Friday, May 23, 2025

တယ်လီဂရမ်ကို ပိတ်ပင်ရန် ဗီယက်နမ်အစိုးရ ညွှန်ကြား

အက်ပ်အသုံးပြုသူများက ကျူးလွန်သော ရာဇဝတ်မှုများကို တိုက်ဖျက်ရာတွင် ပူးပေါင်းဆောင်ရွက်ခြင်း မရှိသောကြောင့် စာတိုပို့ အက်ပလီကေးရှင်း တယ်လီဂရမ်ကို ပိတ်ပင်ရန် ဆက်သွယ်ရေးဝန်ဆောင်မှုပေးသူများကို ဗီယက်နမ်နည်းပညာဝန်ကြီးဌာနက ညွှန်ကြားထားသည်ဟု...

မန္တလေးရှိ ငလျင်ဒဏ်သင့် ပြည်သူများသို့ သဲဖြူမဟာမြိုင်တောရ...

ငလျင်ဒဏ်သင့် မန္တလေးမြို့သို့ သဲဖြူမဟာမြိုင်တောရ ဆရာတော်ဘုရားကြီးနှင့် တပည့်သာဝကများအဖွဲ့မှ သွားရောက်၍ ငလျင်ဘေးသင့်ပြည်သူများအတွက် လှူဒါန်းမှုများ ပြုလုပ်သည်။ ဆရာတော် ဘုရားကြီးသည် ယနေ့ မေ(၂၃) ရက်တွင်...

ဂါဇာရှိ ဆေးရုံများ၏ အနည်းဆုံး ၉၄%...

ဂါဇာကမ်းမြှောင်ရှိ ဆေးရုံများအားလုံး၏ အနည်းဆုံး ၉၄% သည် ပျ-က်စီးသွားခြင်း သို့မဟုတ် ဖျ-က်ဆီးခံထားရပြီး ပါလက်စတိုင်းထိန်းချုပ်နယ်မြေ မြောက်ပိုင်းရှိ ပြည်သူများသည် မည်သည့်ဆေးဝါးကုသမှုမှ လက်ခံရရှိရန်...

ငလျင်သင့်ဒေသ မသန်စွမ်းသူ (၂၀၀) ကျော်ကို...

မန္တလေးနှင့် စစ်ကိုင်းမြို့များအတွင်းရှိ ငလျင်ဒဏ်သင့် မသန်စွမ်းအိမ်ထောင်စု (၂၁၀) အတွက် ယနေ့ မေ(၂၃)ရက်နှင့် မေလ(၂၄)ရက်တို့ ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)က ထောက်ပံ့ကူညီမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့်...
HomeEntertainmentအဆိုတော် ဇော်ဝင်းထွဋ်ရဲ့ အဘိုးဖြစ်သူ...

အဆိုတော် ဇော်ဝင်းထွဋ်ရဲ့ အဘိုးဖြစ်သူ ဂန္ထဝင် ဂီတ စာဆိုတော်ကြီး ရွှေတိုင်ညွန့်ရဲ့တေးသီချင်းများကို ပြန်လည် ခံစားသီဆိုပွဲ

 

ဂန္ထဝင်ဂီတစာဆိုတော်ကြီး ဦးရွှေတိုင်ညွန့်ရဲ့ တေးသီချင်းများကို ပြန်လည်ခံစားသီဆိုကြတဲ့ သီချင်း ဆိုပွဲကို ဇန်နဝါရီလ ၇ ရရက်နေ့က Yangon Gallery (People’s Park) မှာကျင်းပပြုလုပ်ခဲ့ပါတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ ဂန္ထဝင်ဂီ တစာဆိုတော်ကြီး ဦးရွှေတိုင်ညွန့်မှာ ထားရဲ့ဖခင်ကြီးဖြစ်ပြီး အဆိုတော်ဇော်ဝင်းထွဋ် ရဲ့အဘိုးဖြစ် သူလည်းဖြစ်ပါတယ်။ ဒီသီချင်းဆိုပွဲကို ဦးရွှေတိုင်ညွန့်ရဲ့ မိသားစု ဝင်များ၊ စာရေးဆရာများနဲ့ Bagan FM တို့ကဦးဆောင် ကျင်းပခြင်း ဖြစ်ပြီး ဂန္ထဝင်ဂီတစာ ဆိုတော်ကြီး ဦးရွှေတိုင်ညွန့်ရဲ့ တေး သီးချင်း များကိုလည်း နာမည်ကြီးအဆိုတော်များနဲ့ စာရေးဆရာများ ကသီဆိုဖျော်ဖြေခဲ့ကြပါတယ်။

