ရန်ကုန်မြို့ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးနှင့် သင်္ဃန်းကျွန်းပြည်သူ့ဆေး ရုံကြီးတို့မှ ပါမောက္ခနှင့် အထူးကုဆရာ ဝန်ကြီး (၁၂) ဦး ပါဝင်သော အဖွဲ့သည် ဇွန်လ (၁၃) ရက်နှင့် (၁၄) ရက်တို့တွင် ပြည်မြို့သို့ ကွင်းဆင်း၍ ဒေသခံပြည်သူများကို အခမဲ့ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။
ယခု ကွင်းဆင်းကုသမှုတွင် ပြည်မြို့နယ်သာမက ပဲခူးတိုင်းဒေသကြီးနှင့် မကွေး တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း (၁၆) မြို့နယ်မှ လာရောက်ပြသသည့် ပြည်သူများကိုပါ ကုသပေးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
အဆိုပါ နှစ်ရက်တာကာလအတွင်းအထူးကုအဖွဲ့အနေဖြင့်အထွေထွေရောဂါလူနာ (၄၅၆) ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါလူနာ (၂၃၉) ဦး၊ နှလုံးရောဂါဆိုင် ရာလူနာ (၂၂၄)ဦး၊ဦးနှောက်နှင့်အာရုံ ကြော (ဆေးကု/ခွဲစိတ်) လူနာ (၂၃၄) ဦး
အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါလူနာ (၂၀၁) ဦး၊ ဆီးချိုနှင့် ဟော် မုန်းရောဂါလူနာ (၁၉၂) ဦး၊ဆီးနှင့်ကျောက်ကပ်ရောဂါဆိုင်ရာလူနာ (၁၁၅) ဦး၊ရင်ခေါင်း၊ ကင်ဆာနှင့် အခြားရောဂါလူနာ (၆၅) ဦးတို့ကို စမ်းသပ်ကုသပေးခဲ့ကြောင်းသိရသည်။
ထိုအပြင်ဆေးကုသပေးရုံသာမက တိကျ သော ရောဂါရှာဖွေမှုများရရှိစေရန် ခေတ် မီစက်ကိရိယာများဖြင့်ပါ တစ်ပါတည်း စစ်ဆေးပေးခဲ့ပြီး အထူးအစီအစဉ်အနေ ဖြင့် နားဝေဒနာရှင် (၃၃) ဦးကိုလည်း နားကြားကိရိယာများ အခမဲ့ တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူများ ဆေးကုသမှုအတွက် စိုက်ထုတ်ကုန်ကျစရိတ် လျော့နည်းစေရန်နှင့် ရော ဂါများကို အချိန်မီစောစီးစွာ သိရှိကုသနိုင်ရန်ရည်ရွယ်၍ ယခုကဲ့သို့ကွင်းဆင်းကုသမှုများကို ဆောင်ရွက်နေခြင်း ဖြစ် သည်။
ပြီးခဲ့သည့် မေလကုန်ပိုင်းကလည်း ပုသိမ်မြို့ပြည်သူ့ဆေးရုံကြီးတွင် လူနာပေါင်း (၈၀၀) ကျော်ကို ကုသပေးခဲ့ပြီးဖြစ်ကာ ယခုကဲ့သို့ အထူးကုကွင်းဆင်းကုသမှု အစီအစဉ်များကို အခြားမြို့များသို့လည်း စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။