#Zawgyi
အဆိုေတာ္အဲလက္စ္ရဲ့ သမီးျဖစ္တဲ့ ဒိုရာအဲလက္စ္ဟာ ဆြစ္ဇာလန္နိုင္ငံမွာ ေက်ာင္းသြားတက္ရင္း ကိုဗစ္ေရာဂါကူးစက္ခံစားေနရပါတယ္။ အခုလက္ရွိမွာ သူမရဲ့အေဆာင္ကေန ေက်ာင္းကသတ္မွတ္ထားတဲ့ ေနရာကို ေျပာင္းေရႊ႕ေနထိုင္ေနၿပီး ေရာဂါကူးစက္ခံထားရတဲ့အတြက္ ဘယ္သူနဲ႔မွ ဆက္သြယ္လို႔မရဘဲ တစ္ေယာက္ထဲ ေနထိုင္ေနရပါတယ္။ သူမခံစားေနရတဲ့ေဝဒနာကိုေတာ့ ဒိုရာအဲလက္စ္က “ညဘက္အိပ္ရင္ အသက္ရႈလို႔မရဘူး။ ၂နာရီတစ္ခါေလာက္နိုးတယ္။ အသက္ရႈၾကပ္ေနတာေတာ့ မဟုတ္ဘူး။ အနံ့နဲ႔ အရသာလည္းေပ်ာက္သြားတယ္၊ ေက်ာင္းသားေတြနဲ႔ ေဝးတဲ့ေနရာမွာ ကြာရာတင္းလုပ္ေနပါတယ္။” လို႔ေျပာပါတယ္။
သူငယ္ခ်င္းေတြအားလုံးကလည္း သူမနဲ႔ထိေတြ႕ခဲ့တဲ့အတြက္ quarantine ဝင္ေနၾကတာေၾကာင့္ ကူညီေပးမယ့္သူ႔သိပ္မရွိဘဲ အခန္းေဖာ္တစ္ဦးကသာ negative ျဖစ္တဲ့အတြက္ သူမလိုအပ္တာေတြကို ကူညီေပးေနပါတယ္။ အစားအစာ စားခ်င္စိတ္မရွိေနေပမယ့္လည္း ေရာဂါတိုက္ထုတ္နိုင္ဖို႔အတြက္ ႀကိဳးစားၿပီး စားေသာက္ေနထိုင္ေနပါတယ္။
ျမန္မာနိုင္ငံမွာရွိတဲ့ မိသားစုကို ေျပာျပလိုက္တဲ့အခါမွာ မိဘေတြက စိတ္ပူၾကေပမယ့္ သူမထိတ္လန႔္ေနမွာမ်ိဳးေတြျဖစ္မွာစိုးတာေၾကာင့္ စိတ္ပူပင္တာမ်ိဳး အရမ္းမျပၾကဘူးလို႔ ဆိုပါတယ္။ သူမကို အျမန္ေနေကာင္းဖို႔ ဆုေတာင္းေပးၾကတဲ့သူေတြကိုလည္း ေက်းဇူးတင္မိၿပီး သူ႔အတြက္ အားျဖစ္ေစပါတယ္လို႔ ဆိုပါတယ္။
#Unicode
အဆိုတော်အဲလက်စ်ရဲ့ သမီးဖြစ်တဲ့ ဒိုရာအဲလက်စ်ဟာ ဆွစ်ဇာလန်နိုင်ငံမှာ ကျောင်းသွားတက်ရင်း ကိုဗစ်ရောဂါကူးစက်ခံစားနေရပါတယ်။ အခုလက်ရှိမှာ သူမရဲ့အဆောင်ကနေ ကျောင်းကသတ်မှတ်ထားတဲ့ နေရာကို ပြောင်းရွှေ့နေထိုင်နေပြီး ရောဂါကူးစက်ခံထားရတဲ့အတွက် ဘယ်သူနဲ့မှ ဆက်သွယ်လို့မရဘဲ တစ်ယောက်ထဲ နေထိုင်နေရပါတယ်။ သူမခံစားနေရတဲ့ဝေဒနာကိုတော့ ဒိုရာအဲလက်စ်က “ညဘက်အိပ်ရင် အသက်ရှုလို့မရဘူး။ ၂နာရီတစ်ခါလောက်နိုးတယ်။ အသက်ရှုကြပ်နေတာတော့ မဟုတ်ဘူး။ အနံ့နဲ့ အရသာလည်းပျောက်သွားတယ်၊ ကျောင်းသားတွေနဲ့ ဝေးတဲ့နေရာမှာ ကွာရာတင်းလုပ်နေပါတယ်။” လို့ပြောပါတယ်။
သူငယ်ချင်းတွေအားလုံးကလည်း သူမနဲ့ထိတွေ့ခဲ့တဲ့အတွက် quarantine ဝင်နေကြတာကြောင့် ကူညီပေးမယ့်သူ့သိပ်မရှိဘဲ အခန်းဖော်တစ်ဦးကသာ negative ဖြစ်တဲ့အတွက် သူမလိုအပ်တာတွေကို ကူညီပေးနေပါတယ်။ အစားအစာ စားချင်စိတ်မရှိနေပေမယ့်လည်း ရောဂါတိုက်ထုတ်နိုင်ဖို့အတွက် ကြိုးစားပြီး စားသောက်နေထိုင်နေပါတယ်။
မြန်မာနိုင်ငံမှာရှိတဲ့ မိသားစုကို ပြောပြလိုက်တဲ့အခါမှာ မိဘတွေက စိတ်ပူကြပေမယ့် သူမထိတ်လန့်နေမှာမျိုးတွေဖြစ်မှာစိုးတာကြောင့် စိတ်ပူပင်တာမျိုး အရမ်းမပြကြဘူးလို့ ဆိုပါတယ်။ သူမကို အမြန်နေကောင်းဖို့ ဆုတောင်းပေးကြတဲ့သူတွေကိုလည်း ကျေးဇူးတင်မိပြီး သူ့အတွက် အားဖြစ်စေပါတယ်လို့ ဆိုပါတယ်။