ဂန္ထဝင်ဂီတစာဆိုတော်ကြီး ဦးရွှေ တိုင်ညွန့်ရဲ့ သမီးဖြစ်သလို အဆိုတော် ဇော်ဝင်းထွဋ်ရဲ့ မိခင်တစ်ဦး လည်းဖြစ်တဲ့မြန်မာသံဂန္ထဝင်တေးရှင်ကြီးထားက ဒီပွဲပြုလုပ်ရခြင်း ရဲ့ရည်ရွယ်ချက် နဲ့ သူမရဲ့ခံစားမှုတချို့ကိုလည်း ခုလို ==ဒီပွဲလေးကိုလုပ်ဖြစ်ခဲ့တာက တော့ အဓိကအဖေရဲ့သီချင်းတွေကို စာရေးဆရာတွေကိုဆိုစေချင်တာ ပေါ့နော်။ စာရေးဆရာတွရဲ့ အမြင် တွေ၊ စာရေးဆရာတွေရဲ့ အာဘော် တွေကို လိုချင်လို ဒီပွဲကိုကျင်းပရ ခြင်းလည်းဖြစ်ပါတယ်။ ကိုယ့်အဖေ ရဲ့သီချင်းတွေကို ပြန်လည်ကြားဆင်လိုက် ရတဲ့အချိန်မှာ အမေထားရဲ့ခံစားမှု ကတော့ ပြောစရာမလိုပါဘူး။ ကိုယ့်အဖေရဲ့ သီချင်းတွေကိုအာလုံး က မြတ် မြတ်နိုးနိုးနဲ့သီဆိုနေကြတာတွေကြားတော့ အမေထားအနေနဲ့ တအားလည်း ပီတိဖြစ်ရပါတယ်။ အလွန်လည်း ကျေနပ်တယ်။ တအားလည်းပျော်ပါတယ်။ အမေထားအနေနဲ့ အဖေဆီက အားကျအတုယူရတွေကတော့ ပြောပြလိုမဆုံးပါဘူး။ အများကြီးပါပဲ။ အဖေက အမေထား ၅နှစ်သမီးလောက်ကတည်းက ဆုံးပါး သွားတဲ့ အတွက် အဖေနဲ့ပတ်သက်ပြီး အမှတ်တရတွေအများကြီးမရှိခဲ့ပေ မယ့်အဖေ့ဆီကပညာပါရမီတွေအမွေရခဲ့ပါတယ်” လို့ပြောပြ ခဲ့ပါ တယ်။

အဆိုတော် ဇော်ဝင်းထွဋ်ကလည်း အဘိုးဖြစ်သူရဲ့ သီချင်းတွေ ကို ပြန်လည်သီဆိုကြတဲ့အပေါ်ဂီတအနုပညာ မျိုးဆက်တစ် ယောက်အနေနဲ့ ခံစားမှုတချို့ကိုလည် အမှန်တိုင်းပြောရရင် အဘိုးက ကျွန်တော်တို့ကို ခုချိန်ထိလုပ်ကျွေးနေသလိုပါပဲ။ ဥပမာ ပြောရရင် နဂါးနီလို သီချင်းမျိုးသူ ရေးခဲ့တာပေါ့နော်။ နှစ်ပေါင်း၅ဝ လောက် ကြာသွားရင်တောင်လူတွေက ဒီသီချင်းတစ်ပုဒ်ကို သီဆိုနေ ကြတုန်းဆိုတော့ ဘယ်လိုဖန်တီးခဲ့ လည်း ဆိုတာတွေပေါ့။ ခံစားမှု တွေနဲ့အဓိပ္ပာယ်ရှိရှိရေးသားခဲ့လိုလည်း ခုလိုကြာကြာခံ တယ်လိုမြင် ပါတယ်။ အဲ့ဒါကြောင့်လဲ အဘိုးရဲ့မြေးတစ်ယောက်ဖြစ်ရတဲ့ အတွက် အချိန်ပြည့်ဂုဏ်ယူရပါတယ်” လို့ အဆိုတော်ဇော်ဝင်း ထွဋ်က ပြောပြခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071