Friday, May 23, 2025

နိုင်ငံတစ်ဝန်းမှ မြို့နယ် (၈၀)ကျော်ရှိ ရပ်ရွာလူထုနှင့်...

နိုင်ငံတစ်ဝန်းမှ မြို့နယ် (၈၅)မြို့နယ်ရှိ ရပ်ရွာလူထုနှင့် ကလေးများအနေဖြင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများ၏ အန္တရာယ်အား သိရှိသတိပြုမိစေရန် အသိပညာပေးခြင်းအစီအစဉ်ကို မြန်မာနိုင်ငံကြက်ခြေနီအသင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ အသိပညာပေးအစီအစဉ်ကို...

ရုရှားနှင့်အကျဉ်းသားလဲလှယ်ရေးပြင်ဆင်ဆောင်ရွက်နေ–ယူကရိန်း

ကိဗ်၊မေ ၂၂ ယူကရိန်းသမ္မတဇယ်လန်းစကီးက ရုရှားနှင့် အကျဉ်းသား (၁,၀၀၀) လဲလှယ်ရန်အတွက် ပြင်ဆင်ရန်အစည်းအဝေးကျင်းပခဲ့ကြောင်း ကြာသပတေးနေ့တွင် ကြေငြာလိုက်သည်။ အဆိုပါအစည်းအဝေးအပြီး၌ ယူကရိန်းသမ္မတက ကာကွယ်ရေးဝန်ကြီးသည် မေလ ၁၆...

MNL League Cup-2025 ပြိုင်ပွဲ...

ရတနာပုံ FC အသင်းသည် MNL League Cup-2025 အုပ် စုပွဲစဉ် (၃)ပွဲကစားပြီးနောက် ရမှတ်(၉)မှတ်ဖြင့် Quarter Final အဆင့်သို့...

ကျောင်းအပ်နှံရေး သီတင်းပတ်၏ ပထမဆုံးနေ့တွင် ကျောင်းအပ်နှံသူ...

ကျောင်းအပ်နှံရေး သီတင်းပတ်၏ ပထမဆုံးနေ့ဖြစ်သည့် ယမန်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ကျောင်းအပ်နှံသူဦးရေ ၁,၂၄၈,၁၂၃ ဦးရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။ ၂၀၂၅ -၂၀၂၆...
HomeArticlesအဆင့်ဆင့်ပြောင်းလဲလာတဲ့ မြန်မာ့ရုပ်ရှင် အကယ်ဒမီနဲ့...

အဆင့်ဆင့်ပြောင်းလဲလာတဲ့ မြန်မာ့ရုပ်ရှင် အကယ်ဒမီနဲ့ မကြာခင်ရောက်လာတော့မယ့် မြန်မာ့ရုပ်ရှင် ရာပြည့်ပွဲတော်

မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့် ဖို့ ကလည်း တစ်နှစ်သာ လိုပါတော့ တယ်။ လာမယ့် ၂ဝ၂ဝ ခုနှစ် အောက်တိုဘာ ၁၃ ရက်နေ့ ရောက် ပြီဆိုရင်တော့ မြန်မာ့ရုပ်ရှင်ဟာ နှစ်တစ်ရာ တင်းတင်းပြည့်တဲ့ ရာ ပြည့်ရုပ်ရှင် ဖြစ်လာတော့မှာပါ။ ၁၉၂ဝ ခုနှစ်က စတင်ခဲ့တဲ့ မြန်မာ ရုပ်ရှင်ဟာ ခေတ်ကာလအလိုက် တစ်နှစ်တစ်နှစ် ပြောင်းလဲလာခဲ့ တယ်။ ရုပ်ရှင် ရွှေခေတ်တွေ ရှိခဲ့ တယ်။ အဲ့နောက်ပိုင်း ကြေးခေတ်လို့ တောင် တင်စားလို့မရနိုင်တော့ လောက်အောင် တစ်နှစ်မှ ဇာတ်ကား ၂ဝ ဝန်းကျင်လောက်သာ ထွက်ပေါ် ခဲ့တဲ့ နှစ်ပေါင်းများစွာကို ဖြတ်သန်း လာခဲ့ရပါသေးတယ်။ သို့သော်လည်း အဲ့အရာတွေ အားလုံး ၂ဝ၁၉ ခုနှစ်ကိုရောက်ချိန်မှာတော့ နိဋ္ဌိတံ ခဲ့ပါပြီ။ အခုကျင်းပတဲ့ ၂ဝ၁၈ ခုနှစ် အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေး ပွဲမှာ ဆိုရင် ဇာတ်ကားပေါင်း ၈၃ ကားအထိ တစ်နှစ်ပြက္ခဒိန်အတွင်း ပြသခဲ့တဲ့ ဇာတ်ကားတွေ များပြားခဲ့ပါ တယ်။ အကယ်ဒမီ ဆန်ခါတင် ထုတ် ပြန်တဲ့အခါမှာလည်း ဇာတ်ကား ပေါင်းဟာ ၂၅ ကားအထိ ကျန်ရစ် ခဲ့တဲ့ အထိပါပဲ။ ရုံတင်ဝင်ငွေတွေဟာ လည်း စံချိန်ချိုးလာတဲ့ ရုပ်ရှင်ဇာတ် ကားတွေ မြောက်များစွာ ထွက်ပေါ် လာခဲ့နေပါပြီ။

ရုပ်ရှင်လောကသားတွေ တစ်ခု သတိထားရမှာက မြန်မာရုပ်ရှင် နှစ် တစ်ရာပြည့်မှာ ဘယ်လိုပုံစံတွေနဲ့ ဖြတ်သန်းကြမလဲ ဆိုတာပါပဲ။ ဗိုလ် ချုပ်အောင်ဆန်း ရုပ်ရှင်ကိုလည်း မြန်မာ့ရုပ်ရှင်နှစ်တစ်ရာပြည့် အမီ ထွက်ရှိလာနိုင်မလားဆိုတာလည်း စိတ်ဝင်စားစရာ တစ်ခုပါ။ ပြီးတော့ ရုပ်ရှင်နဲ့ အကယ်ဒမီနဲ့ဆိုတာ အတူ တူ မွေးဖွားလာတော့ မဟုတ်သေး ဘူး။ မြန်မာ့ရုပ်ရှင်က ၁၉၂ဝ ခုနှစ် မှာ စတင်ပေါ်ပေါက်လာပြီး ရုပ်ရှင် ဇာတ်ကားတွေ ရိုက်ကူးခဲ့တယ်။ ဒါပေမယ့် ရုပ်ရှင်အကယ်ဒမီဆုတွေ ကိုတော့ မြန်မာ့ရုပ်ရှင်ပေါ်ပေါက်လာ ပြီး နှစ်ပေါင်း ၃ဝ ကျော်ကြာတဲ့အခါ မှသာ ၁၉၅၂ ခုနှစ် မှ စတင်ပြီးတော့ အကယ်ဒမီဆုကိုပေးအပ်ခဲ့တာ ဖြစ် တယ်။ ဒါတောင် တော်လှန်ရေး ကောင်စီ အစိုးရတတ်လာပြီး နောက် တစ်နှစ်လောက်က ၁၉၆၃ ခုနှစ်မှ အပ ကျန်နှစ်တွေမှာ မြန်မာ့ရုပ်ရှင် အကယ်ဒမီကို နှစ်စဉ်ချီးမြှင့်ခဲ့တယ်။ အဲ့တော့ အခု နှစ်ဆိုရင် အကယ်ဒမီ ဆုပေးပွဲကြီးကို ကျင်းပနိုင်ခဲ့တာ ၆၆ ကြိမ်မြောက်ရှိခဲ့ပြီ ဖြစ်တယ်။ အကယ် ဒမီ ဆုပထမဦးဆုံး ရခဲ့သူတွေက အဲ့ခေတ်တွေတုန်းက အင်မတန် နာမည်ကြီးတဲ့ မင်းသား ကျော်ဝင်းက မာလာရီ ဇာတ်ကားနဲ့ အကယ်ဒမီ ရခဲ့တာ ဖြစ်ပြီးတော့၊ မင်းသမီးက ကြည်ကြည်ဌေးက ချစ်သက်ဝေ ဇာတ်ကားနဲ့ အကယ်ဒမီဆုတွေကို ဈေးဦးဖောက်ခဲ့ကြတာဖြစ်တယ်။

