါဟာ မိမိတို့ရဲ့ အမျိုးသားရေးတာဝန်ဖြစ်ပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

မျက်မှောက်ခေတ်တွင် နိုင်ငံသူ၊ နိုင်ငံသားများဖြစ်သည့် မိမိတို့အားလုံး၏ ပုခုံးပေါ်သို့ရောက်ရှိလာပြီဖြစ်ရာ အထူးသဖြင့် ဦးနှောက်နှင့် နှလုံးသားတွေးခေါ်မြှော်မြင်မှုနှင့် စိတ်ဓာတ်တို့ကို မှန်ကန်သည့်လမ်းကြောင်းပေါ်၌ တစ်ပေါင်းတစ်စည်းတည်းဖြစ်ထွန်းလာစေရန် စေ့ဆော်ပေးနိုင်သည့် မြန်မာ့အနုပညာစွမ်းအားကို တန်ဖိုးရှိထိရောက်စွာအသုံးချရမည်ဟု ပြောသည်။

ထိုသို့ အသုံးချပြီး တိုင်းပြည်နှင့် လူမျိုးကြီးပွားတိုးတက်ရေး၊ ပြည်ထောင်စုကြီးအဓွန့်ရှည်တည်တံ့ခိုင်မြဲရေးတို့အတွက် ပြည်သူများက တစ်စိတ်တစ်ဝှမ်းတည်း စိတ်တူကိုယ်တူပူးပေါင်းကာ အနုပညာစွမ်းပကားဖြင့် ကြိုးစားဆောင်ရွက်ပေးကြရန်လည်း ယာယီသမ္မတက တိုက်တွန်းပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာနိုင်ငံနှင့် UNOPS ကြားလက်ရှိပူးပေါင်းဆောင်ရွက်နေမှုများကိုဆွေးနွေး

မြန်မာနိုင်ငံနှင့် UNOPS ကြားလက်ရှိပူးပေါင်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် ဗန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး(UNOPS) ၏ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာရုံး၊ ညွှန်ကြားရေးမှူး Mr. Sanjay Mathur တို့ဆွေးနွေးခဲ့ကြသည်။ ၎င်းတို့နှစ်ဦးသည် ယနေ့ နိုဝင်ဘာ ၆ ရက်နံနက် ၁၀ နာရီ ၄၅ မိနစ်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနရုံး၌ တွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ UNOPS ၏ မြန်မာနိုင်ငံဆိုင်ရာညွှန်ကြားရေးမှူးနှင့် ကိုယ်စားလှယ် Ms. Sara Austin Netzer တို့တက်ရောက်ခဲ့ကြသည်။ 

ဝန်ကြီးဌာန(၃)ခုအတွက် ဒု-ဝန်ကြီးများခန့်အပ်တာဝန်ပေး

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံးမှ ယ နေ့ နိုဝင်ဘာ ၆ ရက်က အမိန့်အမှတ် ၄၈ /၂၀၂၅ ဖြင့် ဝန်ကြီးဌာန(၃)ခုအတွက် ဒု-ဝန်ကြီးများကို ခန့်အပ်တာဝန်ပေးခဲ့ကြောင်း သိရသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇၊ ပုဒ်မခွဲ(ခ)အရ ဗိုလ် ချုပ်အောင်မျိုးသန့်အား ကာကွယ်ရေးဝန်ကြီးဌာန၊ ဦးသန့်စင်လွင်အား ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဦးသိုက်စိုးအား သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့၏ ဒု-ဝန်ကြီးများအဖြစ်ခန့်အပ်တာဝန်ပေးခဲ့ကြောင်း သိရသည်။

ပဲခူးတန်ဆောင်တိုင်ပွဲတော် ပထမနေ့တွင် နေ့အရုပ်မီးပုံးပျံ (၇) ခုလွှတ်တင်ပူဇော်

ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ရွှေမော်ဓောဘုရား၏ ယာဥ်ရပ်နားဝင်းအတွင်း၌ ယနေ့ နိုဝင်ဘာ ၆ ရက်မှစတင်ကျင်းပသည့် တန်ဆောင်တိုင်ပွဲတော် (ပထမနေ့) ညနေ ၄ နာရီတွင် နေ့အရုပ်မီးပုံးပျံများကို လွှတ်တင်ပူဇော်ခဲ့ကြသည်။ နွား၊ သိန်းငှက်၊ ကြက်၊ ဆင်၊ ငန်း၊ ဘဲ စသည့်နေ့အရုပ်မီးပုံးပျံ (၇) ခုအားလွှတ်တင်ပူဇော်ခဲ့ကြပြီး ညပိုင်းတွင်လည်း မီးစင်္ကြာလှည့်လည်ပူဇော်ပွဲ၊ တန်ဆောင်တိုင်ဖွင့်ပွဲ၊ မီးပုံးပျံအကြီး၊ အသေးလွှတ်တင်ပူဇော်ခြင်းနှင့် တေးသံရှင်များ၏ သီဆိုဖျော်ဖြေမှုများဖြင့်ကျင်းပလျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071