မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်အားဖြည့်ဆည်းပေးနိုင်မည့် အဏုမြူစွမ်းအင်အသုံးပြုနိုင်ရန် လျှပ်စစ်ဓာတ်အားပေးစက်ရုံအတွက် လုံခြုံသည့်နေရာများကို ဆက်လက်ရွေးချယ်သွားမည်ဟု နိုင်ငံတော်လုံ ခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
မြန်မာနိုင်ငံ၏ ပထမဦးဆုံးအဏုမြူစွမ်းအင်အသုံးပြုနိုင်ရန် လျှပ်စစ်ဓာတ်အားပေးစက်ရုံအတွက် လုံခြုံသည့်နေရာများကို ဆက်လက်ရွေးချယ်သွားမည်ဖြစ်ကာ အဏုမြူစွမ်းအင်သည် လုံခြုံမှုရှိသောစွမ်းအင်ဖြစ်ပြီး တည်ငြိမ်သောလျှပ်စစ်ကိုပေးနိုင်သည်ဟု ပြောသည်။
” မြန်မာနိုင်ငံတိုးတက်ဖို့ဆိုရင် လျှပ်စစ်စွမ်းအားက ဘယ်လောက်ထိလိုတယ်ဆိုတာကို အားလုံးကသိပြီးဖြစ်ပါလိမ့်မယ်။ လျှပ်စစ်စွမ်းအားလိုတဲ့နေရာမှာ တည် ငြိမ်တဲ့လျှပ်စစ်စွမ်းအင်ရရှိဖို့ အရေးကြီးပါတယ်။ ဥပ မာ- ဆိုလာကနေလျှပ်စစ်ရမယ်။ လေကနေလျှပ်စစ်ရမယ်။ ရေအားလျှပ်စစ်၊ သဘာဝဓာတ်ငွေ့၊ စက်တွေကနေလျှပ်စစ်စွမ်းအင်တွေရမယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ထို့ကြောင့် လျှပ်စစ်စွမ်းအင်အား နိုင်ငံတစ်နိုင်ငံတွင် အမျိုးစုံပေါင်းစပ်ဆောင်ရွက်ရခြင်းဖြစ်ပြီး အဏုမြူစွမ်းအင်အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် အစပိုင်း၌ရင်းနှီးမြှုပ်နှံမှုကြီးမည်ဖြစ်သော်လည်း နောက်ပိုင်းတွင် တည်ငြိမ်သည့်လျှပ်စစ်စွမ်းအားနှင့်ဖွံ့ ဖြိုးတိုးတက်မှုကိုရစေနိုင်သည်ဟု ပြောသည်။
ထိုသို့ ဆောင်ရွက်ခြင်းဖြင့် နျူးကလီးယားစွမ်းအင်အား မြန်မာနိုင်ငံအနေဖြင့်ထိတွေ့လာပြီး ယင်း စွမ်းအင်နှင့်ပတ်သက်၍ သုတေသနပြုမှုများ၊ ဆေးဝါးဆိုင်ရာသုတေသန၊ ကျန် သုတေသနများအားလုံးကိုဆောင် ရွက်နိုင်မည်ဖြစ်ရာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်လုပ်ဆောင်ရမည့် စွမ်းအင်တစ်ခုဖြစ်သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။