မြန်မာ့ရုပ်ရှင်မှာ စိတ်ဝင်စား စရာဆုတစ်ဆု ဖြစ်ခဲ့တဲ့ ကလေး သရုပ်ဆောင်ဆုကိုတော့ ဖိုးပြုံးချို ဇာတ်ကားနဲ့ ကလေးသရုပ်ဆောင် ‘ဝင်းမာ’ က ရရှိခဲ့တာ ဖြစ်တယ်။ အဲ့ တုန်းကတော့ ကလေးသရုပ်ဆောင် ဆု ဆိုပြီးတော့ ပေးခဲ့ဟန်ရှိတယ်။ အခုနောက်ပိုင်းမှာတော့ အကယ်ဒမီ အထူးဆုဆိုပြီးတော့ သတ်မှတ်လာ ခဲ့ကြတယ်။ အရင်တုန်းက အကယ် ဒမီ အထူးဆုဟေ့လို့ဆိုရင် ဘယ်ရုပ် ရှင်ဇာတ်ကားတွေမှာ ကလေးသရုပ် ဆောင်တွေပါသလဲဆိုပြီးတော့ ဘယ် သူတော့ ဘယ်ကလေးတော့ ဖြစ်နိုင် တယ် ဆိုပြီးတော့ ခန့်မှန်းခဲ့ ကြတာ တွေ ရှိခဲ့တယ်။ အထူးဆု ဆိုတာနဲ့ ကလေးသရုပ်ဆောင်တွေပဲ ပြေးပြေး မြင်ကြတော့တာ။

အဲ့ဒါတွေက အခု ၂ဝ၁၉ ခုနှစ် ရောက်တော့ မှေးမှိန်သွားခဲ့ပြီ။ ၂ဝ၁၈ ခုနှစ် မြန်မာ့ရုပ်ရှင်ထူး ချွန်ဆုပေးပွဲ မတိုင်ခင်မှာပဲ အကယ် ဒမီဘုတ်အဖွဲ့ဝင်တွေက ထူးခြားစွာနဲ့ မြန်မာရုပ်ရှင်ထူးချွန်ဆုများအတွက် အကဲဖြတ်ပေးရန် စံချိန်စံညွှန်းများ နှင့် အဓိပ္ပာယ် ဖွင့်ဆိုချက်ဆိုတဲ့ အကယ်ဒမီ စာအုပ်တစ်အုပ်ကို ပြည်သူစာဖက် ပရိသတ်တွေနဲ့ စာအုပ်ဈေးကွက်အတွင်းကို ဖြန့်ချိ လိုက်တယ်။ အတော်အများက အံ့ အားသင့်ခဲ့ကြတယ်။ နှစ်ပေါင်းများ စွာ ချီးမြှင့်ခြင်းကြာခဲ့ပြီ ဖြစ်တဲ့ မြန်မာ့ရုပ်ရှင်အကယ်ဒမီမှာ အခုလို တစ်ခါမှ အကယ်ဒမီဆုတွေကိုတော့ ဘယ်ပုံဘယ်နည်းဘယ်ဟန်တွေနဲ့ အကဲဖြတ်ပေးနေပါတယ် ဆိုပြီး ထင်ထင်ရှားရှား ထုတ်ပြခဲ့တာမျိုး မရှိခဲ့ပါဘူး။ အခုတော့အရာ အားလုံး ဟာ ပွင့်လင်းမြင်သာစွာနဲ့ ဖြစ်ခဲ့ပါပြီ။

ဘာကြောင့်လည်းဆိုရင် မြန်မာ ရုပ်ရှင်လောကသားတွေဟာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကို NGO အသွင်အဖြစ် ပြီးခဲ့ ၂ဝ၁၂ ခုနှစ်က တည်းက လွဲပြောင်းရယူခဲ့တာ ဖြစ် ပါတယ်။ အဲ့နောက်ပိုင်းကတည်းက မြန်မာ့ရုပ်ရှင်တွေဟာ လည်း တစ်စ တစ်စ ပြောင်းလဲလာခဲ့သလို ဆင်ဆာ မှုဝါဒပိုင်းဆိုင်ရာတွေလည်း လျော့ ပေါ့လာခဲ့တာတွေ ရှိလာခဲ့တယ်။ ရုပ်ရှင်ရုံတင်မှု စနစ်တွေလည်း ပြောင်းလဲသွားခဲ့ပြီး ရုပ်ရှင်ဇာတ် ကားတွေဟာ များပြားစွာနဲ့ ထွက် ပေါ်လာခဲ့တယ်။ မကောင်းတဲ့ ရုပ်ရှင်ဇာတ်ကားတွေဆိုရင်လည်း ပရိသတ်တွေက လက်မခံသလို ရုပ် ရှင်ရုံပိုင်ရှင်တွေကလည်း သိပ်လက်မ ခံကြတော့ပါဘူး။ အဓိက ပြောချင် တာက ထူးခြားလာတဲ့ ပြောင်းလဲမှု တွေပါ။ ကလေးသရုပ်ဆောင် ဆုဆို တာမျိုး မရှိတော့သလို အထူးဆု ဆိုပြီးတော့ ဖြစ်လာတယ်။ ဒီနှစ် ၂ဝ၁၉ ခုနှစ်မှာ ပြောင်းလဲသတ်မှတ် လိုက်တဲ့ အထူးဆုမှာဆိုရင် ဆု ၅ ဆု အကျုံးဝင်တယ်။ ကလေး သရုပ် ဆောင်အထူးဆု၊ အထူးပြုမိတ်ကပ် အထူးဆု၊ ဝတ်စားဆင်ယင်မှုအထူးဆု၊ Visual Effect & Animation အထူးဆု၊Sound Design အထူးဆု တို့ပဲ ဖြစ်ပါတယ်။ ရုပ်ရှင်မှာအသက် မွေးနေကြတဲ့ အတတ်ပညာရှင်တွေ အတွက်လည်း အခွင့်အရေးတွေ ရလာနေပြီဖြစ်ပါတယ်။ နောက်ပိုင်း တွေမှာ အကယ်ဒမီဆုတွေ ထပ်တိုး လာမလားဆိုတာတော့ ဆက်လက် စောင့်ကြည့်ရမှာ ဖြစ်တယ်။

၂ဝ၁၈ ခုနှစ် အကယ်ဒမီ ထူးချွန်ဆု ပေးအပ်ပွဲကြီးကတော့ မတ် ၂၃ ရက်နေ့ ညပိုင်းက အောင် မြင်စည်ကား သိုက်မြိုက်စွာနဲ့ ပြီးသွား ခဲ့ပြီဖြစ်ပါတယ်။ နောက်နှစ်ရောက် ရှိလာမယ့် ၂ဝ၁၉ခုနှစ်အတွက် အကယ်ဒမီပြီးရင်တော့ ရုပ်ရှင်လော ကသားတွေဟာ မြန်မာ့ရုပ်ရှင် နှစ် တစ်ရာပြည့်ဆိုတဲ့ ရုပ်ရှင်ရာပြည့် ပွဲတော်ကြီးကို ရင်ခုန်စွာနဲ့ ဖြတ်သန်း ကြရတော့မှာ ဖြစ်ပါတယ်။ မြန်မာ့ ရုပ်ရှင်လောကသားတွေ ဘာတွေ လုပ်ပြကြမလဲဆိုတာကို စောင့်မျှော် ရင်း……………။ ။

ထက်လူ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071